Connect with us

Hi, what are you looking for?

News

ရွာငံတွင် စစ်​အုပ်စုကို သုတ်သင်ပြီး​နောက် ကျည်မ​လောက်၍ ဆုတ်ခွာလာ​​ရသော YPDF လက်နက်ကြီးကျည်ထိမှန်၍ ရဲ​ဘော်ငါးဦးကျဆုံး

ရွာငံမြို့နယ် တဲ့လုရွာနှင့်တောင်ဦးရွာအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အင်တာနက်အခက်အခဲများကြောင့် ယခုအချိန်မှသာ သတင်းထုတ်ပြန်ရခြင်းဖြစ်ကြောင်း YPDFက ရှင်းပြထားသည်။

ရွာငံ​ဒေသတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးထက်မနည်း တိုက်ခိုက်သုတ်သင်ပြီးနောက် သေနတ်ကျည်မလောက်၍ ဆုတ်ခွာလာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် လမ်းခုလပ်တွင် စစ်ကောင်စီဘက်ကပစ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး ရဲ​​ဘော် ငါးဦးကျဆုံးခဲ့ရသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်အတွင်း ဧပြီ ၁၅ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲဖြစ်စဥ်ကို
ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)က ယနေ့ (ဧပြီ ၃၀ရက်)တွင် ထုတ်ပြန်ခြင်းဖြစ်သည်။

ရွာငံမြို့နယ် တဲ့လုရွာနှင့်တောင်ဦးရွာအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အင်တာနက်အခက်အခဲများကြောင့် ယခုအချိန်မှသာ သတင်းထုတ်ပြန်ရခြင်းဖြစ်ကြောင်း YPDFက ရှင်းပြထားသည်။

ထိုနေ့က ပန်းလောင်မြစ်ကြောင်းတစ်လျှောက်စစ်ကြောင်းထိုးပြီးပြန်လာသောအကြမ်းဖက်စစ်ကောင်စီတပ်ကို YPDFက တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စစ်ဘက်မှ အရာရှိ တစ်ဦးအပါအဝင် ၁၀ဦးထက်မနည်းသေဆုံးခဲ့ကြောင်း၊ကျည်ဆန်မလုံလောက်ခြင်း၊လက်နက်အင်အားမမျှခြင်း၊ စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခက်ခြင်းတို့ကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရစဥ် စစ်ကောင်စီဘက်က ပစ်လိုက်သည့်လက်နက်ကြီးထိမှန်ခဲ့ပြီး YPDFရဲဘော်ငါးဦး ကျဆုံးခဲ့ကာ တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ကျဆုံးသွားခဲ့ရသောရဲဘော်များအတွက် သွေးကြွေးပြန်ဆပ်သွားမည်ဖြစ်ပြီး ဒီမိုကရေစီရရှိသည်အထိ ဇွဲမလျော့ဘဲ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟုလည်း YPDFက ပြောကြားထားသည်။

စစ်ကောင်စီအား တိုက်ခိုက်ရေး အရှိန်မြင့်လာသည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို စစ်ကောင်စီက နည်းမျိုးစုံ ဖိနှိပ်နေသည်။ ဧပြီ ၂၀ရက်နောက်ပိုင်း အရပ်သား ၆ ဦးထက်မနည်းကို သတ်ဖြတ်ခဲ့သလို နေအိမ်အများအပြားကို မီးရှို့ဖျက်ဆီခဲ့သည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့များကို တိုက်ခိုက်ခိုင်းရန်အတွက် ရွာငံမြို့ကျေးရွာအချို့မှ လူငယ်များကိုစစ်ကောင်စီက ပေါ်တာဆွဲနေပြီး လူမစုပေးပါက ရွာလုံး ကျွတ်မီးရှို့မည်ဟုလည်း ခြိမ်းခြောက်နေသည်ဟု ဒေသခံများက ပြောသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့များကလည်း စစ်ကောင်စီကို တိုက်ခိုက်ရန် အမျိုးသားညီညွတ်ရေးအစိုးရနှင့်ချိတ်ဆက်ကာ ခုခံတော်လှန်စစ်ကို အရှိန်မြှင့်ထားသည်။ရှမ်းပြည်နယ်တောင်ပိုင်းဒေသအခြေစိုက် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ ခုနှစ်ဖွဲ့က အမျိုးသားညီညွတ်ရေးအစိုးရ ၏ ဦးဆောင်မှုနှင့်အတူ ရှမ်းတောင်တော်လှန်ရေးလူငယ်များအဖွဲ့ ဖွဲ့စည်းထားသည်။

လက်နက်အင်အားမမျှဘဲ တိုက်ခိုက်နေရသည့် စစ်အာဏာရှင်အမြစ်ဖြတ်ဖြုတ်ချနိုင်ရေး တိုက်ပွဲတွင် ပြည်သူလူထု၏ ထောက်ပံ့မှုသည် အရေးကြီးဆုံး​ဖြစ်၍ လက်နက်ခဲယမ်းဖိုး လှူဒါန်းပေးပါရန်လည်း ရှမ်းပြည်နယ်တောင်ပိုင်းဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။