Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ တောင်ကိုရီးယား သမ္မတဟောင်းကို သေဒဏ်ချမှတ်စေဖို့ အစိုးရ ရှေ့နေတွေ ကြိုးစားနေ

ယွန်ဟာ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူနေချိန် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်နေ့တုန်းက ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်ကို ရပ်စဲပြီး စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ ပြည်သူတွေရဲ့ ပြင်းပြင်းထန်ထန် ဆန့်ကျင်မှု၊ လွှတ်တော် အမတ်တွေက ညတွင်းချင်း လူစုပြီး အစိုးရ အမိန့်ကို ဆန့်ကျင် ပယ်ဖျက်ခဲ့မှုတွေကြောင့် သူ့ရဲ့ ကြိုးစားမှုဟာ ၆ နာရီလောက် အကြာမှာပဲ ပျက်ပြယ်ခဲ့ရပါတယ်။

မအောင်မြင်ခဲ့တဲ့ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့တဲ့ တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ခ်ယောကို သေဒဏ် ချမှတ်ပေးဖို့ အစိုးရ (ဆွဲချ) ရှေ့နေတွေက တောင်းဆိုထားပါတယ်။

ယွန်က သူဟာ လွှတ်တော်ကို ထိန်းချုပ်ထားတဲ့ မြောက်ကိုရီးယား သူလျှိုတွေကို ဖယ်ရှားဖို့၊ နိုင်ငံကို ကာကွယ်ဖို့ လုပ်သင့်တာကို လုပ်ခဲ့ကြောင်း ပြောကြားခဲ့ပြီး စစ်အုပ်ချုပ်ရေး ကြေညာခြင်းဟာ သမ္မတ လုပ်ပိုင်ခွင့်ထဲမှာ ပါဝင်တယ်လို့ ခုခံခဲ့ပေမယ့် နောက်ဆုံးမှာတော့ ရာထူးကနေ ဖယ်ရှား ခံခဲ့ရပါတယ်။ သူ့ရဲ့ လုပ်ရပ်ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအပေါ် သစ္စာဖောက်မှုနဲ့ နိုင်ငံတော် ပုန်ကန်မှု မြောက်တယ်လို့ အစိုးရ ရှေ့နေတွေက စွပ်စွဲပြီး တရားစွဲဆိုထားပါတယ်။

ဇန်နဝါရီ ၁၃ ရက်နေ့က ဆိုးလ်မြို့က တရားရုံးတစ်ခုမှာ ယွန်ရဲ့ အမှုကို ဆက်ပြီး ကြားနာတဲ့အခါ အစိုးရ ရှေ့နေတွေက နိုင်ငံတော် ပုန်ကန်မှု ဂိုဏ်းခေါင်းဆောင်အဖြစ် ယွန်ကို စွပ်စွဲခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

တကယ်လို့ အဲဒီ စွဲချက်အတွက် ပြစ်မှုထင်ရှားကြောင်း ဖော်ထုတ် တွေ့ရှိခဲ့မယ်ဆိုရင် ပြစ်ဒဏ်ဟာ သေဒဏ်၊ ဒါမှမဟုတ် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ဖြစ်ပါတယ်။ အစိုးရ ရှေ့နေတွေက ယွန်ကို ရှိရင်းစွဲ ဥပဒေတွေအပေါ် အခြေပြုပြီး အဲဒီ ပြစ်ဒဏ်တွေထဲက တစ်ခုခုကို ချမှတ်ပေးဖို့ ဆိုးလ်ဗဟိုခရိုင် တရားသူကြီးဆီ လျှောက်ထား တောင်းဆိုထားကြပါတယ်။

အစိုးရ ရှေ့နေတွေက ယွန်ဟာ လုပ်ပိုင်ခွင့် အာဏာကို တပ်မက်ပြီး အာဏာရှင်အဖြစ် ရေရှည် အုပ်စိုးဖို့ ရည်ရွယ် ကြံစည်ခဲ့ကြောင်း စွပ်စွဲ ပြောကြားခဲ့ပါတယ်။ သူ့ရဲ့ ပုန်ကန်ထကြွမယ့် အကြံအစည်မှာ အဓိက နစ်နာခဲ့သူတွေက နိုင်ငံရဲ့ ပြည်သူတွေ ဖြစ်တယ်လို့လည်း အစိုးရ ရှေ့နေတွေက ဆိုပါတယ်။

ယွန်အပေါ် စွပ်စွဲမှုတွေမှာ သူ့အစိုးရ လက်ထက်က ကာကွယ်ရေး ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ကင်မ်ယောင်ဟွမ်နဲ့ ရဲတပ်ဖွဲ့ အကြီးအကဲဟောင်း ချိုဂျီဟိုတို့လည်း ကြံရာပါတွေအဖြစ် ပူးတွဲ တရားစွဲဆို ခံထားရပါတယ်။ အစိုးရ ရှေ့နေတွေက ကင်မ်ကို ထောင်ဒဏ်တစ်သက် ချမှတ်နိုင်ရေးနဲ့ ချိုကို ထောင်ဒဏ် နှစ် ၂၀ ချမှတ်စေနိုင်ဖို့ ကြိုးစားနေကြပါတယ်။

ယွန်ရဲ့ ရှေ့နေတွေကတော့ တရားရုံး လျှောက်လဲမှုတွေမှာ သူတို့ရဲ့ အမှုသည်ဟာ အဲဒီတုန်းက သမ္မတအနေနဲ့ စစ်အုပ်ချုပ်ရေး ကြေညာခွင့် အပါအဝင် လုပ်ပိုင်ခွင့်တွေကို သတ်မှတ်ထားတဲ့ ဘောင်ထဲက ဆောင်ရွက်ခဲ့ကြောင်း အဓိက အသားပေးပြီး ခုခံ လျှောက်လဲထားပါတယ်။

တရားရုံးဟာ အခုအမှုအတွက် နောက်ဆုံး စီရင်ချက်ကို ဖေဖော်ဝါရီလမှာ ချမှတ်ဖွယ် ရှိတယ်လို့လည်း ယုံကြည်ရပါတယ်။

ကိုးကား: BBC
ဓာတ်ပုံ – Getty Images

𝗣𝗲𝗼𝗽𝗹𝗲’𝘀 𝗦𝗽𝗿𝗶𝗻𝗴
https://www.facebook.com/LuduNwayOo/subscribe/
𝗬𝗼𝘂𝗧𝘂𝗯𝗲 – https://www.youtube.com/@peoplespring
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 – https://www.facebook.com/LuduNwayOo/
𝗪𝗲𝗯𝘀𝗶𝘁𝗲 – https://www.ludunwayoo.com/
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 – https://t.me/peoplespring

ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

သတင်း

ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မွေးနေ့ဆုတောင်းပွဲကို ဒီကနေ့ (ဇွန် ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။