Connect with us

Hi, what are you looking for?

သတင်း

ချောင်း​ဦးမှာစစ်တပ်ရွေး ကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်အချို့ ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်မှာ စစ်တပ်ရွေး ကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်အချို့ ဖမ်းဆီးခံရတယ်လို့ ဒေသခံသတင်းရင်းမြစ် အချို့က ပြောပါတယ်။

ဇန်နဝါရီ-၁၉ ၊၂၀၂၆။မိုမို/People’s Spring

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်မှာ စစ်တပ်ရွေး ကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်အချို့ ဖမ်းဆီးခံရတယ်လို့ ဒေသခံသတင်းရင်းမြစ် အချို့က ပြောပါတယ်။

တော်လှန်ရေးအင်အားစုဘက်က ဖမ်းဆီးခဲ့သူတွေဟာ မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဦးတင်လှရွှေ နဲ့ ကျေးရွာရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တစ်ဦးလို့ သိရပါတယ်။

“ဖမ်းဆီးခံထားရတယ်ဆိုတာဟုတ်တယ် ၊ကြားတယ်။ ဘယ်အဖွဲ့ကဖမ်းတယ်ဆိုတာ​တော့မသိ​သေးဘူး”လို့ချောင်းဦးမြို့နယ်မှ ​တော်လှန်​​ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ချောင်းဦးမြို့နယ်မှာ ရွေးကောက်ပွဲကိုဇန်န ဝါရီ ၁၁ ရက်နေ့က ပြုလုပ်ခဲ့ပြီး စစ်တပ်နဲ့တော်လှန်ရေးအဖွဲ့တွေကြားနှစ်ဖက် တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

“မြို့ပေါ်မှာ ဖမ်းခံရတယ်ကြားတယ်။စစ်ကြောင်း တော့မရှိဘူးလက်နက်ကြီးနဲ့ကတော့ နေ့တိုင်းနီးပါးကို ပစ်နေတာ” ချောင်းဦးမြို့ခံတစ်ဦးက စစ်တပ်ရွေးကောက်ပွဲကော်မရှင် ဖမ်းခံရတဲ့အခြေအနေ ကို ပြောပါတယ်။

စစ်တပ်ကဦးစီးပြီး ပြုလုပ်နေတဲ့ ရွေးကောက်ပွဲက တရားမဝင် အတုအယောင် ဖြစ်ပြီး အဲဒီ့ ရွေး ကောက်ပွဲကို တားဆီးမယ်လို့ ကြေညာထားပါတယ်။

အဲဒါကြောင့် ရွေးကောက်ပွဲလုပ်ဖို့ စစ်တပ်အထိုင်ချတဲ့ ရွာနဲ့ မြို့တွေ ကို ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာရှိပါတယ်။

မကွေးတိုင်းထဲကမြို့သစ် နဲ့ ကံမမြို့တွေမှာလည်း စစ်တပ်ယာဥ်တန်းတိုက်ခိုက်ခံရတာကြောင့်စစ်

တပ်ရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်အပါအဝင် မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးအချို့ သေဆုံးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။

နိုင်ငံတကာ

အတိုက်အခံ ခေါင်းဆောင်ရဲ့ ပြတ်သားတဲ့ ရွေးကောက်ပွဲ အနိုင်ရလဒ်နဲ့အတူ ဟန်ဂေရီကို ၁၆ နှစ်ကြာ ကြီးစိုး အုပ်ချုပ်ခဲ့တဲ့ ဗစ်တာအော်ဘန်ရဲ့ ခေတ်က အဆုံးသတ်သွားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့တွေပါဝင်တဲ့ မွန်တော်လှန်ရေးဖိုရမ်က ကြေညာချက် တရပ်ထုတ်ပြန်ခဲ့ရာ စစ်တပ် ကျင်းပတဲ့ ရွေးကောက်ပွဲက ပေါ်လာမယ့် ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုကြောင်း အသိပေးထားသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) အခြေခံ နိုင်ငံရေးဆွေးနွေးပွဲတွေကိုလက်မခံကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲမှာ အရေးနိမ့်ခဲ့တဲ့ မဟာမိတ် ညွန့်ပေါင်း အင်အားစု မဲဆန္ဒနယ် ၃၀ ကျော်က ရလဒ်တွေနဲ့ ပတ်သက်လို့ မကျေနပ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် (EC)ဆီ တရားဝင် အရေးဆိုခဲ့ပါတယ်။