Connect with us

Hi, what are you looking for?

သတင်း

စိန်ခေါ်မှုတွေကြောင့် လေ့ကျင့်မှုနဲ့ စစ်ရေးပြင်ဆင်မှုတာဝန် အလွန်ကြီးမားဟု ကိုးကန့် တပ်မှူးပြော

လက်ရှိ အခြေအနေတွဟာ စိန်ခေါ်မှုတွေနဲ့ စွန့်စားရမှုတွေ ရောယှက်နေပြီး စစ်ရေးလေ့ကျင့်မှုနဲ့ စစ်ရေးပြင်ဆင်မှု တာဝန်တွေ အလွန်ကြီးမားကြောင်း ကိုးကန့်တပ်မတော်(MNDAA) တပ်မဟာ(၃၁၁) တပ်မဟာမှူး ဗိုလ်မှူးကြီး လုဇူမောက်က ပြောကြားခဲ့ကြောင်း MNDAAက သတင်းထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - The Kokang

မတ်-၆၊ ၂၀၂၆။ ထားမြတ်/People’s Spring

လက်ရှိ အခြေအနေတွဟာ စိန်ခေါ်မှုတွေနဲ့ စွန့်စားရမှုတွေ ရောယှက်နေပြီး စစ်ရေးလေ့ကျင့်မှုနဲ့ စစ်ရေးပြင်ဆင်မှု တာဝန်တွေ အလွန်ကြီးမားကြောင်း ကိုးကန့်တပ်မတော်(MNDAA) တပ်မဟာ(၃၁၁) တပ်မဟာမှူး ဗိုလ်မှူးကြီး လုဇူမောက်က ပြောကြားခဲ့ကြောင်း MNDAAက သတင်းထုတ်ပြန်ပါတယ်။

မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ တပ်မဟာ (၃၁၁)ရဲ့ စစ်သင်တန်းဖွင့်ပွဲ တစ်ခုကိုမတ်လ ၃ရက်က ကျင်းပရာ အခုလို ပြောကြားခဲ့တာလို့ဆိုပါတယ်။

တပ်မဟာ(၃၁၁) လက်အောက်ခံ တပ်ရင်းတစ်ခုမှ တပ်ဖွဲဝင်တွေရဲ့ လက်တွေ့စစ်မြေပြင် စွမ်းဆောင်ရည်နဲ့ စစ်သည်တော်အရည်အသွေးများကို စဉ်ဆက်မပြတ် မြှင့်တင်နိုင်ရန် ရည်ရွယ်ပြီးအခုလို စစ်သင်တန်းကျင်းပတာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါဟာ ဗဟိုက အလှည့်ကျသင်တန်းပိုချခြင်းဖြစ်ပြီး တပ်ဖွဲရဲ့မစ်ရှင်အမျိုးမျိုးကို ဆောင်ရွက်နိုင်စွမ်း ဘက်စုံပြုစုပျိုးထောင်ဖို့နဲ့ အရေးပေါ်အခြေအနေများအတွက် ခိုင်မာသော အခြေခံအုတ်မြစ် ချမှတ်ပေးဖို့ ရည်ရွယ်တဲ့ မဟာဗျူဟာမြောက် လုပ်ဆောင်ချက်ဖြစ်ကြောင်း လည်း တပ်မဟာမှူးက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးတောင်းကျန်းချီက သင်တန်းဖွင့်ပွဲ အမှာစကားခဲ့ရာလက်ရှိ ရှုပ်ထွေးပြင်းထန်သော အခြေအနေများအောက်မှာ စစ်သည်တော်အရည်အသွေး မြှင့်တင်ဖို့ အရေးကြီးကြောင်း ပြောကြားခဲ့သလို တပ်ဖွဲဝင်အားလုံး နိုင်ငံရေးအမြင် မြင့်မားဖို့၊ သစ္စာရှိမှုကို ခိုင်မာစွာ တည်ဆောက်ဖို့နဲ့ တပ်မတော်အပေါ် ပါတီရဲ့ အကြွင်းမဲ့ဦးဆောင်မှုကို အမြဲကိုင်စွဲကာ သစ္စာရှိ၊ စင်ကြယ်ပြီး ယုံကြည်စိတ်ချရသူများ ဖြစ်စေဖို့ ကိစ္စတွေ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

MNDAAဟာ လက်ရှိမှာ စစ်ကောင်စီနဲ့ အပစ်ရပ်စဲထားတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ တရုတ်အစိုးရရဲ့ ဖိအားပေးမှု ကြားဝင်မှုနဲ့ ၂၀၂၅ နှစ်ဆန်းပိုင်းမှာ စစ်ကောင်စီနဲ့အပစ်ရပ်စဲခဲ့တာပါ။ တဖက်မှာလည်း MNDAA ဟာ မဟာမိတ် အချင်းချင်းဖြစ်တဲ့ တအာင်းတပ်မတော်(TNLA)နဲ့လည်း တင်းမာမှု အချို့ ဖြစ်ပေါ်လျက်ရှိပါတယ်။

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်မှာ အုပ်ချုပ်ရေးဆိုင်ရာနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီ ၁၃ရက်ကစတင်ပြီး အောက်ခြေရဲဘော်တွေအကြား ပြဿနာ စတင်ခဲ့ရာ နှစ်ဖက်ဆွေးနွေးမှုတွေ ရှိပေမယ့် ပြေလည်မှု မရသေးဘဲ ဒေသအချို့မှာ စစ်ဆင်ပြင်ဆင်တာ၊ အပြန်အလှန် ဖမ်းဆီးမှုတွေရှိနေတာစတဲ့ ပဋိပက္ခတွေ ဖြစ်ပေါ်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပေါ့ဆမနေဘဲ အထူးဒေသကို သစ္စာရှိရှိကာကွယ်စောင့်ရှောက်ကြဖို့ MNDAA စစ်ရေးဆိုင်ရာအရာရှိက တိုက်တွန်းလိုက်ပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

ဆောင်းပါး

နေပြည်တော်ကလာတဲ့ အမိန့်ကို ဂရုမစိုက်တတ်တဲ့၁၀၂၇စစ်ဆင်ရေးဖိုက်တာMNDAAက ရှမ်းမြောက်မှာ စစ်တပ်နဲ့ အုပ်ချုပ်ရေးအာဏာပြိုင်ပွဲကို အသံတိတ်စစ်မျက်နှာဖွင့်လှစ်လိုက်ပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)က၁၀၂၇ စစ်ဆင်ရေးမှာဖမ်းဆီးခဲ့တဲ့ စစ်သုံ့ပန်းတွေအနက် ၁၀၀ကျော်ကို စစ်တပ်ထံ ဒီကနေ့ ထပ်မံလွှဲပေးလိုက်တယ်လို့​ဒေသခံသတင်းရင်းမြစ်အချို့က​ပြောပါတယ်။