Connect with us

Hi, what are you looking for?

သတင်း

လူမျိုးစု လက်နက်ကိုင်တပ်အချင်းချင်း ပြဿနာတွေလျှော့ချပြီး ဘုံရန်သူမမေ့ဖို့ ရှမ်းတောင်တပ် SSNDF နိုင်ငံရေးမှူးတိုက်တွန်း

လူမျိုးစုလက်နက်ကိုင်တပ်အချင်းချင်း ပြဿနာတွေလျှော့ချဖို့ ဘုံရန်သူကို မမေ့ဖိုနဲ့ လူထုကို မျက်နှာမူဖို့ ရှမ်းတောင် အမျိုးသားများကာကွယ်ရေးတပ် (SSNLO/SSNDF) အဖွဲ့ နိုင်ငံရေးမှူး ကိုပန်ဖက တိုက်တွန်းပါတယ်။

SSNDF၊ KNDF ဗျူဟာအမှတ် (၉) သင်တန်းဆင်းပွဲမှာ တွေ့ရတဲ့ ရဲဘော်တွေ။ ဓာတ်ပုံ − KNDF

မတ် ၁၊၂၀၂၆။ ထားမြတ်/People’s Spring

လူမျိုးစုလက်နက်ကိုင်တပ်အချင်းချင်း ပြဿနာတွေလျှော့ချဖို့ ဘုံရန်သူကို မမေ့ဖိုနဲ့ လူထုကို မျက်နှာမူဖို့ ရှမ်းတောင် အမျိုးသားများကာကွယ်ရေးတပ် (SSNLO/SSNDF) အဖွဲ့ နိုင်ငံရေးမှူး ကိုပန်ဖက တိုက်တွန်းပါတယ်။

ဒီကနေ့ မတ်လ ၁ရက်မှာ ကျရောက်တဲ့ ရှမ်းလူငယ်နေ့ ကြေညာချက်မှာ ရှမ်း(သျှမ်း)လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ ရှမ်းလူထုတွေရဲ့တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ လူမှုဘဝလုံခြုံရေးကို ကာကွယ်စောင့်ရှောက်ပေးတဲ့ အဖွဲအစည်းဖြစ်ပေမယ့် ယနေ့အချိန်အခါမှာ ရှမ်းလူထုတွေ မတရားဖိနှိပ်အနိုင်ကျင့်ခံနေရတာကို သိမြင်နေလျက် မည်သည့် ရှမ်းလက်နက်ကိုင်အဖွဲကမှ ထိရောက်တဲ့ ကာကွယ်စောင့်ရှောက်မှု ပေးနိုင်ခြင်းမရှိကြောင်း ဖော်ပြထားတာနဲ့ ပတ်သက်ပြီး SSNLO/SSNDF နိုင်ငံရေးမှူးက အခုလိုနှိုးဆော်ခဲ့တာပါ။

ရှမ်းလူငယ်နေ့ သဘောထား ကြေညာချက်အပေါ်ကြိုဆိုကြောင်း ကိုပန်ဖက သူ့ရဲ့အမြင်ကိုအခုလိုပြောပြပါတယ်။

Public Service Announcement

Public Service Announcement

“ ရှမ်းလက်နက်ကိုင် အဖွဲ့အစည်းတွေ အပေါ် ပကတိအမြင်အတိုင်း ပြောဆိုရေးသားမှုကို ကြိုဆိုထောက်ခံတယ်။ဒါသည် အပုပ်ချ အပြစ်ပြောရေးသားနေတာမဟုတ်ဘဲ လူမျိုးနှင့်လူထု ကိုအခြေပြုကာကွယ်ဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့တွေဖြစ်လင့်ကစားရှမ်းလူငယ် မျိုးဆက်သစ်တွေအနေနဲ့ အားမရနေတော့တာလဲ ကြာပြီမို့။ဒီထုတ်ပြန်ချက်သည် ယခုထက်ပို ကြိုးစားဖို့လုပ်ဆောင်ဖို့ တွန်းအားပေးတာလို့ မြင်ပြီး ဒီထက်မကလည်း ထိထိရောက်ရောက်ကျယ်ကျယ်လောင်လောင် ပြောဖို့ရေးသားဖို့ကိုလည်း တိုက်တွန်းပါတယ်ဗျ။ လူမျိုးစုလက်နက်ကိုင်တပ်တွေ အကြားလည်း အချင်းချင်း ဖြစ်နေကြတဲ့ ပြသနာတွေကို တတ်နိုင်သမျှ လျော့ချပြီး ဘုံရန်သူ ကိုမမေ့စေချင်ဘူး။ လူထုကို ဒီထက်ပိုပြီး မျက်နှာမူသင့်တာ ဖြစ်တဲ့အတွက်ဒါသည် အပေါင်းလက္ခဏာ ဆောင်သည့် ပြောဆိုရေးသားမှု ဖြစ်တယ်လို့ မြင်ပါတယ်ဗျ” လို့ SSNDF နိုင်ငံရေးမှူး ကိုပန်ဖက ပြောပါတယ်။

SSNDFကဲ့သို့ မျိုးဆက်သစ် တော်လှန်ရေးအဖွဲ့တွေ အနေနဲ့လည်း ယခင်အဖွဲ့အစည်းတွေရဲ့ အားနည်းချက်တွေကို သုံးသပ်ဆင်ခြင်ပြီး သူတို့လို မဖြစ်အောင် ဂရုစိုက်ရမှာ သတိပြုရမှာ ဖြစ်တယ်လို့လည်း ကိုပန်ဖက ပြောပါတယ်။

ရှမ်းဝါရင့် လက်နက်ကိုင်တပ်တွေဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA) တို့ဟာ အာဏာသိမ်းစစ်တပ်ကို ခုခံတော်လှန် တိုက်ခိုက်ခြင်းမပြုဘဲ ရှမ်းတပ်အချင်းချင်း အကြား တိုက်ပွဲတွေ ပဋိပက္ခ ပြဿနာတွေ ဖြစ်ပွားခဲ့ပါတယ်။

ရှမ်းတပ်တွေအနေနဲ့ ရှမ်းလူထုအပေါ် အဓိကကျသော တာဝန်လုပ်ငန်းများ ပျက်ကွက်လစ်ဟင်းလျှက် ရှိနေတာဟာ လုံး၀ မဖြစ်သင့်ဟုလည်း ရှမ်းလူငယ်နေ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာ ရှမ်းပြည်အတွင်း လက်နက်ကိုင်တပ်တွေဖြစ်တဲ့ ကိုးကန့်တပ်မတော်(MNDAA)နဲ့ တအာင်းတပ်(TNLA)တို့ဟာလည်း မဟာမတ် အချင်းချင်းအကြားပဋိပက္ခတွေ ဆက်တိုက်ရှိနေပြီး နှစ်ဖက်စစ်ရေးပြင်ဆင်မှုတွေရှိနေတယ်လို့ ဒေသသတင်းရင်းမြစ်တွေက ပြောထားပါတယ်။

ဆက်စပ်သတင်းများ

Facebook