Connect with us

Hi, what are you looking for?

သတင်း

ဂျန်ဘာတပ်ပြီးလုံခြုံရေးယာဉ်နဲ့လာတဲ့ ကံမမြို့နယ်အုပ်ချုပ်ရေးမှူး ပကဖတိုက်ခိုက်လို့ သေဆုံး

ဂျန်ဘာတပ်ဆင်ပြီးလုံခြုံရေး အ​စောင့်အ​ရှောက်နဲ့ မဲရုံတွေကို လိုက်လံစစ်ဆေးနေတဲ့ ကံမမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးပါတဲ့ စစ်ကောင်စီယာဉ်​တွေကို တိုက်ခိုက်မှုအတွင်း ကံမမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဇော်မင်းနိုင်နဲ့ ယာဉ်မောင်းသေဆုံးကြောင်း ကံမမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ-၁၂၊၂၀၂၆။ရွှေပြည်စိုး/People’s Spring

ဂျန်ဘာတပ်ဆင်ပြီးလုံခြုံရေး အ​စောင့်အ​ရှောက်နဲ့ မဲရုံတွေကို လိုက်လံစစ်ဆေးနေတဲ့ ကံမမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးပါတဲ့ စစ်ကောင်စီယာဉ်​တွေကို တိုက်ခိုက်မှုအတွင်း ကံမမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဇော်မင်းနိုင်နဲ့ ယာဉ်မောင်းသေဆုံးကြောင်း ကံမမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဦးဇော်မင်းနိုင်လိုက်ပါလာတဲ့ကား အပါအဝင် Double-Cub ကား ၂စီးဂာ ဇန်နဝါရီလ၁၁ရက်နေ့က ပြုလုပ်တဲ့ရွေးကောက်ပွဲမှာမဲရုံ တွေကို လိုက်လံစစ်ဆေးနေစဉ် ပြည်-ကံမ ကားလမ်း၊ပြောင်ကျကျေးရွာနဲ့ ပယ်ကျကျေးရွာကြားမှာ တိုက်ခိုက်ခဲ့တာလို့ထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်မှုအတွင်းဦးဇော်မင်းနိုင်နဲ့သူ့ယာဉ်မောင်းသန့်ဇင်အောင်၊ လုံခြုံရေးတပ်ဖွဲ့ဝင်(၂)ဦး ဒဏ်ရာရရှိခဲ့ပြီး ရွှေတောင် ကုတင်(၁၀၀)စစ်ဆေးရုံကို ပို့ဆောင် ကုသနေစဉ် ဦးဇော်မင်းနိုင်နဲ့သန့်ဇင်အောင် သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ ကံမမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကဇန်နဝါရီလ၁၂ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

“အဲ့လမ်းက လူငယ်တွေ(PDF)တွေစိုးမိုးထားတဲ့နေရာ။ပြည်သူတွေအသွားအလာနည်းတော့ စစ်ဆင်ရေးကို စိတ်ကြိုက်လုပ်လို့ရတာ”လို့ ကံမမြို့ခံတစ်ဦးကပြောပါတယ်။

ဇန်နဝါရီ လဆန်းမှာလည်း နေပြည်တော်က ထွက်လာတဲ့ စစ်တပ်ယာဥ်တန်းကို နေပြည်တော်တိုင်းစစ်ဌာနက တိုက်ခိုက်ခဲ့တာမှာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နဲ့ ရဲမှူးအပါအဝင် ရှစ်ဦး သေဆုံးပြီး သေနတ် ၂လက်ရတယ်လို့ တိုင်းကွပ်ကဲရေးမှူး ဗိုလ်လကျာ်က ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွက် ၆ရက်ကြာ ကြိုတင်ပြင်ဆင်ခဲ့ပြီး စစ်တပ်ရွေးကောက်ပွဲ အပိုင်း(၂)ကို ဟန့်တားတိုက်ဖျက်မှု စစ်ဆင်ရေးလို့ ဆိုပါတယ်။ နေပြည်တော်က ထွက်လာတဲ့ စစ်တပ်ရဲ့ ကားလေးစီးပါ အထူးယာဥ်တန်းကို မကွေးတိုင်း၊ မြို့သစ်မြို့နယ် ရွှေပန်းကျေးရွာအနီးက ကန်ပြားလမ်းပိုင်း တနေရာမှာ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

တိုက်ခိုက်မှုကြောင့် ယာဉ်တန်းပါ ကား(၄)စီးထဲက (၃)စီး တိမ်းမှောက်ပျက်စီးသွားပြီး ကျန်ကား တစ်စီးမှာ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ အသိပေးပါတယ်။ မြို့သစ်မြို့နယ် ရဲမှူး ထွန်းလင်းအောင်၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်ကျော်သူ၊ ဒုရဲအုပ်တစ်ဦးနဲ့ တပ်ကြပ်ငါးဦး သေဆုံးပြီး G3သေနတ် (၂)လက်နဲ့ ကျည်တွေ သိမ်းဆည်းရရှိခဲ့တာလို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုအပြီး ရက်ပိုင်းအကြာမှာပဲ ကံမမြို့နယ်အုပ်ချုပ်​ရေးမှူးပါယာဥ်တန်းကို​​တော်လှန်​ရေးတပ်​တွေကတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဇန်နဝါရီလ၁၁ရက်နေ့မှာ စစ်တပ်ရွေးကောက်ပွဲအပိုင်း(၂)ကိုမြို့နယ်ပေါင်း၁၀၀မှာ ပြုလုပ်ခဲ့ပါတယ်။ ပြည်သူ​တွေကို ပုံစံမျိုးစုံနဲ့ ခြိမ်းခြောက်မဲပေးခိုင်းတာတွေရှိခဲ့တယ်လို့ ရွေးကောက်ပွဲလုပ်တဲ့မြို့နယ်အချို့ကဒေသခံတွေကပြောပါတယ်။ တရားမဝင်ပြုလုပ်တဲ့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို အားပေးထောက်ခံသူတွေ၊ ပူးပေါင်းပါဝင်သူတွေကို အရေးယူမယ်လို့ တော်လှန်ရေးအင်အားစုတွေကထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မတရားဖမ်းဆီး အကျဥ်းချခံထားရတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်နိုင်ဖို့ ရည်မှန်းပြီးပြည်သူ့စစ်မဟာဗျူဟာနဲ့ စစ်ဆင်ရေးဖော်ဆောင်ပြီး စစ်တပ်စခန်းတွေ၊ ပျူစောထီးရွာတွေ နဲ့ စစ်တပ်အရာရှိယာဉ်တွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အယောင်ဆောင်ပြီး လူသတ် အဓမ္မကျင့်ခဲ့သူကို ဖမ်းဆီးရမိခဲ့ကြောင်း နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အမှတ်(၂၅၂)ခြေလျင်တပ်ရင်း ခလရ-၂၅၂ရဲ့ ပေါ်တာဆွဲခံရတဲ့ စစ်မှုထမ်းတပ်သားသစ် တစ်ဦး ပခုက္ကူအခြေစိုက် COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်လာခဲ့ပါတယ်။