Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးနဲ့ မြောင်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ သားအဖ ၂ဦးသေဆုံးပြီး ၇ဦးထက်မနည်း ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ခင်ဦးနဲ့မြောင်မြို့နယ်တွေမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ သားအဖ ၂ဦးသေဆုံးပြီး ၇ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

(လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ခဲ့သော ပြည်သူအချို့အား တွေ့ရစဥ်။ ဓါတ်ပုံ-ပကဖအသံ)

ဖေဖော်ဝါရီ-၂၁၊ ၂၀၂၆ ​ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ခင်ဦးနဲ့မြောင်မြို့နယ်တွေမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ သားအဖ ၂ဦးသေဆုံးပြီး ၇ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ရက်က ခင်ဦးမြို့နယ်အတွင်းက ကျေးရွာကို အာဏာသိမ်းစစ်တပ်ရဲ့ ရွှေဘိုမြို့ လေ့ကျင့်ရေး (၈)ကနေ အသေခံဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း၊ အဲဒီတိုက်ခိုက် မှုကြောင့် ကျေးရွာနေ အသက်(၅၀)အရွယ်ဖခင်နဲ့ (၁၆)နှစ်အရွယ် သမီးဖြစ်သူတို့ သေဆုံးခဲ့ပြီး (၁၂) နှစ်အရွယ် ကလေး ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပကဖအသံက ဖော်ပြပါတယ်။

အလားတူ ဖေဖော်ဝါရီ ၂၀ ရက် နေ့လယ် ၃နာရီခန့်ကလည်း စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် နဘတ် ကျေးရွာကို မုံရွာအနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)ကနေတက်လာတဲ့ ဂျိုင်ရို ကော်ပတာ ၃စီးနဲ့ လေကြောင်းတိုက်ခိုက်သွားကြောင်း TGR သတင်းမှန်ပြန်ကြားရေးက တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ကျား ၁ဦး မ ၃ ဦး၊ စုစုပေါင်း ၄ ယောက်ထိတယ်။ ၁ယောက်စိုးရိမ်ရပါတယ်”လို့ ၎င်းတာဝန်ရှိသူက ပြောပါတယ်။

ထိခိုက်သူတွေဟာ နဘတ်ကျေးရွာနေ ဦးဌေးလွင်၊ ဒေါ်ဝင်းမာရီ၊ ဒေါ်နုနုအေး၊ ဒေါ်အေးပြည့်နဲ့ ဒေါ်သိမ့်သိမ့်အေးတို့ဖြစ်ကြောင်း TGR သတင်းမှန်ပြန်ကြားရေးက တာဝန်ရှိသူက ပြောပါတယ်။

ခင်ဦးမြို့နယ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ရက်လည်း ယာယီဆေးရုံကို လေကြောင်းတိုက်ခိုက်ခံရပြီး လူနာတစ်ဦးအပါအဝင် ပြည်သူ ၃ဦးသေဆုံးပြီး ၈ဦးထက်မနည်း ဒဏ်ရာရခဲ့ပါသေးတယ်။

ပြည်သူများအနေနဲ့ လေကြောင်းသတင်းကို နည်းလမ်းမျိုးစုံထောက်လှမ်းကာ မပေါ့ဆဘဲ နေကြဖို့ ၊ကြိုတင်ကာကွယ်ရေးများ ပြုလုပ်ထားကြဖို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က တိုက်တွန်းထားပါတယ်။

ခင်ဦးမြို့နယ်ဟာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ်ခံခဲ့ရပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာနဲ့ ဇန်နဝါရီအတွင်းကပဲ ကုန်တင်ယာဥ်တွေ၊ ခရီးသည်တင်ကားတွေ၊ စစ်ရှောင်ပြည်သူတွေကို လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူ ဆယ်နဲ့ချီ သေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook