Connect with us

Hi, what are you looking for?

သတင်း

မော်လူးကို စစ်ကောင်စီဗုံးကြဲ၊ လသားအရွယ် ကလေးငယ်အပါအဝင် ၈ဦး သေဆုံး

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မော်လူးမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ဗုံးထပ်ကြဲသွားလို့ မိသားစုဝင် ၇ဦးအပါအဝင် ဒေသခံ ၈ဦးသေဆုံးခဲ့ရပါတယ်။

(၂၀၂၆ ဇန်နဝါရီ၂၁ ရက်ညက မော်လူးမြို့ မာန်ဟဲကျေးရွာဗုံးကြဲမှုတွင် မြင်တွေ့ရသည့် ပျက်စီးမှုများ။ ဓာတ်ပုံ-Indaw Revolution)

ဇန်နဝါရီ-၃၀၊၂၀၂၆။ရွှေပြည်စိုး/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မော်လူးမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ဗုံးထပ်ကြဲသွားလို့ မိသားစုဝင် ၇ဦးအပါအဝင် ဒေသခံ ၈ဦးသေဆုံးခဲ့ရပါတယ်။

စစ်ကိုင်းတိုင်း၊ မော်လူးမြို့၊ လေဘိုကျေးရွာကို ဇန်နဝါရီ ၂၉ရက် ည၉နာရီခန့်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပေါင်(၅၀၀)ဗုံး ၂လုံး ကြဲချသွားတာလို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

နေအိမ်တစ်အိမ်ထဲက လသားအရွယ် ကလေးငယ်အပါအဝင် ၇ဦး အကါအဝင် ၈ဦး သေဆုံးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

” ‌လေကြောင်း သတိပေးချက်ရပေမယ့် ရွာထဲတည့်တည့်ကို ကြဲမယ်လို့ မတွေးကြတာဖြစ်မယ်။ အိမ်‌တွေပေါ် တည့်တည့်ချတာ”လို့ မော်လူးဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုဟာ စစ်ကောင်စီက မော်လူးမြို့ကို ၉ရက်အတွင်း ၂ကြိမ်မြောက် တိုက်ခိုက်မှုဖြစ်ပါတယ်။

ဇန်နဝါရီ ၂၁ရက် ည ၁၁နာရီခန့်ကလည်းမော်လူးမြို့နယ် မာန်ဟဲကျေးရွာကို ဗုံးကြဲလို့ ပြည်သူ ၅ဦးသေဆုံးပြီး ၄ဦး ဒဏ်ရာရခဲ့ပါတယ်။

မော်လူးမြို့ကို ၂၀၂၃ နိုဝင်ဘာမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက သိမ်းယူခဲ့ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေထိန်းချုပ်ထားတဲ့ အင်းတော်မြို့နယ်ထဲမှာ ပါဝင်ပြီး လက်ရှိမှာ အင်းတော်နဲ့ မော်လူးမြို့ပတ်ဝန်းကျင်ဒေသတွေဖြစ်တဲ့ ကသာ၊ ကောလင်း၊ ဝန်းသိုမြို့နယ်တွေထဲမှာလည်း တိုက်ပွဲတွေဖြစ်နေပါတယ်။

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေလို့ အရပ်သားပြည်သူတွေလုံခြုံရေးသတိပြုကြဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး ၂၀၂၅ ဒီဇင်ဘာ ၃၁ရက်အထိ လေကြောင်းတိုက်ခိုက်မှု ၄,၄၉၈ကြိမ်ရှိပြီး ၄,၆၈၃ဦး သေဆုံးခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ၊ လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်း ၄၃၂ကျောင်း၊ ဆေးရုံ၊ ဆေးခန်း ၁၄၄ခုနဲ့ ဘာသာရေးအဆောက်အအုံ ၆၅၀ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိ ဇန်နဝါရီမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုကျူးလွန်နေပြီး အရပ်သားပြည်သူထိခိုက်သေဆုံးမှုစာရင်း ဆက်လက်မြင့်တက်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေသတွင်းကသောက်သုံးရေကန်တွေနဲ့ စားသောက်ကုန်တွေမှာစစ်တပ်ကအဆိပ်ခပ်သွားဟု​ဒေသခံ​တွေ​ပြော

သတင်း

အင်းတော်နဲ့မော်လူးမြို့နယ်ပတ်ဝန်းကျင်ကို စစ်တပ်က လေကြောင်းမှ ဗုံးမကြာခဏကြဲနေလို့ စစ်ဘေးရှောင် တွေလုံခြုံရေးအန္တရာယ်သတိပြုကြဖို့ တော်လှန်ရေးအင်အားစုတွေကသတိပေးထားပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ကသာ၊အင်းတော်နဲ့ မော်လူးမြို့အနီးက ကျေးရွာတချို့ကို စစ်တပ်က ဗုံးကြဲပြီး မြေပြင်စစ်ကြောင်းတွေဝင်လာလို့ တိုက်ပွဲတွေဖြစ်နေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

မန္တလေး-မြစ်ကြီးနားလမ်းပေါ်ရှိ စစ်တပ် စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်ခဲ့သလို စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် အင်းတော်မြို့နဲ့ မော်လူးမြို့တို့ကိုလည်း တိုက်ခိုက်ထိုးစစ်ဆင်နေတယ်လို့ ကချင်ဒေသ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။