Connect with us

Hi, what are you looking for?

သတင်း

‎စစ်ကောင်စီတပ်သား တစ်ဦး လက်နက်ယူလာပြီး KNUတပ်မဟာ(၄)ထံ အလင်းဝင်

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)ဆီကို စစ်ကောင်စီတပ်သား တစ်ဦးလက်နက်နဲ့အလင်းဝင်လာကြောင်း KNU မြိတ်ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်ပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား။ ဓာတ်ပုံ - KNU-MTD

ဖေဖော်ဝါရီ-၇၊ ၂၀၂၆။ ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)ဆီကို စစ်ကောင်စီတပ်သား တစ်ဦးလက်နက်နဲ့အလင်းဝင်လာကြောင်း KNU မြိတ်ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ ခလရ(၄၀၄)တပ်ရင်းက တပ်သားဟာဖေဖော်ဝါရီ ၆ရက်မှာ KNLA တပ်မဟာ(၄) တပ်ရင်း(၁၂) ထံ အလင်းဝင်လာတာလို့ဆိုပါတယ်။

အလင်းဝင်လာတဲ့ တပ်သားက MA-1(၁)လက်၊ ကျည်ဘောက်(၃)ခု၊ MA-1ကျည်ဆံ(၂၁၀) တောင့် ယူဆောင်လာကြောင်း အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

‎အကြောင်းအမျိုးမျိုးကြောင့် မတရားစစ်မှုထမ်း ခိုင်းစေခံရတဲ့ စစ်ကောင်စီတပ်အတွင်းက တပ်သားတွေ KNUနဲ့ နီးစပ်ရာ တော်လှန်ရေးတပ်တွေဆီရရာနည်းနဲ့ အလင်းဝင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ရက်ကလည်း စစ်ကောင်စီတပ်သား ၅ဦး လက်နက် ၆လက်ယူလာပြီး KNLA တပ်မဟာ(၄) တပ်ရင်း(၁၀)ထံအလင်းဝင်ခဲ့ပါသေးတယ်။အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ၅ဦးဟာ MA-1(၃)လက်၊ MA-2 (၁)လက်၊ MA-3 (၁)လက်၊ BA-100(၁)လက် ကျည်အပါဝင်စစ်သုံးပစ္စည်းတစ်ချို့ ပါလာတယ်လို့ ဓာတ်ပုံမှတ်တမ်းတွေနဲ့အတူ အသိပေးထားပါတယ်။

ဇန်နဝါရီအတွင်း KNLA တပ်မဟာ(၄)ဆီ အလင်းဝင်တဲ့ စစ်ကောင်စီတပ်သား ၈ဦးရှိခဲ့ကြောင်း တပ်မဟာ(၄) သတင်းရင်းမြစ်တဦးက ပြောပါတယ်။

KNU မှာ ခရိုင်နဲ့ တပ်မဟာ ၇ခုရှိရာဖြစ်ပြီး အခြား တပ်မဟာ နယ်မြေတွေမှာလည်း စစ်ကောင်စီတပ်သားတွေ လက်နက်နဲ့ ဖြစ်စေ လက်နက်မဲ့ဖြစ်စေ အလင်းဝင်ရောက်မှုတွေ ရှိပြီး တဦးချင်းသော်လည်းကောင်း အဖွဲ့လိုက်သော်လည်းကောင်း အလင်းဝင်ရောက်ခဲ့တဲ့ ဖြစ်စဉ်တွေရှိပါတယ်။ အလင်းဝင်လာသူ တပ်သားအများစုဟာ စစ်ကောင်စီ အဓမ္မ စစ်သား စုဆောင်းထားတဲ့ စစ်မှုထမ်း တပ်သားသစ်တွေဖြစ်ကြောင်း KNUက အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။