Connect with us

Hi, what are you looking for?

သတင်း

မြိုင်မှာ ကြားကာလပညာသင်ကျောင်းကို စစ်တပ်ဗုံးကြဲပြည်သူတစ်ဦးဒဏ်ရာရပြီးအိမ်၂လုံးပျက်စီး

မကွေးတိုင်း၊ မြိုင်မြို့နယ်က ကြားကာလပညာသင်ကျောင်းကို စစ်တပ်က လေကြောင်းကနေဗုံးကြဲလို့ ပြည်သူတစ်ဦးဒဏ်ရာရပြီး နေအိမ်၂လုံးပျက်စီးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များအား တွေ့ရစဥ်။ ဓါတ်ပုံ-We Love Myaing

ဖေဖော်ဝါရီ-၅၊၂၀၂၆။ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်က ကြားကာလပညာသင်ကျောင်းကို စစ်တပ်က လေကြောင်းကနေဗုံးကြဲလို့ ပြည်သူတစ်ဦးဒဏ်ရာရပြီး နေအိမ်၂လုံးပျက်စီးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

ဖေဖော်ဝါရီ ၄ ရက် ညနေ ၅ နာရီ မိနစ်၄၀ခန့်က မြိုင်မြို့နယ်မြောက်ပိုင်းက မြောက်ဆည်ရွာကို စစ်တပ်က ဂျက်ဖိုက်တာတစ်စီးနဲ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဗုံးကြဲခဲ့တာ​ကြောင့်အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း We Love Myaing အဖွဲ့က ပြောပါတယ်။

“ယာယီတဲနဲ့သင်တဲ့ ကြားကာလစာသင်ကျောင်းကိုချတာ။ ဗုံးသီး၂လုံးချတယ်။ စက်လက်နဲ့နှစ်ကြိမ်ဆွဲတယ်။ ထိခိုက်ဒဏ်ရာရတဲ့အမျိုးသမီးကတော့ စိုးရိမ်စရာမရှိဘူးပြောတယ်။”လို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်ရဲ့ တာဝန်ရှိသူ ဆရာထွေးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင်နေအိမ်၂လုံးလည်း ပျက်စီးပြီး နွားတစ်ကောင်သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ​ဖေ​ဖော်ဝါရီ ၅ ရက်နေ့မှာလည်း စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ သစ္စေးကုန်းကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့ရာ ကိုရင်တစ်ပါးနဲ့ ပြည်သူ ၅ ဦး သေဆုံးခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

Facebook