မတ်-၁၂၊ ၂၀၂၆။ဟာနာဆန်/People’s Spring
မကွေးတိုင်း၊ ပေါက်မြို့နယ်က စစ်ဘေးရှောင် စာသင်ကျောင်း သုံးကျောင်းမှာ အမိုးအကာနဲ့ ကျောင်းဆောင်တွေ အရေးပေါ် လိုအပ်နေကြောင်း မြို့နယ်လူသားစာနာဌာန တာဝန်ရှိသူက ပြောပါတယ်။
ပေါက်မြို့နယ်အတွင်း နေရပ်စွန့်ခွာလာကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေရဲ့ ကလေးငယ်များ ပညာသင်ကြားနိုင်ရန်အတွက် ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်း (၃) ကျောင်းမှာ အမိုးအကာနဲ့ ကျောင်းဆောင်တွေ လိုအပ်နေပြီး လက်ရှိ အဆင်ပြေသလို အရိပ်ရရာနေရာတွေမှာ သင်ကြားပေးနေရကြောင်း ပေါက်မြို့နယ် လူသားစာနာဌာန တာဝန်ရှိသူက ပြောပါတယ်။

“ကျောင်းဆောင် ဆောက်နိုင်အောင် ကူညီပေးနိုင်မယ့်သူတွေ ကျနော်တို့ ချိတ်ဆက်အကူအညီတောင်းနေတယ်”လို့ ၎င်းတာဝန်ရှိသူက ဆိုပါတယ်။

Public Service Announcement
အဆိုပါကျောင်း (၃)ကျောင်းမှာ အခြေခံပညာ ကျောင်းသားကျောင်းသူ (၁၈၅) ဦးအား ဆရာ၊ ဆရာမမ (၁၈) ဦးက သင်ကြားပေးနေတယ်လို့ သိရပါတယ်။
အဆိုပါ စစ်ဘေးရှောင်စာသင်ကျောင်းများအတွက် အလှူရှင်များအနေနဲ့ တိုက်ရိုက်ချိတ်ဆက် ကူညီနိုင်စေရန်အတွက် ပေါက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)နဲ့ တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။
လက်ရှိ ပေါက်မြို့နယ်အတွင်းကို ပခုက္ကူအခြေစိုက် တပ်မ (၁၀၁)ကနေ ထွက်လာတဲ့
စစ်ကောင်စီရဲ့ ရိက္ခာယာဉ်တန်း ရောက်ရှိလာနေပြီး ပျူရွာတွေနဲ့ ကပစ ၂၄ ကို ရိက္ခာ၊ ခဲ၊ ယမ်းနဲ့ ကုန်ကြမ်းပစ္စည်းတွေ လာပို့တာဖြစ်နိုင်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။


















































