Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်စစ်ကြောင်း ကျောက်ထုမြို့နဲ့ မိုင်(၂၀)ခန့်အကွာရောက်လာလို့ ဒေသခံ ၅၀၀၀နီးပါး ဘေးလွတ်ရာတိမ်းရှောင်

မကွေးတိုင်း၊ ပေါက်မြို့နယ်က စစ်တပ်စစ်ကြောင်း ကျောက်ထုမြို့နဲ့ မိုင်(၂၀)ခန့်အကွာ ရောက်လာလို့ ဒေသခံ ၅၀၀၀နီးပါး ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

မကွေးတိုင်း၊ ပေါက်မြို့နယ်က စစ်တပ်စစ်ကြောင်း ကျောက်ထုမြို့နဲ့ မိုင်(၂၀)ခန့်အကွာ ရောက်လာလို့ ဒေသခံ ၅၀၀၀နီးပါး ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

မေ -၁၂၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ ပေါက်မြို့နယ်က စစ်တပ်စစ်ကြောင်း ကျောက်ထုမြို့နဲ့ မိုင်(၂၀)ခန့်အကွာ ရောက်လာလို့ ဒေသခံ ၅၀၀၀နီးပါး ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

အင်အား ၃၀၀ ဝန်းကျင်ပါတဲ့ စစ်တပ်စစ်ကြောင်းက အမှတ်(၂၄)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ -၂၄)ကတဆင့် ပေါက်-ကျောက်ထုလမ်းပိုင်းပေါ်က ကျေးရွာတွေကို မေလ၁၁ရက်မှာ ဝင်ရောက်လာတာလို့ ဆိုပါတယ်။

“ကျောက်မဲတောင်ရွာ ကျောက်တံခါးရွာ ပုံတောင်ခြေ(ကျောက်ထု နဲ့ ပေါက်မြို့ကြား)မှာ အင်အား ၃၀၀ ခန့် တပ်ဖြန့်ထားတယ်”လို့ ပေါက်မြို့နယ် လူသားစာနာထောက်ထားရေးဌာနတာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၁ရွာက ဒေသခံ ၅၀၀၀ နီးပါးဟာ နေရပ်စွန့်ခွာစစ်ဘေးရှောင် စခန်းတွေကနေ ထပ်ဆင့်ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့လည်း အသိပေးပါတယ်။

“ကျောက်ထုကို သွားနိုင်ဖို့ ခြေကုပ်ယူတယ် ယူဆရတယ်ခန့်မှန် ၁၅ မိုင် နဲ့ ၂၀ မိုင်ပဲ ဝေးမယ်”လို့ ပေါက်မြို့နယ်သတင်းရင်းမြစ်က ပြောပါတယ်။

ကပစ(၂၄)စစ်ကြောင်းဟာ ဧပြီလနောက်ဆုံးပတ်က မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့ကတဆင့် မကွေး တိုင်း ဆိပ်ဖြူမြို့နယ်အခြေစိုက် အမှတ်(၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၂)ကို ကနဦးဝင်ရောက်ပြီးနောက် ကပစ(၂၄)ကို မေလ ၈ရက်က ရောက်ရှိခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် မန္တလေးတိုင်းဘ ကျောက်ပန်းတောင်းမြို့ကနေ နောက်ထပ် အင်အား ၃၀၀ကျော်ပါတဲ့စစ်ယာဥ်တန်းတွေက ဆိပ်ဖြူ ကပစ (၂၂)ကို မနေ့က (မေလ ၁၁ ရက်)က ထပ်ပြီးရောက်လာတယ်လို့ သိရပါတယ်။

ကျောက်ထုမြို့အခြေစိုက် အမြောက်တပ်(အမတ-၃၆၈)ကလည်း ကျောက်ထုနဲ့ မင်းတပ်မြို့ ဆက်သွယ်ရေးလမ်းပိုင်းပေါ်က ကံကြီးရွာမှာ အခြေပြုပြီး အခိုင်အမာစခန်းချနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောထားပါတယ်။

လူဦးရေ ၅၀၀ ဝန်းကျင်ရှိတဲ့ ကံကြီးရွာဟာ မကွေး – ချင်း – ရခိုင် ကုန်လမ်းကြောင်းပေါ်မှာရှိပြီး ကျောက်ထုမြို့နဲ့ (၇)မိုင်ဝန်းကျင် မင်းတပ်မြို့နယ်နဲ့ (၁၀)မိုင်နီးပါးပဲ ကွာဝေးပါတယ်။

“ချင်းတောင်ကို ဦးတည်မယ့်စစ်ရေး စုဖွဲ့ပြင်ဆင်မှု မြင်တယ်။စစ်ကြောင်းကို စောင့်ကြည့်ရမယ်”လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

မြေပြင်စစ်ကြောင်းစုဖွဲ့မှုတွေအပြင် စစ်တပ်က ထီးလင်းမြို့နယ်တောင်ပိုင်းက ဆော (ကျောက်ထု)နယ်နဲ့ မင်းတပ်မြို့နယ်ကို မကြာခဏ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မကွေးတိုင်း၊ဆောမြို့နယ်၊ ကျောက်ထုအ‌မြောက်တပ်က သေဆုံး၊ဒဏ်ရာရသူတွေကို စစ်တပ်က ရဟတ်ယာဉ် ၂စီးနဲ့ သယ်ထုတ်သွားတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ထားဝယ်ဒေသအတွင်း လူသားချင်းစာနာထောက်ထားရေး၊ ပညာရေး လုပ်ငန်းများ ဆောင်ရွက်နေတဲ့ လူငယ် ၃ဦးကို စစ်တပ်က ဖမ်းဆီးပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့တာ ကြားသိရတဲ့အပေါ် ဝမ်းနည်းကြေကွဲကြောင်း ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ(ထားဝယ်ခရိုင်)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။