Connect with us

Hi, what are you looking for?

သတင်း

တောင်သာနယ်မှာ ပဲခင်းကျော်ရွာ မီးတင်ရှို့ခံရ

မန္တလေးတိုင်း ၊တောင်သာ – နွားထိုးကြီး လမ်းပိုင်းပေါ် က ပဲခင်းကျော်ရွာမှာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်က ရွာကိုမီးတင်ရှို့သွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ဆီကသိရပါတယ်။

ဓာတ်ပုံ - လူထုလှုပ်ရှားမှုကော်မတီ တောင်သာ ၊ Google Earth

ဖေဖော်ဝါရီ – ၁၆ ၊၂၀၂၆ ၊ ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း ၊တောင်သာ – နွားထိုးကြီး လမ်းပိုင်းပေါ် က ပဲခင်းကျော်ရွာမှာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်က ရွာကိုမီးတင်ရှို့သွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ဆီကသိရပါတယ်။

တောင်သာမြို့ အရှေ့ခြမ်းမှာရှိတဲ့ ပဲခင်းကျော်ရွာဆီ အင်အား ၂၀၀ ခန့်ပါတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကဖေဖော်ဝါရီလ ၁၁ ရက်မှာဝင်ရောက် လာပြီးဖေဖော်ဝါရီ ၁၃ ရက်နဲ့ ၁၄ ရက်တွေမှာတော့ဒေသတွင်းတော် လှန်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ခဲ့တာပါ။

“တိုက်ပွဲကပြင်းပြင်းထန်ထန်ကိုဖြစ်တာ၊ စကစဘက်က အလောင်းတစ်လောင်းရတယ်၊သွေးပေတဲ့ အဝတ်အစားတော်တော်များများလည်းရလိုက်တယ်”လို့ တောင်သာမြို့နယ်အတွင်းကသတင်းရင်းမြစ် တော် လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲမှာ တော်လှန်ရေး တပ်ဖွဲ့ဘက်က တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့တယ်လို့ အဲဒီသတင်းရင်းမြစ်က အသိပေးပါတယ်။

ပဲခင်းကျော် ရွာမှာ အိမ်ခြေ၂၅၀ကျော်ရှိပြီး တစ်ရွာလုံးနီးပါးမီးရှို့ခံလိုက်ရပြီး ဒေသခံတွေရဲ့ ကောက်ပဲသီးနှံတွေပါ မီးရှို့သွားတာဖြစ်ပါတယ်။

ပဲခင်းကျော်ရွာဆီဝင်ခဲ့တဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ တောင်သာမြို့ပေါ် က ထွက်လာတာဖြစ်ပြီး လက်ရှိမှာတော့ မြို့ပေါ်ကို ပြန်လည် ရောက်ရှိသွားပါပြီ။ ပဲခင်းကျော်ရွာကတော့ တောင်သာမြို့ပေါ်နဲ့ လေးမိုင်ခန့်သာဝေးတာပါ။

တောင်သာမြို့နယ်လူထုလှုပ်ရှားမှုကော်မတီကလည်း ရွာက မူလတန်းကျောင်းနဲ့ ဘုန်းကြီးကျောင်း တို့မီးရှို့ခံရပြီး ၊ဘုန်းကြီးကျောင်းမှာစစ်ရှောင်ပြည်သူတွေထားတဲ့ မြေပဲ နဲ့ ပဲစိမ်းငုံ တွေကို စစ်ကောင်စီတပ်ကားနဲ့ တိုက်ယူသွားသလို ကျန်တဲ့ ပဲအိတ်တွေကိုလ ည်း မီးရှို့ခဲ့တယ်လို့ အသိ ပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္ဆလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ဆီမီးကန်ကျေးရွာအုပ်စုမှာ ချောင်းရေကြီးလို့ ကျေးရွာထဲ ရေဝင်ပြီး သီးနှံတွေ ရေမြုပ်ပျက်စီးခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့ပေါ်နဲ့ တောင်သာမြို့နယ်တွေမှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းခေါ်ဆောင်ဖို့ လူငယ်တွေကို အဓမ္မပေါ်တာဆွဲဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်က ကြက်တူရွေး ကျေးရွာကို မီးရှို့လို့ ပြန်ဆောက်ထားတဲ့ တဲတွေကို စစ်တပ်က ၁၁ကြိမ်မြောက် ထပ်မံမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းက ကျေးရွာ ၇ ရွာကျော်က နေအိမ် ၃၀ ကျော် မီးရှို့ဖျက်ဆီးပြီး ယာဥ်တွေအပါအဝင် တန်ဖိုးကြီးပစ္ည်းတွေ သိမ်းယူသွားကြောင်း ဒေသခံတွေက ပြောပါတယ်။