Connect with us

Hi, what are you looking for?

သတင်း

KNU ညောင်လေးပင်ခရိုင်မှာ စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် ပြည်သူ ၃ဦး သေဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်(ခလယ်လွီထူ)ခရိုင် ကျောက်ကြီး (လယ်ဒို)မြို့နယ်နဲ့ မုန်း(မူး)မြို့နယ်မှာ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေကို စစ်ကောင်စီတပ်က ထပ်မံ ပြုလုပ်ခဲ့လို့ ပြည်သူ သေဆုံးထိခိုက်မှု ထပ်မံဖြစ်ပေါ်ခဲ့ရကြောင်း KNU ဗဟိုက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ-၂၃၊ ၂၀၂၆။ ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်(ခလယ်လွီထူ)ခရိုင် ကျောက်ကြီး (လယ်ဒို)မြို့နယ်နဲ့ မုန်း(မူး)မြို့နယ်မှာ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေကို စစ်ကောင်စီတပ်က ထပ်မံ ပြုလုပ်ခဲ့လို့ ပြည်သူ သေဆုံးထိခိုက်မှု ထပ်မံဖြစ်ပေါ်ခဲ့ရကြောင်း KNU ဗဟိုက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၂၁ရက် နေ့လည်က စစ်ကောင်စီ ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ကျောက်ကြီးမြို့နယ် ဇရပ်ခင်ရွာက အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့သလို ဇန်နဝါရီ ၂၀ ရက်ကလည်း စစ်ကောင်စီရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် မုန်းမြို့နယ် ကပ်ကြီးဆိပ်ရွာနေ အမျိုးသား ၂ဦး သေဆုံးကာ ၂ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။

ဇန်နဝါရီ ၂၁ရက်မှာ မုန်းမြို့နယ် နတ်လောင်းကြီးရွာကို စစ်ကောင်စီက ဂျိုင်ရိုကော်ပတာနဲ့ ထပ်မံ တိုက်ခိုက်လာလို့ အဘိုးအို တစ်ဦး သေဆုံးခဲ့ရဟု အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ KNU ညောင်လေးပင်ခရိုင် အတွင်းက ပြည်သူလူထုနေထိုင်ရာတွေကို လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်လျက်ရှိလို့ အရပ်သား ပြည်သူ အများအပြား ထိခိုက်သေဆုံးမှုတွေ ဖြစ်ခဲ့ရပါတယ်။

ဇန်နဝါရီ ၁၄ရက်ကလည်း စစ်ကောင်စီဟာ မူးမြို့နယ် ဘုရားကုန်းရွာကို စစ်ကြောင်းထိုးစဉ် ထောင်ထားတဲ့ မိုင်းနင်းမိလို့ အဘိုးအို ၁ဦး၊ အဘွားအို ၁ဦးနဲ့ ကလေး ၁ဦး တို့ သေဆုံးခဲ့ကြောင်း KNUက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။