Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ဝါဒဖြန့်မှုသတိထားရေး လှုပ်ရှားမှု ပြုလုပ်

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေးနဲ့ စစ်တပ်ဝါဒဖြန့်မှုသတိထားရေး လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - ရွာပေါင်းစုံသပိတ်၊ စစ်ကိုင်းဒေသသပိတ်အင်အားစု၊ GSCB ၊ရွှေဗန့်ဂျီ သပိတ်အင်အားစု

ဖေဖော်ဝါရီ-၉၊ ၂၀၂၆။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေးနဲ့ စစ်တပ်ဝါဒဖြန့်မှုသတိထားရေး လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ရွှေဗန့်ဂျီ သပိတ်အင်အားစုက ဦးဆောင်ပြီး စစ်တပ်က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်ဆောင်နေတဲ့ သတင်းအမှားတွေ၊ ဝါဒဖြန့်ချိမှုတွေနဲ့ တော်လှန်ရေးအပေါ် အမြင်လွှဲမှားစေနိုင်တဲ့ စကားတွေကို ပြည်သူတွေ သတိထားနိုင်ဖို့ ရည်ရွယ်ကာ ပညာပေးလက်ကမ်းစာစောင်တွေကို ဖြန့်ဝေခဲ့ပါတယ်။

အဲဒီလက်ကမ်းစာစောင်တွေကို ဆားလင်းကြီးမြို့နယ်၊ ရေစကြိုမြို့နယ်နဲ့ မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း၃၀ ကျော်မှာဖြန့်ဝေခဲ့ပြီးစစ်တပ်ရဲ့ဝါဒဖြန့်ချိမှုတွေကပြည်သူအချင်းချင်းယုံကြည်မှုကို ခွဲထုတ်ဖို့၊ တော်လှန်ရေးအပေါ် သံသယဖြစ်စေဖို့ ဘယ်လိုပုံစံနဲ့ လှည့်စားနေသလဲဆိုတာကို တိတိကျကျ သတိပေးပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပြည်သူတွေအနေနဲ့ သတင်းကို ချက်ချင်းမယုံဘဲ မူရင်းအရင်းအမြစ်ကို စစ်ဆေးဖို့၊ လှည့်စားတဲ့ စကားတွေကို ခွဲခြားသိရှိဖို့ အထူးလိုအပ်ကြောင်းကိုလည်း အလေးပေး ပြောကြားခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွင့်မည်ရွှေရေကြည်လူထုသပိတ်ကော်မတီက နယ်မြေမငြိမ်သက်တဲ့ကြားက စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်ဆန္ဒပြပွဲ ပြုလုပ်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ် မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းက ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဖို့နဲ့ စစ်တပ်ထုတ်ကုန် မသုံးစွဲဖို့ ဆန္ဒထုတ်ဖော်ခဲ့ပြီး စစ်တပ်ထုတ်ကုန်ကို ပြည်သူတွေမသုံးစွဲကြဖို့ လက်ကမ်းစာစောင်တွေ မျှဝေခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံတော်လှန်ပြည်သူတွေဟာ နယ်မြေမငြိမ်သက်မှုကြားထဲကနေပဲ စစ်အာဏာရှင်ကျရှုံးရေးနဲ့ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ ဦးဂျင်မီ၊ဦးဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ကိုအောင်သူရဇော် ကြိုးပေးခံရမှု (၄) နှစ်ပြည့်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၃) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဆားလင်းကြီးနဲ့ ဘုတလင်မြို့နယ်မှာ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ လှုံ့ဆော်တဲ့ လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၁) မှာ ပြုလုပ်ခဲ့ပါတယ်။