Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းနဲ့ မန္တလေးမှာ စစ်တပ်ပေါ်တာဆွဲမှု ဆိုးရွားနေ

စစ်ကိုင်းနဲ့ မန္တလေးတိုင်းမှာ စစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးမှုတွေ ဆိုးရွားနေပြီး လူငယ်အများအပြား ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

<!-- wp:paragraph --> <p>(ပေါ်တာဆွဲခံရသူတွေအပါအဝင် အဓမ္မ စစ်မှုထမ်းရတော့မယ့် လူငယ်များအား တွေ့ရစဥ်။ ဓါတ်ပုံ-ပသစ)

ဇန်နဝါရီ ၁၅၊ ၂၀၂၆။မေရီ/People’s Spring

စစ်ကိုင်းနဲ့ မန္တလေးတိုင်းမှာ စစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးမှုတွေ ဆိုးရွားနေပြီး လူငယ်အများအပြား ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က ညနေ ၄ နာရီထိုးပြီးနောက်ပိုင်း ကား ၅စီးနဲ့ ပတ်ပြီး လူငယ်တွေ ရှာဖွေဖမ်းဆီးနေကြောင်း၊ မနေ့က ဇန်နဝါရီ ၁၄ရက် ညနေ ၅နာရီခွဲခန့်ကလည်း မုံရွာမြို့၊ သာစည်လမ်းမှာ လူငယ် ၃ဦးထက်မနည်း ဖမ်းဆီးသွားကြောင်း မြို့ခံတွေက ပြောပါတယ်။

“ညနေ ၅ နာရီနောက်ပိုင်း ရက်ဆက်ဆိုသလို ဆွဲနေတာ”လို့ မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အလားတူ စစ်ကိုင်းမြို့မှာလည်း စစ်တပ်က နေ့ခင်းမှာတင် ပေါ်တာဆွဲနေပြီး ဒီကနေ့လည်း ကျော်ထက်ကွေ့မီးပွိုင့်နဲ့ မြို့ပေါ်နေရာတချို့မှာ လူငယ်တွေ ပေါ်တာဆွဲခံလိုက်ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“ရတနာဗိမာန်ကျောင်းဝင်းအတွင်းက လေထိုးကျွတ်ဖာဆိုင်က အလုပ်သမားလေးတွေလည်း ပေါ်တာဆွဲသွားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မန္တလေးတိုင်းက ဝမ်းတွင်းမြို့နယ်မှာလည်း မနေ့က ညနေ ၅နာရီခန့်က ရွာရှည်ကျေးရွာ ကားလမ်းဘေးက ခြင်းဝိုင်းကို စစ်တပ်က ပေါ်တာဝင်ဆွဲလို့ လူငယ်တွေ အများအပြား ဖမ်းဆီးခံလိုက်ရကြောင်း Voice of Wundwin က ဖော်ပြပါတယ်။

ဖမ်းဆီးခံလိုက်ရသူတွေကို ကျပ်သိန်းရာချီနဲ့ ရွေးယူရတာတွေလည်းရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဟာ မကြာခင် စစ်မှုထမ်းအပတ်စဥ် (၂၁) စတင်တော့မှာဖြစ်ပြီး အဲဒီအတွက် ပေါ်တာဆွဲဖမ်းဆီးမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ထောင်ကျခံပြီးသား တပ်ပြေးတစ်ဦးကို စသ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးက ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ပြန်ထည့်လိုက်ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။