Connect with us

Hi, what are you looking for?

သတင်း

ပုလောမှာ စစ်ကောင်စီတပ်နဲ့ ရင်ဆိုင်ထားဆဲဖြစ်လို့ ပြည်သူတွေ ဘေးကင်းရာနေဖို့ မြိတ်ခရိုင် တပ်ရင်း(၁) ပြော၊ စစ်ကောင်စီတပ်စွဲရာနေရာအချို့ သိမ်းရ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း လက်ရှိအထိ စစ်ကောင်စီတပ်တွေနဲ့ ရင်ဆိုင်နေဆဲ အခြေအနေဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြိတ်ခရိုင် အမှတ်(၁) တပ်ရင်း သတင်းပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

ပုလောမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်ထံက သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ − PDF Myeik District Battalion 1

မတ်လ ၁။ ၂၀၂၆။ ထားမြတ်/People’s Spring

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း လက်ရှိအထိ စစ်ကောင်စီတပ်တွေနဲ့ ရင်ဆိုင်နေဆဲ အခြေအနေဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြိတ်ခရိုင် အမှတ်(၁) တပ်ရင်း သတင်းပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

အခုနှစ်ဆန်းပိုင်းအတွင်း ပုလောမြို့နယ်မှာ စစ်တပ်စစ်ရေးလှုပ်ရှားမှုနဲ့ တိုက်ပွဲဖြစ်ပွားမှု အခြေအနေတွေ သတင်းထုတ်ပြန်ခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး တာဝန်ရှိသူက အခုလို တိုက်တွန်းခဲ့တာပါ။

“လက်ရှိအထိ စစ်ကောင်စီတပ်တွေနဲ့ ရင်ဆိုင်နေဆဲ ရှိသေးတယ်။ ဒါကြောင့် ဘေးကင်းလုံခြုံရာမှာပဲ ဆက်နေဖို့ လိုအပ်တယ်ဗျ” လို့ တပ်ရင်း ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဟာ ၂၀၂၆ ဇန်နဝါရီလလယ်မှာ အင်အား ၁၈၀ခန့်နဲ့ ပုလောမြို့နယ်ကို စစ်ကြောင်းထိုး ဝင်ရောက်လာလို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း(PDF)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း (၇)နဲ့ မဟာမိတ်တပ်ပေါင်းစု ဒရုန်းတပ်ဖွဲ့မှ တစ်လကျော်ကြာ ခုခံတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ပုလောမြို့နယ် ရှပ်ပုံကျေးရွာမှာ တစ်လကျော်အတွင်း တိုက်ပွဲပေါင်း ၁၀ကြိမ်ထက်မနည်းဖြစ်ခဲ့ရာ စစ်ကောင်စီဘက်က ၁၀ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရခဲ့ဟု အသိပေးပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့်လည်း ပြည်သူ ၂ဦး သေဆုံးခဲ့ရသလို စစ်တပ် က ဒရုန်း အသုံးပြု မီးလောင်ဗုံးကြဲချလို့ ရှပ်ပုံရွာ က ပြည်သူလူထု နေအိမ် ၆၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း ဖော်ပြထားပါတယ်။

အခု ဖေဖော်ဝါရီ ၁၈ ရက်မှာတော့ တော်လှန်ရေး ပူးတွဲစစ်ကြောင်းမှ အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်ခဲ့ရာ ဒေသတွင်းက တန်းရှင်းဘုန်းကြီးကျောင်း၊ သင်္ကန်းတောစေတီကုန်းနဲ့ဘုန်းကြီးကျောင်းတို့အား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

တိုက်ပွဲကာလအတွင်း မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းဘက်မှ ရဲဘော် ၇ ဦးနဲ့ ကရင်အမျိုးသား ကာကွယ်ရေးတပ်မှ ရဲဘော် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ဟုလည်း အသိပေးပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးအရှင်ဖမ်းမိခဲ့ပြီး တစ်ဦးမှာ လက်နက်ခဲယမ်းအပြည့်အစုံနဲ့ အလင်းဝင်ရောက် ခိုလှုံလာခဲ့ကြောင်း အသိပေးထားပြီး ဖမ်းဆီး ရမိသူနဲ့ အလင်းဝင်လာသူတို့အား နိုင်ငံတကာစစ်သုံ့ပန်း ဥပဒေနဲ့အညီ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားဟု ဖော်ပြပါတယ်။

စစ်ကောင်စီတပ်ဟာ မြေပြင်တိုက်ပွဲမှာအရေးနိမ့်ကာ စခန်းများ လက်လွှတ်ရလို့ ဖေဖော်ဝါရီ ၁၈ရက်မှာပဲ တိုက်လေယာဉ်နဲ့ သင်္ကန်းတောဘုန်းကြီးကျောင်းအတွင်းသို့ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်းလည်း အသိပေးပါတယ်။

စစ်ရေးအခြေအနေမှာ ဆက်လက်ပြင်းထန်နေဆဲဖြစ်လို့ ဘေးကင်းရာနေဖို့ တော်လှန်ရေးတပ်ဖွဲ့များရဲ့စစ်ရေးသတိပေးချက်များကို တိကျစွာ လိုက်နာပေးကြ ဖို့ မေတ္တာရပ်ခံထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင်ဖြစ်သူသေဆုံးပြီး သား၊သမီး ၂ဦးဒဏ်ရာရ

သတင်း

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါတဲ့ အိမ်စီးကား တိုက်ခိုက်မှုအတွင်း ဗိုလ်ကြီးအပါအ၀င် ၂ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေ ရရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက သတ်ဖြတ်သွားတဲ့ ဒေသခံတွေရဲ့ ရုပ်အလောင်း ၈ လောင်းထက်မနည်း တွေ့ရှိပြီး လေကြောင်းပစ်ကူနဲ့ ဆက်စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။