ဇန်နဝါရီ-၁၈၊၂၀၂၆။အိမ်သွင်/People’s Spring
ကျောက်ထုအမြှောက်တပ်ကနေ ထွက်လာတဲ့ အင်အား ၂၀၀ခန့်ပါ စစ်ကောင်စီတပ် စစ်ကြောင်းဟာ ဆော – ကံကြီး – ကျောက်ထုလမ်းပိုင်းမှာ ခြေရာဖျောက်နေလို့ ဒေသခံတွေ သတိပြုကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးပါတယ်။
စစ်ကောင်စီတပ်စစ်ကြောင်းဟာ ဒီကနေ့ ဇန်နဝါရီ ၁၈ရက် မနက်အစောပိုင်းမှာ ထွက်လာတာဖြစ်ပါတယ်။
” ကျောက်ထုကနေ ထွက်လာပြီး ဘယ်ရောက် သွားမှန်းမသိဘူး။ ဒေသခံတွေကိုတော့ တောက်လျှောက်သတိပေးနေတာ။ ခရီးသွားတွေအနေနဲ့က မလိုအပ်ရင် မသွားတာကောင်းတယ်”လို့ ဆောမြို့နယ်က ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

Public Service Announcement
အဲ့ဒီ စစ်ကြောင်းဟာ ယမန်နေ့ ဇန်နဝါရီ ၁၇ရက် မနက်ပိုင်းက ကျောက်ထုမြို့ တောင်ဘက်ခြမ်းက ကျေးရွာတွေ စစ်ကြောင်းထိုးပြီး ညနေပိုင်းမှာ ပြန်လည်ဝင်ရောက်ခဲ့ပါတယ်။ ဒီနေ့ မနက်ပိုင်းမှာ ပြန်ထွက်လာတာ ဖြစ်ပါတယ်။
” အရေးမကြီးပါက ကံကြီးတဝိုက်ကို မဖြတ်ကြရင် ပိုကောင်းမယ်။ စစ်ကြောင်းဘယ်နှစ်ကြောင်းဆိုတာ အတိအကျ မသိရတာမို့ ညဖက်ချောင်းအတိုင်းသွားပြီး အခုချိန်တောထဲမှာ အောင်းနေကြတယ်လို့ပဲ ခန့်မှန်းလို့ရပါသေးတယ်”လို့ တော်လှန်ရေးရဲဘော်တစ်ဦးက သတိပေးထားပါတယ်။
ကျောက်ထုနဲ့ ဆောမြို့နယ်ပါဝင်တဲ့ ဂန့်ဂေါခရိုင်မှာ Yawland Opreationစစ်ဆင်ရေးအဖြစ် စစ်ကောင်စီတပ်စွဲထားတဲ့ ပျူစောထီးကျေးရွာတွေနဲ့ စစ်ကောင်စီတပ်စခန်းတွေကို
ဒီဇင်ဘာ ၂၇ ရက် မနက် ၅နာရီကစပြီး ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်နေသလို စစ်ကောင်စီကလည်း လေကြောင်းက ဗုံးကြဲတာတွေ၊ စစ်ကြောင်းထိုးတာတွေ၊ လက်နက်ကြီးပစ်ခတ်တာတွေ အပြင်းအထန် လုပ်နေပါတယ်။

















































