Connect with us

Hi, what are you looking for?

သတင်း

ဆိပ်ဖြူ ကပစ(၂၂)နှင့် ယောဒေသကို စစ်တပ် စစ်ကြောင်းထိုးနေ

မကွေးတိုင်း၊ပေါက်မြို့နယ်အမှတ်(၂၄)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ−၂၄) ရောက်လာသည့် စစ်ကောင်စီယာဥ်တန်းများနှင့် တပ်သားများသည် ဆိပ်ဖြူမြို့နယ်ရှိ ကပစ(၂၂)နှင့် ယောဒေသဘက်သို့ အင်းအားဖြန့်ခွဲပြီး စစ်ကြောင်းထိုးလာကြောင်း သတင်းရရှိသည်။

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင်း တွေ့ရသော စစ်ကောင်စီတပ် စစ်ကြောင်း။ဓာတ်ပုံ − Successful Pauk

စက်တင်ဘာ၂၊၂၀၂၅။ဇော်ဝင်း/People’s Spring

မကွေးတိုင်း၊ပေါက်မြို့နယ်အမှတ်(၂၄)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ−၂၄) ရောက်လာသည့် စစ်ကောင်စီယာဥ်တန်းများနှင့် တပ်သားများသည် ဆိပ်ဖြူမြို့နယ်ရှိ ကပစ(၂၂)နှင့် ယောဒေသဘက်သို့ အင်းအားဖြန့်ခွဲပြီး စစ်ကြောင်းထိုးလာကြောင်း သတင်းရရှိသည်။

ပေါက်မြို့နယ် မျှားပိုင်းကျေးရွာအနီးရှိ ပကစ(၂၄)မှတဆင့် ထီးလင်းမြို့နယ်ဘက်လမ်းပိုင်းရှိ ရေဖြူကျေးရွာ၌ အင်အား၂၀၀‌ကျော်‌ဖြည့်တင်းထားသည့်အပြင် ပေါက်မြို့နယ်နှင့် ထီးလင်းမြို့နယ်အစပ်ကြား ပုံတောင်ကျောတွင် စစ်ကြောင်းတကြောင်းဖြင့် လှုပ်ရှားနေသည်ဟု ထီးလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ပြောသည်။

“သတင်းအရတော့ သူတို့ဆုံးရှုံးထားတဲ့ နတ်ထိပ်ကို ပြန်လည်ရယူနိုင်ရေး စစ်ကြောင်းထိုးလာတာ ဖြစ်နိုင်ကြောင်းခန့်မှန်းရပါတယ်”ဟု ထီးလင်း ပကဖ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

​စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအစပ် ပုလဲမြို့နယ်အနောက်ပိုင်းရှိ နတ်ထိပ်တောင် (ပုံတောင်)ကို ယော​ဒေသကာကွယ်ရေးအဖွဲ့များက ထိန်းချုပ်ထားပြီး ရေနံမှော်အချို့လည်း ရှိသည်။

ထို့အပြင်ပေါက်မြို့နယ် အရှေ့တောင်ပိုင်း ရောက်‌ရှိနေသော ရိက္ခာကားအပါအဝင်အစီး ၁၀၀ကျော်ပါသည့် စစ်ကောင်စီယာဥ်တန်းသည် ဆိပ်ဖြူမြို့နယ်အတွင်းစတင်ဝင်ရောက်နေပြီး ကပစ (၂၂)သို့ ဦးတည်နေကြောင်း ပေါက်မြို့နယ် စစ်ရေးသတင်း ရင်းမြစ်အချို့က ပြောသည်။

စစ်ကောင်စီတပ်သည်ယာကြီးပြင်၊ဇီးပြား၊သစ်ချိုကုန်းအစရှိသည့် ပေါက်မြို့နယ်မှ ပျူစောထီးရွာများအား ရိက္ခာဖြည့်တင်းခြင်းလည်း ပြုလုပ်ထားသည်။

“မန္တလေးအဆင့်၊ပခုက္ကူအဆင့်က ဖြတ်လေးဖြတ် ဖြစ်နိုင်တယ်။မြေပြင်စစ်ကြောင်းကနေဖြတ်တောက်မှုက ယောဘက်ထိ မရောက်သေးဘူး။ပေါက်ကို အင်အားဖြည့်ရင်းကနေ ယော၊ရခိုင်၊ချင်းကို ဖြတ်တောက်ဖို့က သူတို့ရည်မှန်းချက်။အဲဒီလို ဖြစ်လာနိုင်လား၊မဖြစ်နိုင်ဘူးလားဆိုတာရှေ့ဆက်စောင့်ကြည့် ရမယ်”ဟု မကွေးတိုင်းစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီ၏ နေစဥ် လေကြောင်းတိုက်ခိုက်မှုများနှင့်အတူ လက်ရှိစစ်ရေးအခြေအနေကြောင့် ပြည်သူ များ လုံခြုံရေးအထူးသတိပြုကြရန်လည်း ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းများက တိုက်တွန်းထားသည်။

မေလနောက်ဆုံးပတ်ကစ၍ ပခုက္ကူအခြေစိုက် တပ်မ(၁၀၁)မှ ပေါက်မြို့နယ်အခြေစိုက် ကပစ(၂၄)သို့ စစ်ကောင်စီက အင်အားဖြည့်တင်းမှု လုပ်နေသည်။

အမှတ်(၁၀၁) ခြေမြန်တပ်မဌာနချုပ်လက်အောက်ခံ ခြေလျင်တပ်ရင်းများဖြစ်သည့် ခလရ(၂၅၁၊ ၁၅၂၊၂၅၄၊၂၅၇၊၂၅၈၊၂၅၉၊ ၂၃၅) တပ်ရင်းများနှင့် ပြည်သူ့စစ်သင်တန်းအပတ်စဉ် (၅၊၆၊၇၊၈၊၉)မှ သင်တန်းဆင်း စုစုပေါင်း အင်အား ၁၀၀၀ခန့် ပါရှိခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်များသည် သြဂုတ် ၂၀ရက်က ကပစ(၂၄)ရောက်ရှိပြီးနောက် ကျေးရွာများ မီးရှို့ခြင်းနှင့် အရပ်သားများ သတ်ဖြတ်မှုများ ဆက်တိုက်ကျူးလွန်နေသည်။

မကွေးတိုင်းအတွင်း၌ ပေါက်၊မြိုင်၊ဆော၊ထီးလင်းနှင့် ရေစကြိုမြို့နယ်များကို စစ်ကောင်စီက အရေးပေါ်အခြေအနေအဖြစ် ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့် မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၈)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။