Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံမြို့မှာ ရွေးကောက်ပွဲလုပ်ဖို့ စစ်တပ်က အထပ်မြင့်တွေမှာတပ်စွဲ

ဇန်နဝါရီ-၁၃၊၂၀၂၆၊ရှိန်း/ People’s Spring

မန္တလေးတိုင်း၊မြင်းခြံမြို့မှာ ‌‌‌‌‌‌‌‌‌‌‌ရွေးကောက်ပွဲပြုလုပ်မယ်ဆိုပြီး စစ်တပ်က မြို့အပြင်ဝန်းကျင်က အထပ်မြင့် အဆောက်အဦးကိုမှာ တပ်စွဲတာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဟာ လာမယ့် ဇန်နဝါရီ၂၅ ရက်မှာ ရွေးကောက်ပွဲအပိုင်း(၃)လုပ်မှာဖြစ်ပြီး မြင်းခြံမြို့လည်းပါဝင်ပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင်တော်လှန်ရေးတပ်တွေက တိုက်ခိုက်မှာစိုးရိမ်ပြီး မြင်းခြံမြို့အပြင်က နေရာ တွေ၊အထပ်မြင့်တွေမှာ အင်အားချတပ်စွဲတာတွေ ဇန်နဝါရီ ၁၂ရက်မနေ့ကစတင်ပြီး ပြုလုပ်နေတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“မြို့တွင်းမှာ စကစက ပျူနဲ့ ပေါင်းပြီး အင်အားကများတယ်။အဲတာတွေကို ပတ်ဝန်းကျင် ရွာ တွေကဘုန်းကြီးကျောင်းတွေ ပေါ်နဲ့ အထပ်မြင့် နေရာ တွေမှာတပ်စွဲတာတွေလုပ် နေတယ်။ဒီရွေး ကောက်ပွဲ မစခင်ကတည်းက ကျွန် တော်တို့အဖွဲ့ တွေက စကစကို မြို့ပေါ်မှာ ကောင်းကောင်းဒုက္ခ ပေးထားနိုင်တယ် လေ”လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီဟာ နွားထိုးကြီးနဲ့ မြင်းခြံမြိုနယ်တို့မှာ ဇန်နဝါရီ ၂၅ ရက်မှာ ရွေးကောက်ပွဲလုပ်မယ်လို့ ကြေညာပြီး နွားထိုး- မြင်းခြံလမ်းပိုင်းကို ၂၀၂၅ ဩဂုတ်ကစတင် စစ်ကြောင်းထိုးပြီးနယ် မြေရယူဖို့ ကြိုးစားနေပေမယ့် ၅လကြာတဲ့အထိ နယ်မြေမထိန်းနိုင် သေးဘူးလို့ သိရပါတယ်။

လက်တလောမှာလည်း ဒီလမ်းပိုင်းမှာ မကြာခဏတိုက်ပွဲဖြစ်နေပြီး အဲဒီမြို့နယ်နှစ်ခုကြားက ကျေးရွာ ၃၀ကျော်ကပြည်သူတွေ ရှောင်တိမ်းနေရတယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲအပိုင်း(၃)မှာ မန္တလေးတိုင်းက မြင်းခြံ၊ငါန်းဇွန်၊သပိတ်ကျင်း၊ပုသိမ်းကြီး၊ တောင်သာ၊မလှိုင်၊ မြစ်သားနဲ့ ချမ်းမြသာစည်မြို့နယ်တို့ ပါဝင်ပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲအပိုင်း(၃)ကို မြို့နယ်(၆၃)မြို့နယ်လုပ်မှာဖြစ်ပြီး တိုက်ပွဲပြန် ပြင်းထန်နေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်လည်းပါဝင်နေသလို ၂၀၂၄မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က သိမ်းပိုက်ခဲ့တဲ့ မိုးမောက်မြို့လည်းပါနေတာပါ။

(မြင်းခြံမြို့က ဆန္ဒပြပြည်သူတွေကို ပစ်ခတ်နေတဲ့ စစ်ကောင်စီရဲတွေကို ၂၀၂၁မတ်လ ၃ရက်က တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဖက်ပင်အိုင်ရွာကို ဆုံရွာက ပျူစောထီးတွေ ပစ်ခတ်ဝင်ရောက်ကာ လုယက်မှုတွေပြုလုပ်ခဲ့တာမို့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံ-တောင်သာလမ်းပိုင်းမှာ စစ်တပ် နဲ့ပျူစောထီးတွေရဲ့ ရိက္ခာပို့ယာဉ်တန်းတိုက်ခိုက်မှုအတွင်း အချုပ်ဖောက်ပြေးပြီး စစ်တပ်ထံအညံ့ခံသွားတဲ့ တော်လှန်ရေးရဲဘော်တစ်ဦးအပါအဝင် ၄ဦး နေရာတွင်သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ တိုက်ခိုက်တဲ့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

မန္တတလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်တပ်နဲ့ပျူစောထီးတွေရဲ့ ရိက္ခာပို့တဲ့ကား တိုက်ခိုက်ဖျက်ဆီးခံရပြီးနောက် မြင်းခြံမြို့နယ်အရှေ့ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မြင်းခြံမြို့နယ်ကကျေးရွာတွေကိုမီးရှို့အောင်ပွဲခံ နေတဲ့ဗီဒီယိုဖိုင်ကိုမြင်းခြံမြို့နယ်ကစစ်တပ်လက်​အောက်ခံပျူစောထီး တဦးကTikTokမှာ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မျှဝေ​အောင်ပွဲခံခဲ့ပါတယ်။