Connect with us

Hi, what are you looking for?

သတင်း

YPDF တပ်ရင်း(၁) ၊တပ်ခွဲ (၂)ကို အကြမ်းဖက် စစ်ကောင်စီတပ်ဝင်ရောက်စီးနင်းခဲ့သော်လည်း ကြိုတင် ရှောင်ရှားနိုင်ခဲ့

တပ်ခွဲဝင်ပေါက်၊ထွက်ပေါက်များတွင် မိုင်းများထောင်ထားခဲ့ရာ စစ်ကောင်စီအကြမ်းဖက်တပ်များ ဝင်ရောက်ချိန်တွင် အနည်းဆုံး (၅)လုံးခန့် ပေါက်ကွဲခဲ့သည်ဟု YPDFက ပြောသည်။

YPDF
YPDF

ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF) တပ်ရင်း (၁) ၊ တပ်ခွဲ (၂)ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့သော်လည်း ကြိုတင်သတင်းရ၍ ရှောင်ရှားနိုင်ခဲ့ကြောင်း YPDFက ထုတ်ပြန်သည်။

ဖြစ်စဥ်မှာ ယနေ့(ဇွန် ၄ ရက်)နံနက်ပိုင်းက ဂန့်ဂေါမြို့ဘက်သို့ ဦးတည်လာသော စစ်ကောင်စီယာဉ်တန်း၏ အင်အား (၇၀)ခန့်ပါ ရှေ့ပြေးအဖွဲ့တစ်ခုက သေနတ်ပစ်ဖောက်ကာ ထိုးစစ်ဆင် ဝင်ရောက်စီးနင်းခဲ့သည်ဟု ဆိုသည်။

ကြိုတင်သတင်းအရ ပစ္စည်းများဘေးလွတ်ရာ ရွှေ့ ပြောင်းကာ တပ်ခွဲမှူးအပါအဝင် ရဲဘော်တွေအားလုံး ကြိုတင်ရှောင်ရှားနိုင်ခဲ့ကြောင်း အသိပေးသည်။

တပ်ခွဲဝင်ပေါက်၊ထွက်ပေါက်များတွင် မိုင်းများထောင်ထားခဲ့ရာ စစ်ကောင်စီအကြမ်းဖက်တပ်များ ဝင်ရောက်ချိန်တွင် အနည်းဆုံး (၅)လုံးခန့် ပေါက်ကွဲခဲ့သည်ဟု YPDFက ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်၏ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကိုမှု မသိရှိရသော်လည်း မိုင်းပေါက်ကွဲပြီးနောက် စစ်ကောင်စီအမြှောက်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများလည်းရှိခဲ့ကြောင်း ဖော်ပြသည်။

ထို့အပြင် ပုလဲ-ဂန့်ဂေါလမ်းမပေါ် မဲရွာအနီးတွင် တပ်ခွဲ (၂) ရဲဘော်များမှ စစ်ကောင်စီတပ်များ လာရာလမ်းတွင် ကြိုတင်စောင့်ဆိုင်းကာ ပြောက်ကျားစစ်ဆင်ရေးတစ်ရပ် ဆင်နွှဲခဲ့ရာတွင်လည်း စစ်ကောင်စီတပ်သားများ သုံးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးနိုင်ဖွယ်ရှိသည်ဟု YPDF က ယူဆသည်။

“ကျောမြို့ ကနေ ထွက်လာတာ စကစယာဥ်တန်းထွက်လာတာ ဒီနေ့ နဲ့ဆို သုံးရက်ရှိပြီ။အခုထိ ဂန့်ဂေါကို မရောက်သေးဘူး။ကြားထဲမှာ တိုက်ပွဲတွေ ဖြစ်နေတယ်။ပြီးတော့ စကစအနေနဲ့ လမ်းပိုင်းမှာရှိတဲ့ ကျေးရွာတချို့ကို မီးရှို့တာတွေ လုပ်နေတယ်”ဟု ယောဒေသ စစ်ရေးစောင့်ကြည့်သူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ဂန့်ဂေါမြို့သို့ အင်အားဖြည့်တင်လာသော စစ်ကောင်စီတပ်သည်သွားလာရာလမ်းတလျှောက်ရှိ ကျေးရွာများကို မီးရှို့မှုများပြုလုပ်လျက်ရှိသည့်အတွက် စစ်ကြောင်းသွားလာရာ လမ်းတလျှောက်ကျေးရွာများရှိ ပြည်သူများအနေဖြင့် ဘေးလွတ်ရာကို ကြိုတင်ရှောင်ရှားကြရန် နှင့်စစ်ကြောင်းသွားနေစဉ်အတွင်း အရဲစွန့်သွားလာခြင်းမပြုလုပ်ရန် တိုက်တွန်းသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ယာဉ်အစီးရေ ၁၀၀ခန့်ပါ ယာဉ်တန်းသည် ဂန့်ဂေါမြို့ကို ဆက်လက်ဦးတည်နေဆဲဟု သိရသည်။

မေလနောက်ဆုံးပတ်ကစ၍ မကွေးတိုင်း၊ယောဒေသ(ဂန့်ဂေါ၊ကျော၊ထီးလင်း ၊ဆောနှင့်ကျောက်ထု) မြို့နယ်တို့တွင် အကြမ်း စစ်ကောင်စီတပ်က အင်အားအများအပြား တိုးချဲ့နေကြောင်း ဒေသတွင်းစစ်ရေးစောင့်ကြည့်သူနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူများ က လူထုနွေဦးသို့ ပြောထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းနှင့် ကုန်းကြောင်းအသုံးပြု၍ အင်အားဖြည့်တင်းမှု​ကြောင့် ပြင်းထန်မည့် တိုက်ပွဲများ မကြာမီဖြစ်ပေါ်လာနိုင်သည်ဟုလည်း ၎င်းတို့က သုံးသပ်သည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့