Connect with us

Hi, what are you looking for?

သတင်း

မုန်းမြို့နယ်မှာ စစ်တပ် လေကြောင်းတိုက်ခိုက်လို့ ကလေးငယ်တစ်ဦး သေဆုံး

ဒရုန်းတိုက်ခိုက်မှုတွေကြောင့်လည်း ၂ဦးသေဆုံး

ညောင်လေးပင်ခရိုင် မူး(မုန်း)မြို့နယ်ကို အာဏာသိမ်းစစ်တပ် လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် နေအိမ်တွေ ပျက်စီးမှုများ။ ဓာတ်ပုံ - KNU

ဖေဖော်ဝါရီ-၇၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် မူး(မုန်း)မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်ခဲ့လို့ ကလေးငယ် အပါအဝင် ပြည်သူသေဆုံးထိခိုက်မှုတွေထပ်မံဖြစ်ပေါ်ခဲ့ရကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၁ရက်ကနေ ၅ရက်အထိ မုန်းဒေသ ပြည်သူတွေကို ပစ်မှတ်ထားတဲ့စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကို သတင်းထုတ်ပြန်မှုမှာ ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီ ၄ရက်မနက်က တောင်ငူလေတပ်မှ စောခီးကျေးရွာအတွင်း လေယာဉ်နဲ့ ဗုံး (၂)လုံး ကြဲချခဲ့ရာ (၉)နှစ် ကလေးငယ် ထိမှန်သေဆုံးခဲ့ရကြောင်း ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနေ့မနက် ၁၁နာရီမှာပဲ ခင်ကြီးကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့ရာ အသက် (၅၈)နှစ်အရွယ် အမျိုးသား တစ်ဦးသေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ငထွေစုတ်ရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲပြီး လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အသက် ၁၄နှစ်အရွယ် ကလေးငယ် တစ်ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးထားပါတယ်။

စစ်ကောင်စီဟာ ခင်ကြီးကျေးရွာ၊ လှေဒေုံးရွာနဲ့ ငတိုးခင်ရွာတွေကို ဖေဖော်ဝါရီ ၁ရက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ နေအိမ်ပျက်စီးမှုတွေရှိခဲ့ပါသေးတယ်။

ဖေဖော်ဝါရီ ၂ရက်မှာလည်း ခင်ကြီးကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲခဲ့ရာ (၅၅)နှစ်အရွယ် အမျိုးသမီး တစ်ဦးသေဆုံးကာ နေအိမ်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

စစ်ကောင်စီဟာ ဖေဖော်ဝါရီ ၅ရက်မှာလည်း မူးမြို့နယ် မျက်နီကွင်းကျေးရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်ပျက်စီးမှုတွေရှိခဲ့ကြောင်း အသိပေးထားပါတယ်။

KNUအုပ်ချုပ်နယ်မြေတွေဖြစ်တဲ့ ညောင်လေးပင်(ခလွယ်လွီထူ)ခရိုင်အတွင်းရှိ မုန်း(မူး)မြို့နယ်၊ ရွှေကျင်(ဆောထိ)မြို့နယ်နဲ့ ကျောက်ကြီး(လယ်ဒို)မြို့နယ်တွေကို စစ်တပ်က လေကြောင်း၊လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်နေတာကြောင့် ပြည်သူသေဆုံးထိခိုက် မှုတွေအများအပြားရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။