Connect with us

Hi, what are you looking for?

သတင်း

SKY Villaထဲက ငလျင်ထိကားတွေ စုပြုံထားတဲ့နေရာ မီးလောင်

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်က ငလျင်ကြောင့်ပြိုကျသွားတဲ့ SKY Villa ကွန်ဒိုက ကားအဟောင်းတွေ စုပြုံထားတဲ့နေရာ ဒီနေ့ နေ့လယ်ပိုင်းမှာ မီးလောင်မှု ဖြစ်ခဲ့ပါတယ်။

SKY Villa ကွန်ဒို ကားအဟောင်းတွေ စုပြုံထားတဲ့နေရာ မီးလောင်ကျွမ်းနေစဥ်။ ဓာတ်ပုံ - နေ့သစ်

ဖေဖော်ဝါရီ-၂၁၊ ၂၀၂၆။ ရှိန်း/People’s Spring

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်က ငလျင်ကြောင့်ပြိုကျသွားတဲ့ SKY Villa ကွန်ဒိုက ကားအဟောင်းတွေ စုပြုံထားတဲ့နေရာ ဒီနေ့ နေ့လယ်ပိုင်းမှာ မီးလောင်မှု ဖြစ်ခဲ့ပါတယ်။

ငလျင်ပိထားတဲ့ ကားတွေ စုပုံထားတဲ့ နေရာဖြစ်ပြီး ရှင်းလင်းရေးလုပ်စဉ် ကားတစ်စီး ဝါယာရှော့ ဖြစ်ကာ မီး လောင်ကျွမ်းခဲ့တာလို့ သိရပါတယ်။

“ရာသီဥတုက အရမ်းပူတော့ မီးက ချက်ချင်း များလာတာ။ ကားအဟောင်းပုံကြီးဆိုတော့ လောင်စာတွေချည်းလိုဖြစ်နေတာလေ”လို့ မီးလောင်ပြင်ကိုသွားရောက်ခဲ့သူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒီနေ့ နေ့လယ် ၁နာရီ ၅၀ မိနစ်က ‌‌‌‌‌‌‌‌မီးလောင်ခဲ့တာဖြစ်ပြီး ၂နာရီ ၂၀မိနစ်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ခြံဝန်းထဲက ကားအဟောင်း စုပုံထားတဲ့ နေရာမှာ လောင်ကျွမ်းခဲ့တာမို့ ဘေးပတ်ဝန်းကျင်ကို ကူးစက် လောင်ကျွမ်းတာတော့မရှိခဲ့ဘူးလို့ မြို့ခံတွေက ပြောပါတယ်။

SKY Villa အဆောက်အဦးဟာ ၂၀၂၅ခုနှစ် မတ်လ၂၈ ရက် ငလျင်မှာ ပြိုကျခဲ့ပြီး လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ပါတယ်။

အဆောက်အဦးကို ဆောက်လုပ် ရောင်းချခဲ့သူ NTL ကုမ္ပဏီပိုင်ရှင် ဦးနိုင်ထွန်းလင်းကို ငလျင်ဖြစ်ပြီး ၁နှစ်နီးပါးအကြာမှ လုပ်ငန်းခွင်ပေါ့လျော့မှု၊ လူသေစေမှု ပုဒ်မ ၃၀၄(က)နဲ့ စစ်ကောင်စီက အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်မှာ မူကြိုကျောင်းတစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကလေးတွေနဲ့ ဆရာ ဆရာမ စုစုပေါင်း လူ ၃၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့ကနေအိမ်တစ်လုံးမှာဒီနေ့ (ဇွန်လ၁၉ ရက်) နေ့ခင်းပိုင်းကမီးလောင်မှုဖြစ်ရာကလေးနှစ်ဦးသေဆုံးသွားပြီးသက်ကြီးပိုင်းအမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြ၀တီမီးသတ်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

အိန္ဒိယနိုင်ငံ၊ဒေလီမြို့တော်ကဟိုတယ်နဲ့ စားသောက်ဆိုင် တွဲဖွင့်ထားရာ အဆောက်အအုံတစ်လုံးမှာ မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၂၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်မှာ စစ်ကောင်စီရဲ့ယာဥ်ထိန်းရဲကင်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။