Connect with us

Hi, what are you looking for?

သတင်း

ညောင်ဦးမြို့နယ်မှာ စစ်တပ် စစ်ကြောင်းထိုးပြီး နေအိမ်တွေ မီးရှို့ဖျက်‌ဆီး

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်က ငါ့သရောက် မြို့က ကျေးရွာတွေကို စစ်တပ်က အင်အားအများအပြားနဲ့စစ်ကြောင်းထိုး‌နေပြီး ပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးတာတွေလုပ်နေတယ်လို့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

(ညောင်ဦးမြို့နယ် ငါ့သရောက်မြို့က ကျေးရွာတွေကို စစ်တပ်က မီးရှိုဖျက်ဆီးပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)

မတ်-၁၀၊၂၀၂၆။တေဇ/People’s Spring

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်က ငါ့သရောက် မြို့က ကျေးရွာတွေကို စစ်တပ်က အင်အားအများအပြားနဲ့စစ်ကြောင်းထိုး‌နေပြီး ပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးတာတွေလုပ်နေတယ်လို့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းက ငါ့သရောက်နယ်ကို ဖေဖော်ဝါရီ ၂၈ ရက်မှာ စတင် စစ်ကြောင်းထိုးခဲ့တာဖြစ်ပြီး မတ်လ ၁ရက်မှာ ‌ကျူတောကျေးရွာက ပြည်သူ‌တွေရဲ့ နေအိမ် ၄၀ လောက်ကို မီးရှို့ခဲ့တာလို့ ပြောပါတယ်။

ဒါ့အပြင် အခြားကျေးရွာတွေမှာလည်း နေအိမ်တွေ ဖျက်ဆီးတာ ၊ပစ္စည်းတွေခိုးယူတာတွေလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“ထမိန်ကအစ ခိုးယူခဲ့ပါတယ်။ ပြည်သူများကို ဖမ်းဆီးပြီး ခိုးရာပါပစ္စည်းတွေ သယ်ယူခိုင်းတာတွေလဲ ရှိပါတယ်။”လို့ ညောင်ဦးပကဖ တာဝန်ရှိသူက ပြောပါတယ်။

ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့ အဲဒီ့စစ်ကြောင်းနဲ့ တိုက်ပွဲ နှစ်ကြိမ်ဖြစ်ခဲ့ပြီး စစ်တပ်က သေဆုံးမှုများခဲ့တယ်လို့ ဆိုပါတယ်။

” မီးရှို့ဖျက်ဆီးသွားတဲ့စစ်ကြောင်းက မနေ့က(မတ်၉) မနက်ပိုင်းလောက်က ပြန်ဆုတ်သွားတယ်။ ဒါပေမယ့် ဒီနေ့(မတ်၁၀)မနက်ပိုင်းမှာ ငါ့သရောက် အနောက်ဘက် ညောင်ကြီးအိုဘက်မှာ အင်အားပြန်တိုးလာပြီး ဒီဘက်ကိုစစ်ကြောင်း ပြန်ထိုးမယ့်အနေအထားရှိတယ်ဗျ။ အနေအထားကြည့်ရတာတော့ ငါ့သရောက်နယ်မြေကိုတစ်ရွာမှ အလွတ်မပေးပဲ ရွာတိုင်းကိုစစ်ကြောင်းထိုးမယ့်အနေအထားရှိတယ်”လို့ ပြောပါတယ်။

စစ်တပ်ဟာ ညောင်ဦးမြို့နယ်က ငါ့လင်းပုတ် ကျေးရွာကို ဒီကနေ့ မနက်စောမှာ ဝင်ရောက်ပြီး နေအိမ်တွေမီးရှို့ဖျက်ဆီးရာ နေအိမ် ၁၀လုံး မီးလောင်ခဲ့ပြီး အသက်(၂၀)အရွယ် လူငယ်တစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ညောင်ဦးမြို့နယ်မှာ မကြာခဏစစ်ကြောင်းထိုးပြီး နေအိမ်တွေ မီးရှို့ဖျက်ဆီးတာတွေ လုပ်နေပါတယ်။ ဒါ့အပြင် ဒေသတွင်းက တော်လှန်ရေးတပ်ဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေ မကြာခဏဖြစ်နေပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၅ ဩဂုတ်လကုန်အထိ စုစည်းထားတဲ့ အချက်အလက်တွေအရ စစ်အာဏာသိမ်း လေးနှစ်ကျော်ကာလအတွင်း အရပ်သားနေအိမ်ပေါင်း ၁၁၉,၄၁၁ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data for Myanmarက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့အနီးကို စစ်တပ်က ဒရုန်းနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေပြီး အရပ်သားတချို့ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူ‌တွေရှိရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေလို့ ထိခိုက်သေဆုံးမှုတွေ ပိုမိုများပြားလာတယ်လို့ အာရက္ခတပ်တော်(AA)က ဒီနေ့ စက်တင်ဘာ ၁၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

Facebook