Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မှာ စစ်တပ်မိုင်းကြောင့် အရပ်သား ထိခိုက်သေဆုံးမှု ဆက်တိုက်ဖြစ်နေ

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က အများပြည်သူသွားလာနေတဲ့ လမ်းတွေမှာ မိုင်းတွေထောင်ထားလို့ ပေါက်ကွဲမှုတွေ နေ့စဉ်ဖြစ်နေပြီး ဒီနေ့ ဖေဖော်ဝါရီ ၁၃ရက် မနက်ပေါက်ကွဲမှုမှာ ကလေးငယ် တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(ဖေဖော်ဝါရီ ၁၀ရက်က လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာ လမ်းမကြီးမှာ မိုင်းထိထားတဲ့ ဒေသခံရဲ့ကားတစ်စီးကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဖေဖော်ဝါရီ-၁၃၊၂၀၂၆။ဇော်ရမ်း/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က အများပြည်သူသွားလာနေတဲ့ လမ်းတွေမှာ မိုင်းတွေထောင်ထားလို့ ပေါက်ကွဲမှုတွေ နေ့စဉ်ဖြစ်နေပြီး ဒီနေ့ ဖေဖော်ဝါရီ ၁၃ရက် မနက်ပေါက်ကွဲမှုမှာ ကလေးငယ် တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနက် ၈နာရီခန့်က ဖားကန့်မြို့နယ်၊ တောင်ပြိုကျေးရွာမှာ ကလေးငယ် သုံးဦးကစားနေရင်း မိုင်းနင်းမိတာပါ။

” စစ်တပ်ဖြတ်သွားတဲ့ ရွာလမ်း။ မိုင်းအန္တရာယ် ရှိနေတာကို သတိပေးထားတဲ့ကြားက ဖြစ်တာ။ စစ်တပ်က မိုင်းတွေ တောက်လျှောက် ထောင် သွားတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်စစ်ကြောင်းတွေ ဖြတ်သန်းတဲ့နေရာကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDFကလည်း မိုင်းထောင်ပေမယ့် မိုင်းသတိပေးချက် ကြိုပြောသလို စစ်ကြောင်းထွက်သွားရင်လည်း မိုင်းတွေပြန်သိမ်းတယ်လို့ ဆိုပါတယ်။

ဖားကန့်ဒေသမှာ လက်တလော တိုက်ပွဲတွေဖြစ်နေသလို မိုင်းပေါက်ကွဲမှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ မကြာခဏဖြစ်ပွားနေပါတယ်။

” ဖားကန့်လမ်းကြောပေါ်မှာ မိုင်းကပြဿနာတော်တော်ကြီးနေပါတယ်။ ကျောက်ဝယ်တဲ့ တရုတ်တယောက်လည်း မိုင်းထိလို့ ပြန်ပြေးရတယ်”လို့ ဒသခံတစ်ဦးက ပြောပါတယ်။

ယမန်နေ့ ဖေဖော်ဝါရီ ၁၂ရက်က ဖားကန့်မြို့၊မှော်ဝမ်း‌ရပ်ကွက် ရေအေးချောင်မှာ မိုင်းပေါက် ကွဲလို့ မှော်ဝမ်းရပ်ကွက် နှစ်ခြင်းအသင်းတော်က သင်းထောက်ဆရာ ဦးလပျော်ဇေခေါင် ဒဏ်ရာရခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၀ရက်နဲ့ ၁၁ရက်ကလည်းမှော်စီစာရွာနဲ့ မရှီကထောင်ရပ်ကွက်မှာ မိုင်းထိတဲ့ ဒေသခံ အမျိုးသားတစ်ဦးသေဆုံးပြီး တရုတ်အမျိုးသားတစ်ဦးအပါအဝင် လေးဦး ဒဏ်ရာရခဲ့ပါတယ်။ ဖေဖော်ဝါရီ ၄ရက်ကလည်း ဖားပြင် ကျေးရွာမှာ မိုင်းပေါက်ကွဲလို့ အမျိုးသားနှစ်ဦးသေဆုံးခဲ့ပါတယ်။

ဖားကန့်ဒေသမှာ ဇန်နဝါရီ၂၄ရက်ကစပြီးဖြစ်တဲ့ တကျော့ပြန်တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး ဒီနေ့ မနက်ပိုင်းမှာလည်း တိုက်ပွဲဆက်ဖြစ်နေပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းကနေ မကြာခဏ ဗုံးကြဲနေပါတယ်။ဇန်နဝါရီ ၂ရက်တိုက်ပွဲမှာ ခမရ(၃၈၁)တပ်ရင်းတပ်ခွဲမှူး ဗိုလ်မှူးဇာနည်အောင် သေဆုံးခဲ့ပါတယ်။

မြေပြင်ရောက်နေတဲ့ စစ်တပ် စစ်ကြောင်းတွေက ပြန်ဆုတ်ချင်ပေမယ့် စစ်ကောင်စီက လုံးဝခွင့်မပြုသလို လေကြောင်းနဲ့လက်နက်ကြီးအင်အားသုံးတုန့်ပြန်နေတယ်လို့ KIAနဲ့ နီးစပ်တဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

စစ်ကောင်စီတပ်က ဗျူဟာကုန်းကနေ လက်နက်ကြီးတွေနဲ့ မကြာခဏပစ်ခတ်နေပြီး ဇန်နဝါရီ ၂ရက်က စာသင်ကျောင်းပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ကလေးငယ် ၂ဦး ဒဏ်ရာရခဲ့ပါတယ်။ဇန်နဝါရီ ၃ရက်က စစ်ကောင်စီတပ် ပစ်ခတ်တဲ့လက်နက်ကြီး နေအိမ်ပေါ် လက်နက်ကြီးကျလို့ ကလေး ၂ဦးသေဆုံးပြီး ၁၄ဦး ဒဏ်ရာရခဲ့ပါတယ်။ လက်ရှိ ဖေဖော်ဝါရီလ ပထမလထဲမှာ ဖြစ်နေတဲ့ တိုက်ပွဲမှာလည်း အရပ်သားထိခိုက်သေဆုံးတာတွေ ရှိနေပါတယ်။

တိုက်ပွဲတွေပိုမိုပြင်းထန်လာတဲ့အတွက် ဒေသခံတွေအနေနဲ့ ဘေးလွတ်ရာကိုကြိုတင် ရှောင်ကြဖို့နဲ့ မိုင်းအန္တရာယ်လည်း သတိပြုကြဖို့ စစ်ရေးအခြေအနေနဲ့နီးစပ်သူတချို့က သတိပေးနေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာတဲ့စစ်သင်္ဘောတွေ ဒီက​နေ့ မနက်မှာ မန္တလေး ​ဂေါဝိန်ဆိပ်ကမ်းကိုဆိုက်ကပ်ပြီးဒဏ်ရာရစစ်သားအများစုကို ပြင်ဦးလွင်စစ်ဆေးရုံကိုပို့ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

ဗန်းမော်ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းတဲ့ စစ်တပ်ရဲ့ မြစ်ကြောင်းစစ်ဆင်ရေး ကျရှုံးမှုများခဲ့၊ ဇင်းဘုံဒေသမှာ စစ်တပ် ဆက်ရှိနေလို့ စစ်ရေးတင်းမာ

သတင်း

ကချင်နဲ့ရခိုင်ပြည်နယ်ကို ကြည်းရေလေစစ်ဆင်ရေးနဲ့ ထိုးစစ်ဆင်​ပေမယ့် ဧရာဝတီမြစ်​ကြောင်းတိုက်ပွဲမှာစစ်ရှုံးခဲ့ပြီး​နောက်အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်က ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးဗိုလ်ချုပ်ကြီးကိုကိုဦး ကိုပြည်ထဲရေးဝန်ကြီးအဖြစ် အရပ်ဖက်ရာထူးပူးတွဲခန့်အပ်လိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဆေးရုံကုန်းနဲ့ ဂေါက်ကွင်းအနီးမှာ စက်တင်ဘာ ၁၁ရက် ညနေကစပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။