Connect with us

Hi, what are you looking for?

သတင်း

မြိုင်မြို့နယ်ကို လေကြောင်းထပ်မံတိုက်ခိုက်လို့ ပြည်သူ ၄ဦးဒဏ်ရာရ

မကွေးတိုင်း၊ မြိုင်မြို့နယ်ကို လေကြောင်းထပ်မံတိုက်ခိုက်လို့ ပြည်သူ ၄ဦးဒဏ်ရာရပြီး နေအိမ်တစ်လုံး ပျက်စီးခဲ့ပါတယ်။

မကွေးတိုင်း၊ မြိုင်မြို့နယ်ကို လေကြောင်းထပ်မံတိုက်ခိုက်လို့ ပြည်သူ ၄ဦးဒဏ်ရာရပြီး နေအိမ်တစ်လုံး ပျက်စီးခဲ့ပါတယ်။

ဖေဖော်ဝါ-ရီ ၇၊၂၀၂၆။ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်ကို လေကြောင်းထပ်မံတိုက်ခိုက်လို့ ပြည်သူ ၄ဦးဒဏ်ရာရပြီး နေအိမ်တစ်လုံး ပျက်စီးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၄ရက်က မြိုင်မြို့နယ်မြောက်ပိုင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ပြီးနောက် မနေ့က ဖေဖော်ဝါရီ ၆ရက် ညနေ ၄နာရီ မိနစ် ၄၀ခန့်ကလည်း မြိုင်မြို့အနောက်မြောက်ဘက်က ရွာသစ်ကြီးကျေးရွာကို ဂျက်ဖိုက်တာနဲ့ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်သွားတယ်လို့ We Love Myaingအဖွဲ့က ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် ရွာသစ်ကြီးကျေးရွာကအမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ဦးထိခိုက်ဒဏ်ရာရကာ နေအိမ်တစ်လုံး ပြိုကျပျက်စီးခဲ့ရတယ်လို့ We Love Myaingအဖွဲ့က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ဒီရက်ပိုင်းက ပေါက်၊ မြိုင်နဲ့ ပခုက္ကူခရိုင်အနောက်ပိုင်းဒေသတွေကို လေကြောင်းတိုက်ခိုက်တာတွေ လုပ်နေတယ်”လို့ ဒေသတွင်းတော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

ဖေဖော်ဝါရီ ၄ ရက်က လေကြောင်းတိုက်ခိုက်မှုမှာလည်း ကြားကာလပညာသင်ကျောင်း တိုက်ခိုက်ခံရတာဖြစ်ပြီး ပြည်သူတစ်ဦးဒဏ်ရာရပြီး နေအိမ်၂လုံးပျက်စီးခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

Facebook