Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ စည်ပင်ခွန်တွေတိုးကောက်ဖို့ စစ်ကောင်စီ စီစဥ်နေ

မန္တလေးမြို့မှာ စည်ပင်အခွန်တွေတိုးကောက်ဖို့ စစ်ကောင်စီက စီစဥ်နေကြောင်း သတင်းရရှိပါတယ်။

(ရတနာပုံစျေးအတွင်း စည်ပင်ဝန်ထမ်းအချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ-CJ)

ဖေဖော်ဝါရီ-၂၆၊ ၂၀၂၆။မေရီ/People’s Spring

မန္တလေးမြို့မှာ စည်ပင်အခွန်တွေတိုးကောက်ဖို့ စစ်ကောင်စီက စီစဥ်နေကြောင်း သတင်းရရှိပါတယ်။

စစ်ကောင်စီထိန်းချုပ်ထားတဲ့ မန္တလေးစည်ပင်ဟာ လာမယ့် ၂၀၂၆ – ၂၀၂၇ ဘဏ္ဍာရေးနှစ်ကစပြီး လုပ်ငန်းလိုင်စင်နဲ့ စီးပွားရေးအမှိုက်သိမ်းဆည်းခ (ဟိုတယ်/ ဆေးရုံ၊ ဆေးခန်း)တွေကို ခေတ်နဲ့လျော်ညီတဲ့ နှုန်းထားတွေ ပြောင်းလဲကောက်ခံသွားမယ်လို့ စည်ပင်ပိုင် မန္တလေးနေ့စဥ်သတင်းစာကနေ ကြေညာပါတယ်။

အခွန်နှုန်းတိုးမြှင့်လိုက်တာဟာ မြို့ပြစီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ဆိုပြီး မန္တလေးစည်ပင်က အကြောင်းပြပါတယ်။

Public Service Announcement

Public Service Announcement

မန်းစည်ပင်က အခွန်တိုးကောက်မှာကို မန္တလေးမြို့ခံလုပ်ငန်းရှင်တွေအများစု သိရှိခြင်းမရှိသေးဘူးလို့ ပြောပါတယ်။

“အရင်ကတည်းက အခွန်ဆောင်ရတာ တစ်လ ၄ သိန်းလောက်ကျတယ်။ ခုကတော့ သူတို့လက်ထဲဆိုတော့ ဘာမှပြောမရဘူး”လို့ မန္တလေးမြို့က စားသောက်ဆိုင် လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

လုပ်ငန်းလိုင်စင်သက်တမ်းဟာ တစ်နှစ်ဖြစ်ပြီး လာမယ့် ဧပြီလ ၁ ရက်နေ့ကနေစပြီး အခွန်တိုးကောက်သွားမယ်လို့ မန်းစည်ပင်ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီလက်ထက် မန္တလေးမြို့အပါအဝင် ဒေသအသီးသီးက လုပ်ငန်းတွေဟာ ကုန်စျေးနှူန်းကြီးမြင့်တာ၊ ရောင်းအားကျတာ၊ လုပ်သားရှားပါတာတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။