Connect with us

Hi, what are you looking for?

သတင်း

QRကုဒ်စနစ်နဲ့ ဆီဖြည့်ရမှုကြောင့် မော်တော်ယာဉ်ပိုင်ရှင်တွေ အခက်အခဲဖြစ်နေ

စစ်ကောင်စီ စီမံတဲ့ စက်သုံးဆီထည့်လို့ရမယ့် QRကုဒ်စနစ်ကြောင့် အခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ မော်တော်ယာဥ်အသုံးပြုနေသူတွေက ပြောပါတယ်။

(တောင်ဥက္ကလာပမြို့နယ် ကညနရုံးမှာ ဝှီးတက် ဘားကုဒ်ပြင်ဖို့ တန်းစီနေသူတွေ ဖြစ်ပါတယ်။ဓာတ်ပုံ - CJ)

မတ်-၁၄၊၂၀၂၆။မိုမို/Peoples Spring

စစ်ကောင်စီ စီမံတဲ့ စက်သုံးဆီထည့်လို့ရမယ့် QRကုဒ်စနစ်ကြောင့် အခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ မော်တော်ယာဥ်အသုံးပြုနေသူတွေက ပြောပါတယ်။

မတ်လ ၁၂ ရက်ကစပြီး စက်သုံးဆီ အရောင်းဆိုင်တွေကနေ မော် တော်ယာဉ်အတွက် Wheel Tax(ယာဥ်သက်သေခံလက်မှတ်)ရဲ့ Bar Code(ဘားကုတ်)ကို မော်တော်ဆိုင်ကယ်တွေအတွက် Wheel Tax ပါအချက်အလက်တွေကို အသုံးပြုပြီး QR Code ထုတ်ပေးပြီး Application နဲ့ အလိုအလျောက်စစ်ဆေးတဲ့ နည်းလမ်းနဲ့ စိစစ်ပြီးမှ စက်သုံးဆီထုတ်ပေးတာဖြစ်ပါတယ်။

ဒါပေမယ့် နံပါတ်တူမော်တော်ယာဥ်(ကားနံပါတ်ပွားထားတဲ့ယာဥ်) က ဆီကြိုဖြည့်သွားတာ၊Scanဖတ်တဲ့အခါ တခြားကားနံပါတ်ပေါ်နေတာ၊ ဘားကုဒ်ပျက်နေတာနဲ့ ရောင်ပြန်စတေကာအုပ်နေတာတွေကြောင့် စက်သုံးဆီ ဆိုင်တွေက ဆီမဖြည့်ပေးတာတွေ ကြုံနေရတာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“ မနေ့က မရက်မှာ ဆီဖြည့်တာ မရဘူး။တောင်ကြီးကနေ ဖြည့်ထားတယ်ပဲ ပြတယ်။တစ်ရက်တစ်ကြိမ်ပဲ ထည့်လို့ရတယ်ဆိုပြီးပဲပြောရတယ်။အဲဒါနဲ့ ရှင်းပြရတာပေါ့။ကားဆီမရတာအပြင်ကို ကိုယ့်ကား အပွား ဖြစ်နေပြီးလား။ဒါမှ မဟုတ် ကျွန်တော့်ကားကပဲ Without ဖြစ်နေလို့လား။တော်တော်ကို အဆင်မပြေဖြစ်နေတာ” လို့ မရမ်းကုန်းမြို့နယ်က Mark IIကားပိုင်ရှင်တစ်ဦးက ပြောပါတယ်။

အခုစနစ်ဟာ စစ်ကောင်စီရဲ့ဝန်ကြီးဌာနတွေ ချိတ်ဆက်မှုမရှိတဲ့အပြင် လူထုအပေါ် ငဲ့ကွက်မှုမရှိတာလို့လည်း မြောက်ဒဂုံမြို့နယ်က ယာဥ်ပိုင်ရှင်တစ်ဦးက အသိပေးပါတယ်။

“ Fully Test မလုပ်ရသေးရင် ဒီစနစ်ကို မသုံးသင့်သေးဘူး။အလောတကြီးလုပ်လိုက်တော့ ခုလို့ errorတွေတက်ရောပေါ့။ပြည်သူတွေကပိုဒုက္ခရောက်တယ်။ခုလို့ဖြစ်တော့ ဘယ်ကောင်မှ တာဝန်မရှိတော့ဘူး။လက်လွတ်စပယ်တွေလုပ်တာ” လို့ သူက ပြောပါတယ်။

ဒါ့အပြင် စက်သုံးဆီမူဝါဒစနစ်ကိုင်တွယ်သူတွေက ကိုယ့်နိုင်ငံအခြေအနေကိုမသိဘဲ QR စနစ် အသုံးပြုတာလို့လည်း မော်တော်ယာဥ် မှတ်ပုံတင်ဝန်ဆောင်မှုလုပ်နေသူတစ်ဦးက ဆိုပါတယ်။

“ အဲဒီ ယာဥ်သက်သေခံလက်မှတ်ရဲ့ ဘားကုဒ်ကိစ္စကြောင့် လူ(ယာဥ်ပိုင်ရှင်)တွေ ဘယ်လောက်တန်းစီး ဒုက္ခရောက်နေရလဲဆိုတာ တောင်ဥက္ကလာ ကညန ရုံးကို လာကြည့်ပါ။ရုံးပိတ်ရက်တောင်ဒီနေ့ ကညန ရုံးဖွင့်ရတယ်။ကညန အသုံးမကျတာအပြင် QRစနစ်ကြောင့် ပါတယ်” လို့ သူက ပြောပါတယ်။

စစ်တပ်ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ဗိုလ်ချုပ်ဇော်မင်းထွန်းက မတ်လဆန်းမှာ အရန်စက်သုံးဆီ ဂါလန် သန်း ၁၃၀ (ရက် ၄၀ )စာရှိသေးတယ်လို့ မတ်လ ၄ ရက်နေ့က ပြောခဲ့ပါတယ်။ဒါ့အပြင် ဆီတင်သဘော် ၁၀စီးကျော်လာဖို့ရှိသေးတယ်လို့ ဆိုထားပါတယ်။

အဲဒီနောက်ပိုင်းမတ်လ ၇ ရက်ကတည်းက စုံနံပါတ်နဲ့ မနံပါတ်အက္ခရာယာဥ်တွေခွဲပြီး စုံရက်၊မရက်တွေမှာပဲ မောင်းဖို့ ၊ ဝှီးတက်ကုဒ်ကို ဖတ်ပြီးတစ်ရက်တကြိမ်ပဲ ဆီထည့်ရမယ့်သတ်မှတ်ချက်တွေအပြင် စက်သုံး ဆီထည့်ရမယ့် လီတာအလိုက် နှုန်းထားတွေကို စစ်တပ်က ထပ်မံကန့်သတ်ခဲ့တာပါ။

စစ်ကောင်စီရဲ့စက်သုံးဆီ ကန့်သတ်ချက်တွေကြောင့် နဂိုကတည်းက စက်သုံးဆီ လိုအပ်ချက်ရှိနေတဲ့ ဒေသတွေနဲ့ လုပ်ငန်းတွေ ရဲ့ ဝယ်ယူရတဲ့ ပမာဏက နှစ်ပတ်အတွင်းအနည်းဆုံး ခြောက်ဆနီးပါးမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။

အရှေ့အလယ်ပိုင်းမှာတိုက်ပွဲတွေ ရေရှည်ဖြစ်နိုင်မှုကြောင့် မြန်မာနိုင်ငံမှာ ပိုဆိုးရွားနိုင်တဲ့ စက်သုံးဆီအကြပ်အတည်း မကြာမီဖြစ်လာနိုင်တယ်လို့ လုပ်ငန်းရှင်တချို့က သုံးသပ်ပါတယ်။

ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုနဲ့ အရှေ့အလယ်ပိုင်းဒေသတွေက ရေနံထုတ်လုပ်တင်ပို့တာတွေလျှော့ချ ပြတ်တောက်မှုတွေကြောင့် ကမ္ဘာ့ရေနံ စျေးတွေက တစ်စည်ကို ဒေါ်လာ တစ်ရာနီးပါ ရှိနေပြီး လေးနှစ်အတွင်းအမြင့်ဆုံးစျေးလို့ ရေနံစျေးကွက် ကျွမ်းကျင်သူတွေက ပြောထားပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ဒီနေ့ စက်သုံးဆီဆိုင်တွေမှာ ယာဥ်တွေ အရင်ကလို ယာဥ်တန်းအရှည်ကြီးနဲ့ ပြန်တန်းစီနေရတာတွေ့တော့ ရင်မောသွားမိတဲ့ကျွန်တော်ဟာအာဏာသိမ်းစစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တစ်ခုခုကို (အမှတ်မရှိစွာဘဲ)မျှော်နေမိပါတယ်။(ဖြီးချင်ဖြီး) နည်းနည်းလေးလောက်တော့ စိတ်သက်သာရာရစေမယ့် စာလေးတစ်ကြောင်းလောက်များ ပါလိုပါငြား မျှော်မိတာပါ။

သတင်း

ဩဂုတ် ၁ ရက် ညနေတွင် ရန်ကုန်မြို့ရှိ ကမာရွတ် ၊ ကြည့်မြင်တိုင် ၊ လှိုင် နှင့် မရမ်းကုန်း စသည့် မြို့နယ်များရှိ စက်သုံးဆီဆိုင်အများစုသည် ဆီရောင်းချပေးခြင်းမရှိသော်လည်း ကားများက ဆီဝယ်ရန် တန်းစီစောင့်ဆိုင်းနေကြသည်။