Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်တွင် ရောင်းရန်ဆီမရှိလည်း ကားများတန်းစီနေ

ဩဂုတ် ၁ ရက် ညနေတွင် ရန်ကုန်မြို့ရှိ ကမာရွတ် ၊ ကြည့်မြင်တိုင် ၊ လှိုင် နှင့် မရမ်းကုန်း စသည့် မြို့နယ်များရှိ စက်သုံးဆီဆိုင်အများစုသည် ဆီရောင်းချပေးခြင်းမရှိသော်လည်း ကားများက ဆီဝယ်ရန် တန်းစီစောင့်ဆိုင်းနေကြသည်။

သတိုး၊သုည/People’s Spring

ရန်ကုန်နှင့် မန္တလေးမြို့များတွင် စက်သုံးဆီကို တန်းစီဝယ်နေရပြီး ဆီမရောင်းပေးသည့် ဆိုင်များတွင်ပင် ကားများတန်းစီ‌နေသည်ကိုတွေ့ရသည်။

ဩဂုတ် ၁ ရက် ညနေတွင် ရန်ကုန်မြို့ရှိ ကမာရွတ် ၊ ကြည့်မြင်တိုင် ၊ လှိုင် နှင့် မရမ်းကုန်း စသည့် မြို့နယ်များရှိ စက်သုံးဆီဆိုင်အများစုသည် ဆီရောင်းချပေးခြင်းမရှိသော်လည်း ကားများက ဆီဝယ်ရန် တန်းစီစောင့်ဆိုင်းနေကြသည်။

Public Service Announcement

Public Service Announcement

https://www.facebook.com/LuduNwayOo/videos/1470973390218217

အထက်ပါမြို့နယ်များအပြင် အခြားမြို့နယ်များတွင်လည်း ဆီဝယ်ရန် အခက်အခဲရှိသူများက ဆီဝယ်ယူရန် လမ်းညွှန်ပေးသည့် Groupများတွင် အကူအညီတောင်းနေသည်ကို တွေ့ရသည်။

ယနေ့ည ၈ နာရီအချိန်ခန့်တွင် တာမွေမြို့နယ်ရှိ ဆီဆိုင်အချို့၌ ဆီအပြည့်ဖြည့်၍ရကြောင်း ကားပိုင်ရှင်အချို့က အသိပေးထားသည်။

“ဆီက မနေ့ထဲက ဘယ်ဆိုင်မှာမှ လိုသလောက်ဝယ်လို့ မရတော့ဘူး။ တမနက်လုံးတန်းစီနေရတယ်။ အနည်းဆုံး တစ်နာရီ ၊ နှစ်နာရီလောက် တန်းစီရတယ်။ ကိုယ့်အလှည့်ရောက်ရင်လည်း လိုသလောက် ဝယ်မရဘူး။ တချို့ဆိုင်တွေက ကားတစ်စီးကို သုံးသောင်း (သို့) ငါးသောင်းဖိုးပဲ ရောင်းပေးတယ်။ ၉၂ ဆို ဝယ်လို့မရတာများတယ်။ ၉၅ ပဲဝယ်ထည့်နေရတယ်။ ကျွန်တော်တို့လို Taxi တွေဆို မကိုက်ဘူး။ တမနက်လုံးတန်းစီပြီး ကားဆွဲ ညနေလောက်ဆို ဆီကတခါပြန်ထည့်ဆိုတော့ အလုပ်မဖြစ်ဘူး။ ကားဆွဲရမယ်မရှိဘူး။ ဆီတန်းစီတာနဲ့ပဲ အချိန်ကုန်နေတယ်”ဟု ရန်ကုန်မြို့နေ အဌားယာဥ်မောင်းတစ်ဦးက ဆိုသည်။

မန္တလေးမြို့တွင်လည်း စက်သုံးဆီဝယ်ယူရန် ညအိပ်စောင့်ဆိုင်းကာ ဝယ်ယူမှုများရှိနေသည်။

“ဆီ ကျန်မနည်းရင် တန်းမစီပါနဲ့။ မနက်ဖြန် သဘက်ခါဆို အဆင်ပြေသွားပါလိမ့်မယ် “ဟု ယာဉ်မောင်းတစ်ဦးက အကြံပြုထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဒေါ်လာဈေးမြင့်တတ်လာသည့် အချိန်တိုင်း စက်သုံးဆီတန်းစီ၍ ဝယ်ယူရလေ့ရှိသည်။

အာဏာသိမ်းပြီးသည့် အချိန်မှစတင်၍ ပြည်သူများမှာ ဆန် ၊ ဆီ ၊ ဆေး ၊ စက်သုံးဆီ စသည်တို့ကို တန်းစီစနစ်ဖြင့် ဝယ်ယူနေရသလို ဘဏ်များ၌ အပ်ထားသည့် ကိုယ်ပိုင်ငွေများကိုလည်း သတ်မှတ်ချက်ဖြင့် ထုတ်ယူနေရသည်။

လတ်တလော ရန်ကုန်မြို့၌ 92 တစ်လီတာ ၂,၆၃၀ကျပ်၊ 95 တစ်လီတာ ၂,၇၅၀ကျပ်၊ ဒီဇယ်တစ်လီတာ ၂,၃၆၅ကျပ် နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၂,၇၇၀ ကျပ်နှုန်းဖြင့် ရောင်းချနေသည်။

ဆက်စပ်သတင်းများ

သတင်း

လူထု​ခေါင်း​ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ အာဏာသိမ်းစစ်တပ်က ရန်ကုန်မြို့ကို လုံခြုံရေးတင်းကြပ်စွာချထားတယ်လို့ ဒေသခံတွေပြောပါတယ်။

သတင်း

စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့၈၁ နှစ်ပြည့်မွေးနေ့ မှာနှင်းဆီလှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ Yangon 4 Brothers- ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က အသိပေးထားပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို လှုံ့ဆော်ပေးတဲ့အနေနဲ့ စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာ နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။