Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က ကနီမြို့​ပေါ်မှာရွေးကောက်ပွဲလုပ်​ပြီးရွာ​တွေကိုဗုံးကြဲနေ

ကနီမြို့မှာ ဒီကနေ့မနက်ရွေးကောက်ပွဲလုပ်နေစဉ် အနီးပတ်ဝန်းကျင်က ရွာတွေကို စစ်တပ်က ပါရာမော်တာနဲ့ ဗုံးကြဲခဲ့ပါတယ်။

(ကနီမြို့​ပေါ်က မဲရုံကို ယ​နေ့မနက်အစာပိုင်းက​တွေ့ရစဥ်။ဓါတ်ပုံ-စစ်​ကောင်စီ)

ဇန်နဝါရီ-၂၅၊၂၀၂၆။အိမ်သွင်/People’s Spring

ကနီမြို့မှာ ဒီကနေ့မနက်ရွေးကောက်ပွဲလုပ်နေစဉ် အနီးပတ်ဝန်းကျင်က ရွာတွေကို စစ်တပ်က ပါရာမော်တာနဲ့ ဗုံးကြဲခဲ့ပါတယ်။

စစ်တပ်​ရွေး​ကောက်ပွဲ အပိုင်း (၃) လုပ်တဲ့ဇန်နဝါရီလ၂၅ရက်နေ့ မနက် ၇နာရီခွဲခန့်ကနေ ၉ နာရီခွဲခန့်အတွင်း ဗုံးနှစ်ကြိမ်ကြဲသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ရွေးကောက်ပွဲက မနက် ၉နာရီကနေ ညနေ ၄နာရီအထိလို့ ကြားတယ်။ မဲရုံကလည်း ၂ရုံထဲ။ မဲလာပေးသူလည်း ရှိမနေဘူး”လို့ မြို့ခံတဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက ကနီမြို့ပေါ်မှာ မဲရုံတစ်ရုံ၊ အလယ်ကျွန်းရွာမှာတစ်ရုံဖွင့်ထားတယ်လို့ သိရပါတယ်။ အလယ်ကျွန်းရွာက ကနီမြို့ နဲ့ ဆက်နေတဲ့ပျူစောထီးရွာဖြစ်ပါတယ်။

” မဲရုံက၂ရုံကို မဲရုံမှူး ၁ယောက်ပဲလာတယ်တဲ့။ စစ်တပ်ကရှက်ရမ်းရမ်းပြီး လာပစ်နေတာဖြစ်မယ်”လို့ မြို့ခံတစ်ဦးကပြောပါတယ်။

စစ်ကောင်စီက ဒီကနေ့ မနက် ပါရာမော်တာနဲ့ဗုံး ကြဲတာမှာ ချင်းတွင်းမြစ်အရှေ့ဘက်ကမ်း ၂နေရာကို ကြဲတာလို့ သိရပါတယ်။ လက်ရှိအချိန်အထိတော့ ထိခိုက်မှုသတင်းမရဘူးလို့ ဒေသခံ​တွေက ပြောပါတယ်။မနက် ၁၁နာရီခန့်မှာလည်း မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ပါရာမော်တာတစ်စီးတက်လာပြီး ကနီမြို့နယ်ထဲမှာပျံဝဲနေပါတယ်။

“ဗုံးကြဲပြီး ခြိမ်းခြောက်လုပ်တာကို တရားမျှတတဲ့ ရွေးကောက်ပွဲလို့ မရှက်တမ်းပြောနေတယ်။ ကျမတို့တွေ ပုန်းကျင်းထဲကကို မထွက်ရတာ တရားမျှတ တာလား”လို့ မြို့ခံတစ်ဦးကပြောပါတယ်။

ကနီမြို့နယ်အတွင်းမှာဇန်နဝါရီလ၂၂ ရက်နေ့ ကလည်း ဂျက်ဖိုက်တာနဲ့‌ ရော ပါရာမော်တာနဲ့ပါ ဗုံးကြဲလို့ အရပ်သားတစ်ဦးသေဆုံးပြီးငါးဦးဒဏ်ရာရခဲ့ပါတယ်။

“မြို့ဘေးကရွာလေးရွာကိုပတ်ကြဲတာ။တနေကုန်ပဲ လေယာဉ် တွေဝဲပြီး ကြဲတာာပါ။ဗုံးခိုကျင်းထဲမှာပဲ နေရတယ်။ ဒီန့လည်း လေယာဉ် ဝဲနေတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ကနီမြို့က စစ်တပ်စခန်းနဲ့ စစ်တပ် တပ်စွဲရာ​နေရာ​တွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက၂၀၂၄ ခုနှစ် မတ်လမှာထိုးစစ်ဆင်ပြီးမြို့သိမ်းတိုက်ပွဲတိုက်ခိုက်ခဲ့ဖူးပါတယ်။ ၁၁ရက်ကြာတိုက်ပွဲအတွင်း မြို့ပေါ်ကိုထိန်းချုပ်နိုင်ခဲ့ပေမယ့် စစ်တပ်ကလေကြောင်းကနေအပြင်းအထန်တိုက်ခိုက်လို့ ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။ကနီမြို့သိမ်းတိုက်ပွဲမှာစစ်ကောင်စီဝင် (၄၇) ဦး သေဆုံးပြီး အလောင်း (၁၁) လောင်း ရရှိခဲ့တဲ့အထိ တိုက်ပွဲပြင်းထန်ခဲ့တာပါ။တိုက်ပွဲအတွင်းပြည်သူ့ကာကွယ်ရေးရဲဘော် ၁၁ဦးလည်းကျဆုံးခဲ့ပါတယ်။

စစ်ကောင်စီက ဒီနေ့ ပြုလုပ်နေတဲ့ရွေးကောက်ပွဲအပိုင်း(၃)အတွင်းစစ်ကိုင်းတိုင်းထဲကကနီမြို့နယ်နဲ့ဆားလင်းကြီးမြို့နယ်တို့ပါဝင်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ရွှေဝါရောင်တော်လှန်ရေး (၁၉)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု စက်တင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဆောင်းပါး

ဂျာမနီ၏ ရွှေ့ပြောင်းနေထိုင်မှု အပြောင်းအ လဲနဲ့ အာရှကျောင်းသား​တွေရဲ့ အိပ်မက်

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။