Connect with us

Hi, what are you looking for?

သတင်း

တော်လှန်​ရေးတပ်​တွေ တ​ကောင်းမြို့ကို ပြန်လက်လွတ်ရ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က တကောင်းမြို့အတွင်းကိုစစ်​ကောင်စီတပ်တွေ ဒီ​နေ့ဝင်ရောက်လာပြီးတော်လှန်ရေးတပ်တွေကမြို့ကိုပြန်လက်လွှတ်လိုက်ရတယ်လို့စစ်​ရေးသတင်းရင်းမြစ်​တွေက​ပြောပါတယ်။

( ၂၀၂၄ သြဂုတ်လမှာ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေကို တကောင်းမြို့အဝင် ဆိုင်းဘုတ်နဲ့ တွေ့ရစဉ်။ ဓာတ်ပုံ-NUG/MOD)

မတ်-၁၀၊၂၀၂၆၊ရှိန်း/People’s Spring

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က တကောင်းမြို့အတွင်းကိုစစ်​ကောင်စီတပ်တွေ ဒီ​နေ့ဝင်ရောက်လာပြီးတော်လှန်ရေးတပ်တွေကမြို့ကိုပြန်လက်လွှတ်လိုက်ရတယ်လို့စစ်​ရေးသတင်းရင်းမြစ်​တွေက​ပြောပါတယ်။

တကောင်းမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ အာဏာသိမ်းစစ်တပ်က တက္ကသိုလ်တန်းမြှင့်‌‌ လေ့ကျင့်ရေးသင်တန်းကျောင်း (တတက-၁၃)ကနေ ၂၀၂၆ ဖေဖော်ဝါရီ ၆ရက်ကစတင် စစ်

ကြောင်းထိုးလာပြီး တစ်လကျော်အကြာမှာမြို့အတွင်းကို ဝင်ရောက်လာနိုင်တာဖြစ်ပါတယ်။”စကစဝင်သွားတာ မှန်ပါတယ်”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

၁၀၂၇စစ်ဆင်ရေး ဒုတိယပိုင်းမှာ NUG လက်​အောက်ခံ PDF ၊ပကဖ ​တွေက ၂၀၂၄ သြဂုတ်လမှာအပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ ။

စစ်တပ်က မန္တ​လေးတိုင်းအတွင်းဆုံးရှုံးခဲ့တဲ့ သပိတ်ကျင်းမြို့ ၊မတ္တရာမြို့နယ်အ​ရှေ့ခြမ်း ၊စဥ့်ကူးမြို့နယ် တို့ကို တန်ပြန်ထိုးစစ်ဆင်ပြီး ၂၀၂၅ ခုနှစ်မှာထိန်းချုပ်နိုင်ခဲ့ပါတယ်။မိုးကုတ်မြို့ကို​တော့ တရုတ်အစိုးရရဲ့ကြားဝင်မှု နဲ့ TNLA ကစစ်​ကောင်စီကို ၂၀၂၅ နှစ်ကုန်ပိုင်းမှာပြန်လွှဲ​ပေးခဲ့ပါတယ် ။

ဒါ​ကြောင့် မန္တ​လေးတိုင်းအတွင်း​တော်လှန်​ရေးတပ်​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ ​နောက်ဆုံးမြို့ဖြစ်တဲ့ တ​ကောင်းမြို့ကို စစ်တပ်က အခုနှစ် ဖေဖော်ဝါရီ ၆ရက်စတင်ကာ စစ်တပ်ကတန်ပြန် ထိုးစစ်ဆင်ခဲ့တာပါ။

တကောင်းမြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ NUGလက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊မန္တလေးခရိုင် တပ်ရင်းတပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တွေ ပူးပေါင်းခုခံနေတာဖြစ်ပါတယ်။ ​မြေပြင်စစ်​ကြောင်း​တွေကိုခုခံကာကွယ်နိုင်​ပေမယ့် စစ်တပ်က ဒရုန်းအားသာတာ​ကြောင့် ​တော်လှန်​ရေးတပ်​​တွေ တဖြည်းဖြည်းဆုတ်​ပေးခဲ့ရတယ်လို့တော်လှန်​ရေးတပ်ဖွဲ့ဝင်အချို့က​ပြောပါတယ်။

စစ်တပ်ရဲ့တန်ပြန်ထိုးစစ်အတွင်း စစ်ဘေးရှောင်ပြည်သူ သောင်းနဲ့ချီ ထွက်​ပြေးတိမ်း​ရှောင်ခဲ့ရလို့အကူအညီ​တွေလိုအပ်နေပါတယ်။ဒါ့အပြင် စစ်တပ်က ဒရုန်းဗုံးကြောင့် ပြည်သူသေဆုံးထိခိုက်မှုတွေလည်းရှိတယ်လို့ လည်း​ဒေသခံအချို့က​ပြောပါတယ်။

တ​ကောင်းမြို့ကိုစစ်တပ်က မတ်လ ၁၀ ရက်မှာ ပြန်ထိန်းချုပ်သွားနိုင်ပြီး​တော့ တရုတ်ရင်းနှီးမြှပ်နှံမှုဖြစ်တဲ့ ​တ​ကောင်းနီကယ်စီမံကိန်းဘက်ကို ဦးတည်စစ်​ကြောင်းထိုး​နေတယ်လို့ ​ဒေသခံစစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။ရင်းနှီးမြှပ်နှံမှုတန်ဖိုး ​​ဒေါ်လာသန်းရာနဲ့ချီရှိတဲ့တ​ကောင်းနီကယ်စီမံကိန်းကို NUG လက်​အောက်ခံPDF ​တွေကထိန်းချုပ်ထားတာဖြစ်ပါတယ် ။

NUG လက်အောက်ခံတပ်တွေက ရှမ်းမန်းစစ်ဆင်ရေးအဖြစ် မန္တလေးမြို့မြောက်ဘက်မိုင် ၁၀၀ ခန့်အကွာက တကောင်းမြို့ကို ၂၀၂၄ သြဂုတ် ၁၂ရက်မှာ သိမ်းယူခဲ့တာဖြစ်ပါတယ်။တကောင်းမြို့သိမ်းတိုက်ပွဲမှာ ​တော်လှန်​ရေးတပ်​တွေကစစ်သုံ့ပန်းစစ်သား ၂၀ကျော် ဖမ်းဆီးရခဲ့ပါတယ်။ဒါ​ကြောင့် ​တော်လှန်​ရေးတပ်​​တွေက မြို့ကိုသိမ်းပိုက်ထိန်းချုပ်ပြီး တစ်နှစ်နဲ့ ခုနှစ်လနီးပါးအကြာမှာ ပြန်လက်လွတ်ခဲ့ရတာဖြစ်ပါတယ်။

၁၀၂၇စစ်ဆင်ရေးမှာ တော်လှန်ရေးတပ်တွေ သိမ်းယူထားတဲ့မန္တလေးမြို့ရဲ့ မြောက်ဘက်က မစဉ့်ကူး၊သပိတ်ကျင်း၊ မတ္တရာမြို့နယ်အ​ရှေ့ခြမ်း၊မိုးကုတ်နဲ့ မိုးမတ်မြို့ကိုလည်း စစ်တပ်က ပြန်လည်ထိန်းချုပ်ထားပါတယ်။ ဒါပေမယ့် မိုးကုတ်နဲ့ မိုးမိတ်မြို့ကိုတော့ တရုတ်အစိုးရအကူအညီနဲ့ တောင်းယူခဲ့တာ ဖြစ်ပါတယ်။

တကောင်းမြို့ဟာ စစ်ကောင်စီရဲ့ ရေကြောင်းလမ်းကိုဖြတ်တောက်တဲ့နေရာမှာ အရေးပါတဲ့ နေရာဖြစ်သလို စစ်ကိုင်းတိုင်းနဲ့ မြစ်ကူးနေရာဖြစ်ပြီး စစ်ရေးအရအရေးပါတဲ့ နေရာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲကကိုးတောင်ဘို့စခန်းကို ​တော်လှန်​ရေးတပ်တွေကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတဲ့နောက် ကောလင်းမြို့နယ်ကိုရောက်နေတဲ့စစ်တပ် စစ်ကြောင်းပြန်လည်ဆုတ်ခွာသွားတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။