ဇန်နဝါရီ-၂၀၊၂၀၂၆။ဇော်ရမ်း/People’s Spring
မြစ်ကြီးနားမြို့တစ်ဖက်ကမ်းဝိုင်းမော်မြို့နယ်ထဲမှာဒီနေ့ ဇန်နဝါရီလ၂၀ရက်နေ့မနက် ၆နာရီခန့်ကနေ မနက် ၈နာရီခန့်အထိ တိုက်ပွဲဖြစ်ခဲ့ပြီးစစ်တပ်ရဲ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)ထဲကနေလက်နက်ကြီးတွေ ပစ်ခတ်နေပါတယ်။
“မနက်၆နာရီလောက်ကစဖြစ်တာ။ကျတော်တို့ဘက်ကနေ အတိုင်းသား ကြားရတယ်။ဆူညံနေတာပဲ။ဝိုင်းမော်လမြန်ဘက်ကိုလက်နက်ကြီးတွေ ပစ်နေတာ”လို့ မြစ်ကြီးနားမြို့ခံတစ်ဦးကပြောပါတယ်။
ဝိုင်းမော်မြို့နယ်ဟာမြစ်ကြီးနားမြို့ရဲ့ဧရာဝတီမြစ် အရှေ့ဖက်ကမ်းမှာရှိပါတယ်။ လမြန်ကျေးရွာဟာ ကချင်လွတ်လပ်ရေးတပ်မတော် KIAနဲ့ KPDF
တွေ ထိန်းချုပ်ထားတဲ့နေရာဖြစ်ပြီး စစ်ကောင်စီက ပြန်လည်တိုက်ခိုက်ဖို့အတွက်ကြိုးပမ်းနေတာဖြစ်ပါတယ်။

Public Service Announcement
“လမြန်ကကန်ပိုင်တီ( တရုတ်နယ်စပ် ကုန်သွယ်
ရေးဂိတ်)အထိ သွားလို့ရတဲ့နေရာဖြစ်တော့ စစ်တပ်က ပြန်ရဖို့ ကြိုးစားနေတာ။ တိုက်ပွဲက မနက် ၈နာရီအထိကြားရပြီးအဲဒီနောက်ပိုင်းမှာစစ်ကောင်စီက လက်နက်ကြီးတွေဆက်ပစ်နေတယ်”လို့ ဝိုင်း မော်မြို့ခံတစ်ဦးကပြောပါတယ်။
လမြန်ကျေးရွာမှာ၂၀၂၅ ဩဂုတ်လကစပြီး တိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်စီကလေကြောင်းကနေ ဗုံးကြဲလို့ အရပ်သားထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။
စစ်ကောင်စီက ဩဂုတ်လနှောင်းပိုင်းမှာ မြစ်ကြီးနားမြို့ကတစ်ဆင့် စစ်ကြောင်းတွေ ဝင်လာပြီး တိုက်ခိုက်ခဲ့တာပါတယ။အဲဒီအချိန်ကတည်းက တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စက်တင်ဘာလထဲက တိုက်ပွဲမှာလည်းစစ်ကောင်စီရဲ့ရှေ့တန်းစခန်းတ
ချို့ကို KIA၊ KPDF ပူးပေါင်းတပ်က သိမ်းယူခဲ့ပါတယ်။
တိုက်ပွဲတွေမှာစစ်ကောင်စီကလေကြောင်းကနေ တိုက်ခိုက်နေသလိုမြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲကနေ လက်နက်
ကြီးတွေ ပစ်နေခဲ့တယ်။ တိုက်ပွဲတွေ အပြင်းထန်ဆုံးဖြစ်ခဲ့တဲ့ ဩဂုတ်လ နှောင်းပိုင်းမှာ လမြန်ရွာအနီးရှိ နမ့်ဝါရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲလို့ စစ်ဘေးရှောင်မိသားစုဝင် ငါးဦး ဒဏ်ရာရခဲ့ပြီး အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပါတယ်။ နိုဝင်ဘာလမှာလည်း ဝိုင်းမော်မြို့ပေါ်ကို ဒရုန်းနဲ့ ဗုံးကြဲလို့ အရပ်သားတစ်ဦးသေဆုံးခဲ့ပါတယ်။
စက်တင်ဘာလဆန်းက ဝိုင်းမော်တိုက်ပွဲမှာ လုံခြုံ
ရေးအဖွဲ့နဲ့အတူ ရှေ့တန်းစခန်းကို သွားရောက်စစ်
ဆေးတဲ့ ခြေမြန်တပ်ရင်း ခမရ (၃၁၈) တပ်ရင်းမှူးဟာ KIA၊ KPDFရဲ့ တိုက်ခိုက်မှု ခံလိုက်ရပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လနှောင်းပိုင်းက တိုက်ပွဲမှာလည်း စစ်ကောင်စီဘက်က ဗိုလ်ကြီးတဦး သေဆုံးခဲ့ပြီး စစ်သုံ့ပန်းအချို့ကို KIA၊ KPDF က ဖမ်းမိခဲ့ပါတယ်။
ယခုရက်ပိုင်းမှာဗန်းမော်မြို့နဲ့တနိုင်းမြို့နယ်အ
တွင်းတိုက်ပွဲတွေပြင်းထန်နေသလိုမပခ လေတပ်ဝင်းလည်း မကြာခဏတိုက်ခိုက်ခံနေရပါတယ်။KIAနဲ့ KPDF ပူးပေါင်းတပ်တွေက ဗန်းမော်မြို့
သိမ်းတိုက်ပွဲကိုအရှိန်မြှင့်နေပြီး ဖားကန့်မှာလည်း ပစ်ခတ်မှုတွေ ရှိနေပါတယ်။
စစ် ရေးတင်းမာနေတဲ့ ဒေသတွေမှာလေကြောင်း
အန္တရာယ်သတိပြုကြဖို့ KIAက သတိပေးထားပါတယ်။
(KIA တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-PS)

















































