Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ စစ်ကိုင်းတိုင်းကယာဥ်တွေ ဆီရောင်းချမှု ကန့်သတ်

မန္တလေးမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်တချို့မှာ စစ်ကိုင်းတိုင်းက မော်တော်ယာဉ်တွေကို စက်သုံးဆီရောင်းချပေးခြင်းမပြုဖို့ ကန့်သတ်မှုတွေရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

မန္တလေးမြို့တွင် စက်သုံးဆီဝယ်ယူရန် တန်းစီနေသော ဆိုင်ကယ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-CJ

မတ်-၁၄၊၂၀၂၆။မေရီ/People’s Spring

မန္တလေးမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်တချို့မှာ စစ်ကိုင်းတိုင်းက မော်တော်ယာဉ်တွေကို စက်သုံးဆီရောင်းချပေးခြင်းမပြုဖို့ ကန့်သတ်မှုတွေရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

​ယခင်က စစ်ကိုင်းတိုင်းအတွင်းက ယာဉ်တွေဟာ မန္တလေးမြို့ဆီကူးသန်းပြီး စက်သုံးဆီတွေကို ဝယ်ယူလို့ရခဲ့ပေမယ့် ယခု QR စနစ်နဲ့ စက်သုံးဆီရောင်းချတဲ့စနစ် ပြောင်းလဲလိုက်ချိန်မှာတော့ စစ်ကိုင်းတိုင်းက ယာဥ်တွေကို ရောင်းချမပေးတာမျိုး ကန့်သတ်မှုတွေရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

“စစ်ကိုင်းကယာဥ်ဆို မရောင်းပေးဘူး။ အဓိကကတော့ စစ်ကိုင်းဘက်ကို ဆီတွေမရောက်အောင်လို့ လုပ်တာပြောတယ်”လို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ နီးစပ်တဲ့ မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

​ယခုကဲ့သို့ စစ်ကိုင်းတိုင်းလိုင်စင်ယာဉ်တွေကို ကန့်သတ်ခြင်းမှာ တော်လှန်ရေးနယ်မြေများသို့ စက်သုံးဆီနဲ့ လောင်စာဆီများ မရောက်ရှိစေရန်အတွက် ရည်ရွယ်တဲ့ ဖြတ်တောက်မှုမူဝါဒတစ်ခု ဖြစ်နိုင်ကြောင်းဒေသခံတွေက ယူဆပါတယ်။

စစ်ကောင်စီဟာ ယာဥ်အမျိုးအစားအလိုက် တစ်ကြိမ်ဝယ်ရင် ဆိုင်ကယ် ၂လီတာ၊ သုံးဘီးနဲ့ အိုးဝေ ၄လီတာ၊ အိမ်စီးကားများ ၁၂ လီတာ၊ Light Truck (အိမ်စီးကားအမျိုးအစား)၂၀ လီတာ၊ ခရီးသည်တင်ယာဉ်နဲ့ ကုန်ကားကြီးများ ၅၀ လီတာသာ တစ်ရက်ခြား ဝယ်ယူခွင့်ကန့်သတ် ထားတာဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီက QR စနစ်နဲ့အပြင် စုံမစနစ်နဲ့လည်း တစ်ရက်ခြားတစ်ကြိမ်သာ ဝယ်ယူခွင့်ကန့်သတ်ထားတဲ့အပြင် ဆိုင်ကယ်ဆိုရင် ကျပ်ငါးထောင်ဖိုးသာ ရောင်းချပေးတာကြောင့် လုပ်ငန်းသုံးဆိုင်ကယ်တွေ စက်သုံးဆီအခက်အခဲရှိနေတယ်လို့ ဆိုင်ကယ်စီးနင်းသူတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

Tiktok အကောင့်တွေ ဖွင့်လိုက်တိုင်း ပျက်ပျက်သွားလို့ စိတ်အနှောင့်အယှက်ကြီးစွာ ကြုံနေရတဲ့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ဟာ ဒီတခါမှာတော့ Tiktok အကောင့်ပျက်တာထက် ဆိုးရွားတဲ့ ခံစားမှုတစ်ခုကို ရရှိနေပုံရပါတယ်။ အဲဒါကတော့ မန္တလေးမှာ သောင်းကျန်းနေတဲ့ သူ့ရဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်ဆက်မသုံးဖို့ ပြင်းပြင်းထန်ထန် တားမြစ်လိုက်တာပါ။

သတင်း

မန္တလေးမြို့မှာ မီးသတ်ကယ်ဆယ်ရေးယာဉ်ရဲ့ စက်သုံးဆီဝယ်ယူခွင့် QR ကို ပွားကာ စက်သုံးဆီ လိမ်လည်ထုတ်ယူသွားကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

Facebook