Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ထုတ်ကုန်မသုံးစွဲဖို့နဲ့ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ဖို့ စစ်ကိုင်းက ပြည်သူတွေ လှုံ့ဆော်ဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ထုတ်ကုန်မသုံးစွဲဖို့နဲ့ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ဖို့ သပိတ် လှုပ်ရှားမှုတွေ ဒီကနေ့ (ဖေဖော်ဝါရီ ၆)မှာ ဆက်လက်ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - ရွာပေါင်းစုံသပိတ်၊ စစ်ကိုင်းဒေသသပိတ်အင်အားစု၊ GSCB

ဖေဖော်ဝါရီ-၆၊၂၀၂၆။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ထုတ်ကုန်မသုံးစွဲဖို့နဲ့ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ဖို့ သပိတ် လှုပ်ရှားမှုတွေ ဒီကနေ့ (ဖေဖော်ဝါရီ ၆)မှာ ဆက်လက်ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ရွှေဗန့်ဂျီ သပိတ်အင်အားစုက ဦးဆောင်ပြီး “ ဘူးသပိတ်ဆင်နွှဲ ဖက်ဆစ်ထောက်တိုင်ဖြိုလှဲ” စာသားနဲ့ ပြည်သူတွေအနေနဲ့ စစ်တပ်ထုတ်ကုန် မသုံးစွဲကြဖို့ လူထုလှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းကာ စစ်တပ်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပြီး စစ်တပ် ထုတ်ကုန်တွေ ပြည်သူတွေမသုံးစွဲကြဖို့ လက်ကမ်းစာစောင်တွေ မျှဝေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ် မြောက်ခြမ်းမှာလည်း အောင်လံလွင့်မည်ရွှေရေကြည်လူထုသပိတ်စစ်ကြောင်းက “ သင့်မဲဖြင့် တရားဝင် လူသတ်ခွင့် မပေးနဲ့” စာသားကိုင်ဆွဲပြီး စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ပါတယ်။

ဒေသခံတော်လှန်ပြည်သူတွေဟာ နယ်မြေမငြိမ်သက်မှုကြားထဲကနေ စစ်အာဏာရှင်ကျရှုံးရေးနဲ့ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

ဆက်စပ်သတင်းများ