Connect with us

Hi, what are you looking for?

သတင်း

ရွာငံတိုက်ပွဲမှာ စစ်တပ်အရာရှိအပါအဝင် ၁၀ဦးထက်မနည်းသေဆုံး၊ လက်နက် ၇သိမ်းရဟု ဓနုတပ်(၁၀၀၃)တပ်ရင်း ထုတ်ပြန်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က အရာရှိအဆင့်အပါအဝင် ၁၀ဦးထက်မနည်းသေဆုံးပြီး လက်နက် ၇လက်သိမ်းရတယ်လို့ ဓနုဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်မတော်(၁၀၀၃)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

( ရွာငံတိုက်ပွဲတွေမှာ စစ်တပ်ထံကသိမ်းရရှိတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - P3-1003)

ဖေဖော်ဝါရီ -၂၇၊၂၀၂၆။မိုမို/Peoples Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က အရာရှိအဆင့်အပါအဝင် ၁၀ဦးထက်မနည်းသေဆုံးပြီး လက်နက် ၇လက်သိမ်းရတယ်လို့ ဓနုဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်မတော်(၁၀၀၃)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

အခု ဖေဖော်ဝါရီဒုတိယပတ်ကစတဲ့ တိုက်ပွဲတွေမှာ မျှားကလေးကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ကြားဖြတ်မိုင်းဆွဲတာနဲ့ တိုက်ခိုက်မှုတွေအတွင်းမှာ လက်နက် ၂လက် သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်ရဲ့ ထိခိုက်မှုကို သေချာမသိရပေမယ့် နာရေးကူညီမှုကားတွေနဲ့ သယ်ဆောင်သွားခဲ့တာရှိတယ်လို့လည်း တပ်ရင်း(၁၀၀၃)က အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၁၈ ရက်ကလည်း ကျောက်ငှက် -အုတ်တွင်းလမ်းပိုင်းမှာ ပတ်ကင်းလှည့်နေတဲ့ စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ဗိုလ်တစ်ဦးအပါအဝင် ၁၀ ဦးခန့် သေဆုံးတယ်လို့ ဖော်ပြပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ လက်နက် ၅လက်၊ ကျည် (၆၀၀)၊အီနာဂါတစ်လုံး၊ ဆက်သွယ်ရေးစက်ကြီး တစ်လုံးနဲ့ ကျည်ဘောက်(၁၁)ခုသိမ်းဆည်းရရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်ဝက်ကတည်းက စစ်ကောင်စီဟာ ရွာငံ အနောက်တောင်ခြမ်းနဲ့ ရွာငံအရှေ့မြောက်ခြမ်းမှာ စစ်ကြောင်းထိုးတာ၊ ကျေးရွာတွေမှာ တပ်စွဲတာတွေ လုပ်ခဲ့တယ်လို့ နယ်မြေခံစစ်ရေးသတင်းရင်းမြစ်က အသိပေးပါတယ်။

“အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်မ ၅၅ လက်အောက်ခံတပ်တွေ ပါသလို ပျူတွေလည်းပါတယ်”လို့ သူက ပြောပါတယ်။

အခု ဖေဖော်ဝါရီ ၁၇ရက်ကလည်း ရွာငံမြို့နယ်တွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ဇုန်ထဲကို အရပ်သားကားတစ်စီး ဝင်လာတာကြောင့် တော်လှန်ရေးတပ်တွေဘက်က ပစ်ခတ်မှုရပ်တန့်လိုက်တာကြောင့် စစ်ကောင်စီတပ်သားတွေ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ တိုက်ပွဲဖြစ်ပေါ်နေတဲ့အခြေအနေ တိုက်ပွဲဇုံတွေကို သတိဝိရိယနဲ့ ရှောင်ကြဥ်သွားလာပြီး ဘေးလွှတ်ရာကိုပုန်းရှောင်တာနဲ့ စစ်တပ်နဲ့ ဝေးရာမှာနေဖို့ဓနုဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်မတော် (၁၀၀၃) တပ်ရင်းက တိုက်တွန်းပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ ကျင်ဒွေးတံတားကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျင်ဒွေးတံတား ထိန်းသိမ်းပြုပြင်နေတဲ့ အရပ်သား ၉ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကျင်ဒွေးမြို့ကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ လမ်းတံတားပြင်ဆင်နေတဲ့ ဆောက်လုပ်ရေးလုပ်သား၉ဦး သေဆုံးပြီး ၂ဦးဒဏ်ရာရရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။။

သတင်း

ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် ရွှေဘုန်းပွင့်ဘုရားလမ်းထိပ်မှာ အသက် ၆၀ ကျော်အရွယ်အမျိုးသမီးတစ်ဦးကားတိုက်ခံရပြီးသေဆုံးသွားတယ်လို့ ကိုပူတူးနှင့်ဘော်ဒါများ လူမှုကူညီရေးအသင်းကအသိပေးထားပါတယ်။