Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်နဲ့ ခေတ်မီဆန်းသစ်တဲ့ ဆက်ဆံရေးမျိုး တည်ဆောက်လိုကြောင်း ဗြိတိန် ဝန်ကြီးချုပ်ပြော

ဗြိတိန်ဟာ တရုတ်နဲ့ ခေတ်မီဆန်းသစ်တဲ့ ဆက်ဆံရေးမျိုး တည်ဆောက်သွားဖို့ လိုလားကြောင်း ဘေဂျင်း ခရီးစဉ်မှာ ဗြိတိန် ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

ဗြိတိန်ဟာ တရုတ်နဲ့ ခေတ်မီဆန်းသစ်တဲ့ ဆက်ဆံရေးမျိုး တည်ဆောက်သွားဖို့ လိုလားကြောင်း ဘေဂျင်း ခရီးစဉ်မှာ ဗြိတိန် ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

ဆာကီရာ စတာမာက ဇန်နဝါရီ ၂၉ ရက်နေ့မှာ တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လုံခြုံရေး ကဏ္ဍပေါင်းစုံမှာ ခေတ်မီ ဆန်းသစ်တဲ့ နည်းလမ်းမျိုးတွေနဲ့ ဆက်ဆံရေးကောင်းတွေ ချဲ့ထွင်သွားလိုကြောင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

စတာမာရဲ့ ခရီးစဉ်ဟာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် လက်ထက်မှာ ဥရောပနဲ့ အစဉ်အလာ မဟာမိတ် ဆက်ဆံရေးကဏ္ဍကို လျှော့ချဖို့ ကြိုးစားလာခြင်းကြောင့် အနောက်နိုင်ငံတွေ တရုတ်နဲ့ ဆက်ဆံရေး တိုးမြှင့်ဖို့ ပိုမို အားထုတ်လာတဲ့ နိုင်ငံတကာ အခင်းအကျင်းသစ်ကို ပိုပြီး မြင်သာလာစေပါတယ်။ မကြာသေးခင်က ကနေဒါ၊ ပြင်သစ်နဲ့ ဖင်လန်တို့လို အနောက်နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေဟာလည်း ဘေဂျင်းမှာ ရှီနဲ့ သွားရောက် တွေ့ဆုံခဲ့ကြပါတယ်။

စတာမာရဲ့ ၄ ရက်ကြာ ခရီးစဉ်ဟာ ဗြိတိန် ဝန်ကြီးချုပ် တစ်ဦးက တရုတ်ကို ၈ နှစ်အတွင်း ပထမဆုံးအကြိမ် အလည်အပတ် သွားရောက်မှုလည်း ဖြစ်လာပါတယ်။ ရှီနဲ့ စတာမာတို့ဟာ ဘေဂျင်းမြို့ရဲ့ မဟာပြည်သူ့ ခန်းမဆောင်ကြီးထဲမှာ တွေ့ဆုံခဲ့ကြတာပါ။

Public Service Announcement

Public Service Announcement

စတာမာ ဦးဆောင်တဲ့ ဗဟိုလက်ဝဲယိမ်း လေဘာပါတီဟာ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးမှုနဲ့ ပတ်သက်လို့ ပေးထားတဲ့ အစိုးရ ကတိကဝတ်တွေကို ပြည့်မီအောင် ဖြည့်ဆည်းနိုင်ဖို့ ရုန်းကန်နေရပါတယ်။ သူလျှိုမှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ နာမည်ပျက်ထားတဲ့တိုင် တရုတ်လို ကမ္ဘာပေါ်မှာ ဒုတိယ အကြီးမားဆုံး စီးပွားရေး အင်အားစုကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံနဲ့ ဆက်ဆံရေး မြှင့်တင်ခြင်းက အဲဒီစိန်ခေါ်မှုတွေကို ကိုင်တွယ်ရာမှာ အကျိုးရှိစေမယ်လို့ ဗြိတိန် အစိုးရက မျှော်လင့်ထားပါတယ်။

တရုတ်ဟာ ကမ္ဘာ့စင်မြင့်မှာ အရေးအပါဆုံး ပလေယာနိုင်ငံတစ်ခု ဖြစ်နေကြောင်း၊ တရုတ်နဲ့ ဆက်ဆံရာမှာ ဗြိတိန် အနေနဲ့ ပိုပြီး ဆန်းသစ်ထူးကဲတဲ့ နည်းလမ်းမျိုးတွေကို ကျင့်သုံးရင်း အတူပူးပေါင်း ဆောင်ရွက်နိုင်မယ့် အခွင့်အရေးတွေကို ရှာဖွေသွားလိုကြောင်း၊ ဒီအတွက်လည်း နှစ်နိုင်ငံကြားက သဘောထား မတူညီတဲ့ အပိုင်းတွေမှာ ပိုပြီး ထိတွေ့ ဆွေးနွေးကြဖို့ လိုမယ်ဆိုတာကို နားလည် သဘောပေါက်ကြောင်း စတာမာက ရှီကို ပြောကြားခဲ့ပါတယ်။

ရှီကလည်း တရုတ်နဲ့ဗြိတိန် ဆက်ဆံရေးဟာ အကွေ့အကောက်တွေ၊ အလှည့်အပြောင်းတွေ များပြားခဲ့ပြီး နှစ်ဖက်စလုံးအတွက် အကျိုးမရှိခဲ့ကြောင်း၊ တရုတ်ကတော့ ရေရှည်အတွက် မဟာဗျူဟာ လက်တွဲမှုမျိုးကို ဖော်ဆောင်သွားဖို့ အသင့်ဖြစ်နေကြောင်း တုံ့ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း တရုတ်နဲ့ ဗြိတိန် ဆက်ဆံရေးမှာ အနုတ်လက္ခဏာတွေ ရှိခဲ့ပြီး ဘယ်သူ့အတွက်မှ ကောင်းကျိုး မဖြစ်ခဲ့ဘူးလို့လည်း ရှီက ဆိုပါတယ်။

ဗြိတိန်ရဲ့ လန်ဒန် ဘုရင့်ကောလိပ်မှာရှိတဲ့ တရုတ်ရေးရာ ပါမောက္ခ ကင်ရီဘရောင်းက စတာမာရဲ့ ဘေဂျင်း ခရီးစဉ်အတွင်း နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီမှုအသစ် အတော်များများကို ကြေညာလာနိုင်မယ်လို့ မျှော်လင့်ကြောင်း မှတ်ချက်ပေးထားပါတယ်။ စတာမာရဲ့ ခရီးစဉ်က အောင်မြင်မယ်လို့ သူယုံကြည်ကြောင်း၊ နှစ်ဖက် ခေါင်းဆောင်တွေဟာ အမြင်မတူတာတွေကို ငြင်းခုံရင်း အချိန်အကုန်ခံဖို့ ဆန္ဒမရှိကြကြောင်း ဘရောင်းက ပြောပါတယ်။

စတာမာဟာ ရှီနဲ့ တွေ့ဆုံချိန်မှာ မကြာသေးခင်က အင်္ဂလန် ပရီးမီးယားလိဂ် နာမည်ကြီး ဘောလုံးကလပ် အသင်းတွေဖြစ်တဲ့ အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ အသုံးပြုခဲ့တဲ့ ဘောလုံးတစ်လုံးကိုလည်း လက်ဆောင်ပေးခဲ့ပါတယ်။ ရှီဟာ ယူနိုက်တက် ပရိသတ် တစ်ဦးအဖြစ် လူသိများပြီး အဲဒီပွဲစဉ်မှာ ယူနိုက်တက်က ၃ ဂိုး – ၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ကိုးကား: BBC

ဓာတ်ပုံ – Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။