Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးလှုပ်ရှားမှုတွေဟာ လူထုဝန်ပိစေတာမျိုးမဖြစ်ဖို့ NUGယာယီသမ္မတ သတိပေး

တော်လှန်ရေး လှုပ်ရှားမှုတွေကို ဖော်ဆောင်တဲ့နေရာမှာ လူထုကိုဝန်ပိစေတဲ့ကိစ္စရပ်တွေ မဖြစ်ရေး အထူးသတိထားဖို့လိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားပါတယ်။

NUG ယာယီသမ္မတ ဒူဝါလရှီးလ ရဲဘော်တွေနဲ့ တွေ့ဆုံနေစဉ်။ ဓာတ်ပုံ - ယာယီသမ္မတ

မတ်-၃၊၂၀၂၆။ ထားမြတ်/People’s Spring

တော်လှန်ရေး လှုပ်ရှားမှုတွေကို ဖော်ဆောင်တဲ့နေရာမှာ လူထုကိုဝန်ပိစေတဲ့ကိစ္စရပ်တွေ မဖြစ်ရေး အထူးသတိထားဖို့လိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားပါတယ်။

မနေ့က မတ်လ ၂ရက်မှာပြုလုပ်တဲ့ ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားမှာ ယာယီသမ္မတက လူထုအကျိုးစီးပွားကို ဦးစားပေးဖို့ အခုလို အလေးထား ပြောကြားခဲ့တာပါ။

” လူထု အကျိုးစီးပွားနဲ့ တော်လှန်ရေးထိရောက်ဖို့ယှဉ်လာရင် လူထုရဲ့ အကျိုးစီးပွားကို ဦးစားပေးဖို့ လိုပါတယ်။ ကျနော်တို့အနေနဲ့ လူထု ယုံကြည်မှု ပြည်သူ့ယုံကြည်မှုဟာ တော်လှန်ရေးရဲ့ အသက် ဖြစ်ပါတယ်။ ပြည်သူ့ယုံကြည်ဖို့ ပျက်ယွင်းသွားရင် တော်လှန်ရေး ဆက်လုပ်ဖို့ မလွယ်ကူဘူးဆိုတာ သတိချပ်စေချင်ပါတယ်”လို့ ယာယီသမ္မတက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးအချိန်ကြာလေ လူထုနဲ့ တော်လှန်ရေးဘက်တော်သားတွေ အထွေထွေအကန့်အသတ်တွေ အကြပ်အတည်းတွေ တဖြည်းဖြည်းကြီးထွားလာတက်ကြောင်းလည်း ယာယီသမ္မတက ပြောပါတယ်။

ယာယီသမ္မတအနေနဲ့ အရင်ကလည်း တော်လှန်ရေးခေါင်းဆောင်တွေ လူထုနဲ့ တသားတည်းရပ်တည်ဖို့ မဟာမိတ် အချင်းချင်း စည်းလုံး ညီညွတ်ရေး အမြဲ ဝိရိယထုတ်ဖို့ မှာကြားခဲ့တာရှိပါတယ်။

” လူထုနဲ့ ကင်းကွာတဲ့ နိုင်ငံရေးခေါင်းဆောင်များအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ဝင်အားလုံးကို ကျနော့် အနေနဲ့ မမြင်ချင်ပါဘူး။” လို့ ယာယီသမ္မတကပြောကြားခဲ့ဖူးပါတယ်။

မနေ့က ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို NUG က သဝဏ်လွှာပေးပို့ခဲ့ရာ အစိုးရအနေနဲ့ တိုင်းရင်းသားလူမျိုးအားလုံး တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ အပြည့်အဝရှိပြီး ဘယ်လူမျိုး ဘယ်အဖွဲ့အစည်းကမျှ လွှမ်းမိုး ချုပ်ကိုင်ခြင်းမရှိတဲ့တရားမျှတသောဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး အတွက် တိုင်းရင်းသားတော်လှန်ရေး မဟာမိတ်အင်အားစုတွေနဲ့အတူ လက်တွဲချီတက်သွားမယ်လို့ ဖော်ပြခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook