Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်လွှတ်​တော်​စတဲ့​နေ့မှာ နတ်တလင်းကို စစ်​ကြောင်းထိုးပြည်သူ ၃ဦးကိုသတ်၊အိမ်​တွေမီးရှို့

စစ်တပ်လွှတ်​တော်​ခေါ်တဲ့​နေ့မှာပဲအာဏာသိမ်းစစ်တပ်စစ်တပ်ကပဲခူးတိုင်းအနောက်ခြမ်း၊နတ်တလင်းမြို့နယ်ကပြည်သူ သုံးဦးကိုသတ်ဖြတ်ပြီး​နေအိမ်​တွေကိုမီးရှို့ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်မှာ စစ်တပ်က နတ်တလင်းမြို့နယ်​ကျေးရွာတရွာက နေအိမ်တွေကို မီးရှို့နေစဉ်။ ဓာတ်ပုံ - ပေးပို့

မတ်-၁၇၊ ၂၀၂၆။​ဒလပန်း/People’s Spring

စစ်တပ်လွှတ်​တော်​ခေါ်တဲ့​နေ့မှာပဲအာဏာသိမ်းစစ်တပ်စစ်တပ်ကပဲခူးတိုင်းအနောက်ခြမ်း၊နတ်တလင်းမြို့နယ်ကပြည်သူ သုံးဦးကိုသတ်ဖြတ်ပြီး​နေအိမ်​တွေကိုမီးရှို့ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

မတ်လ ၁၆ ရက် မနက် ၅ နာရီအချိန်မှာအင်အား ၁၀၀ နီးပါးပါတဲ့ စစ်တပ်စစ်ကြောင်းဟာ နတ်တလင်းမြို့နယ် ဖလံပင်ရွာကျေးရွာကိုစစ်​ကြောင်းထိုးဝင်ရောက် လာပြီးပြည်သူ​တွေကိုသတ်ဖြတ်ခဲ့တာပါ။

“စစ်ကြောင်းထိုးလာတာပါ။ အင်အား၁၀၀နီးပါး။ ဓမ္မငယ်ရွာမှာအထိုင်ချနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တက်လာတာပါ “လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲ့ဒီနောက် စစ်သား​တွေကဖလံပင်ရွာနေ အသက်၄၈နှစ်အရွယ် ဦးဌေးအောင်၊ အသက်

၆၅နှစ်အရွယ် ဦးချစ်ထွန်း နဲ့ အသက်၆၅နှစ်အရွယ် ဒေါ်ခင်ရီ သုံးဦးကို ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက​ပြောပါတယ်။

ဒါအပြင် သေဆုံးသွားတဲ့ ဦးဌေးအောင် ဇနီးအပါ

အဝင် တခြားမိသားစုဝင် ၄ ဦး စုစုပေါင်း ၅ ဦးကိုလည်းဖမ်းဆီးခဲ့ပါတယ်။

ဒါအပြင်ဖလံပင်ရွာထဲမှာရောက်နေတဲ့ စစ်သားတွေဟာမတ်လ၁၆ ရက်ညနေပိုင်းမှာ ရွာထဲက အိမ်တွေကို မီးရှို့ခဲ့တယ်ပါတယ်။

စစ်တပ်က နတ်တလင်းမြို့နယ်ထဲမှာပြည်သူ​တွေကို သတ်ဖြတ် ၊ဖမ်းဆီး ၊​နေအိမ်​တွေကိုမီးရှို့ ​တဲ့​နေ့မှာ စစ်တပ်က စိတ်တိုင်းကျလုပ်ထားတဲ့​ရွေး​ကောက်ပွဲရလဒ်အရ ​နေပြည်​တော်မှာစစ်တပ်လွှတ်​တော်စ​ခေါ်တဲ့​နေ့ဖြစ်ပါတယ် ။

စစ်တပ်စစ်ကြောင်းထိုးပြီး ပြည်သူကို သတ်ဖြတ်၊ဖမ်းဆီး ၊​နေအိမ်​တွေမီးရှို့နေတာကြောင့် နတ်တလင်းမြို့နယ်ထဲက ဖလံပင် ၊ ရှားစေးဖို၊ သရက်ပင်ကံရိုး၊ ငုတ်တရာနဲ့ ညောင်ဝိုင်းကျေးရွာက ဒေသခံပြည်သူ​တွေဟာ ဘေးလွတ်ရာကို ထွက်

ပြေးတိမ်းရှောင်နေကြရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်းဟာ ဒေသခံတွေရဲ့ နေအိမ်အလုံး ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ယာကြီးပြင်ကျေးရွာမှာ တပ်စွဲထားတယ်လို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် (၃)နှစ်အရွယ်ကလေးငယ် အပါအ၀င် ပြည်သူ ၂ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေရှိတဲ့ မကွေးတိုင်း၊ ချောက်မြို့နယ်က ပခန်းငယ်(ခ)ပုဂံငယ် ကျေးရွာကို စစ်တပ်က ၀င်ရောက်မီးရှို့ ဖျက်ဆီးနေတယ်လို့ မ‌ကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(မကွေးတိုင်း ပကဖ)က ထုတ်ပြန်ပါတယ်။