Connect with us

Hi, what are you looking for?

သတင်း

MNDAAနဲ့ TNLA ခေါင်းဆောင်တွေ​ လောက်ကိုင်မြို့ မှာတွေ့ဆုံဆွေးနွေး

ညီနောင်မဟာမိတ်အချင်းချင်း တိုက်ပွဲဖြစ်ပွားနေတဲ့ တအာင်းတပ်မတော်(TNLA) နဲ့ ကိုးကန့်တပ်မတော်(MNDAA)တို့က ​ခေါင်း​​​ဆောင်​တွေဟာကိုးကန့်ဒေသ လောက်ကိုင်မြို့မှာတွေ့ဆုံဆွေးနွေးနေကြပါတယ်။

TNLA နဲ့ MNDAA ​ခေါင်း​ဆောင်​တွေ (ပုံ​​ဟောင်းဖြစ်ပါတယ်)

မတ်-၁၇၊၂၀၂၆။အိမ်သွင်၊ထားမြတ်/People’s Spring

ညီနောင်မဟာမိတ်အချင်းချင်း တိုက်ပွဲဖြစ်ပွားနေတဲ့ တအာင်းတပ်မတော်(TNLA) နဲ့ ကိုးကန့်တပ်မတော်(MNDAA)တို့က ​ခေါင်း​​​ဆောင်​တွေဟာကိုးကန့်ဒေသ လောက်ကိုင်မြို့မှာတွေ့ဆုံဆွေးနွေးနေကြပါတယ်။

​ညီ​နောင် နှစ်​ဖော် ​ခေါင်း​ဆောင်​တွေ​ ​လောက်ကိုင်မှာတွေ့ဆုံ​ဆွေး​နွေး​နေ​ကြောင်း သတင်းရင်းမြစ် ၃ ဦးကအတည်ပြုပါတယ် ။

​ဆွေး​နွေးပွဲက​နေ နှစ်ဖက် အပစ်ရပ်စဲဖို့ သဘောတူညီချက်ရရှိထားပြီဖြစ်တယ်လို့ တအာင်းသတင်းရင်းမြစ်အချို့ကဒီက​နေ့မနက်ပိုင်းမှာပြောပါတယ်။

Public Service Announcement

Public Service Announcement

“လောလောဆယ်တော့ မနေ့ည ၁၀နာရီ ကတည်းက အပစ်ရပ်ဖို့ သဘောတူကြတယ်။ သို့သော် အသေးစိတ်ကိုကျတော့ ဒီနေ့ ဆက်ဆွေးနွေးတဲ့ သဘောလို့ ကြားသိရပါတယ်။”လို့ တအာင်းသတင်းရင်းမြစ်က ပြောပါတယ်။

အခုလို ဆွေးနွေးနိုင်တာကောင်းမွန်တဲ့လက္ခဏာဖြစ်သလို ဆွေးနွေးပွဲရလဒ်ကများစွာအရေးကြီးကြောင်းလည်း တအာင်းသတင်းရင်းမြစ်က ပြောပါတယ်။

“ဘယ်လောက်ထိ မျှတမှုရှိလဲပေါ့” ဟု တအာင်းသတင်းရင်းမြစ်က MNDAAနဲ့ TNLA ဆွေးနွေးပွဲ အခြေအနေနဲ့ပတ်သက်ပြီး ပြောပါတယ်။

လောက်ကိုင်မှာ ကိုးကန့်တပ်နဲ့ တအာင်းတပ် ဆွေးနွေးပွဲအ​ခြေအ​နေကိုမေးမြန်းဖို့ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးဆီကို People’s Spring ကဒီမနက် ဆက်သွယ်ထားဆဲဖြစ်ပြီး မွန်းလွဲပိုင်းမှာ ပြန်လည်ဆက်သွယ်ဖို့ ပြန်ကြားပါတယ်။ နှစ်ဖက်​ခေါင်း​ဆောင်​တွေကြား ပြသာနာကို ​ဆွေး​နွေးညှိ နှိုင်းအ​ဖြေရှာဖို့ TNLA ကဆက်သွယ်ကြိုူစား​နေတယ်လို့ မတ်လ ၁၆ ရက်မှာ ​လွေး​ယေဦးက လူထု​နွေဦးနဲ့​မေးမြန်းခန်းမှာ​​ဖြေကြားထားပါတယ်။

ကွတ်ခိုင်မြို့မှာ ဖေဖော်ဝါရီ ၁၃ရက်က နယ်မြေဆိုင်ရာ အုပ်ချုပ်ရေးဆိုင်ရာနဲ့ ပတ်သက်ပြီး ပြဿနာဖြစ်ပွားခဲ့ရာ တလအကြာ မတ်လ ၁၄ရက်မှာ MNDAAက TNLA ထိန်းချုပ် ကွတ်ခိုင်မြို့ကို ထိုးစစ်ဆင်လို့ မတ်လ ၁၆ရက်နေ့အထိ တိုက်ပွဲတွေရှိခဲ့ပါတယ်။

နယ်မြေပြဿနာနဲ့ အုပ်ချုပ်ရေးဆိုင်ရာ ပြဿနာအကြောင်းပြုပြီး ညီနောင်မဟာမိတ်အချင်းချင်း ထိုးစစ်ဆင်လာတဲ့ MNDAA ရဲ့ ထိုးစစ် သုံးရက်အတွင်းမှာ ကွတ်ခိုင်မြို့နယ် အပါအဝင် TNLA တပ်စွဲရာနေရာ​တွေကို ကိုးကန့်တပ်ကသိမ်းပိုက်ထားနိုင်ပြီးTNLAတပ်ဖွဲ့ဝင်တွေကိုလည်းဖမ်းဆီးထားပါတယ်။

“ကွတ်ခိုင်၊ နမ့်ဖက်ကာ၊ မုံးစီး/မုံးဟွမ်း၊ ကာလိုင်၊ နမ့်ခမ်း၊ မူဆယ်(၁၀၅)မိုင်၊ ကျင်စန်းကျော့ နယ်စပ်ဂိတ်မှ TNLA ၏ တပ်စခန်းများ .. တပ်နှင့် တပ်စခန်း အရေအတွက် အတိအကျကတော့ သက်ဆိုင်ရာက ထုတ်ပြန်ပြီးမှ အတည်ပြုနိုင်ပါလိမ့်မယ်”လို့ သတင်းရင်းမြစ်က TNLA စခန်းတွေ သိမ်းပိုက်ခံရမှု အခြေ အနေကို ပြောပြပါတယ်။

မတ်လ၁၄ရက်နေ့ကစတင်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း ကွတ်ခိုင်မြို့ကို MNDAAက ထိန်းချုပ်ထားပါတယ်။ နမ့်ခမ်းမြို့အပါအဝင်TNLA ထိန်းချုပ်ထားတဲ့မြို့တွေကို MNDAAက ဆက်လက်တိုက်ခိုက်နိုင်ကြောင်းသတင်းတွေထွက်ပေါ်နေပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့အခြေအနေတွေဟာ စစ်ကောင်စီကိုအခွင့်အရေးပေးနေသလိုဖြစ်ပြီး MNDAAအနေနဲ့ မဟာမိတ်အချင်းချင်း စစ်ရေးအာသာချက်ယူပြီး မတိုက်ခိုက်ဖို့ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေက မှတ်ချက်ပြုပြောကြားနေကြပါတယ်။

တအာင်းအရပ်ဘက်အဖွဲ့အစည်းများကွန်ရက်၊ ကျန်းမာရေးအင်အားစု မန္တလေး၊ ကျန်းမာရေးအင်အားစုတအာင်းပြည်နဲ့ကျန်းမာရေးအင်အားစုအထူးဒေသ(၁)၊ ကလည်း TNLAနဲ့ MNDAAအပစ်ရပ်ကြဖို့ တိုက်တွန်းချက်ထုတ်ပြန်ထားပါတယ်။အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က TNLA နဲ့ MNDAA မဟာမိတ်တပ်တွေကြား တိုက်ပွဲ ချက်ချင်းရပ်တန့်ဖို့နဲ့ နိုင်ငံရေးအရငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးဖြေရှင်းကြဖို့မေတ္တာရပ်ခံထားပါတယ်။

TNLAနဲ့ MNDAA အနေနဲ့ လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေဟာ စစ်အာဏာရှင်တော်လှန်ရေးကို အကျိုးသက်ရောက်စေတဲ့အတွက် တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ဦးဆောင်ကော်မတီက​လည်း မေတ္တာရပ်ခံတိုက်တွန်းကြောင်း ထုတ်ပြန်ပါတယ်။လက်ရှိ အချင်းချင်း လက်နက်ကိုင်ပဋိပက္ခဖြစ်နေခြင်းက သက်ဆိုင်ရာအဖွဲ့အစည်းနှစ်ခုတည်းသာ ထိခိုက်ခြင်းမဟုတ်ဘဲ တော်လှန်ရေးတစုံလုံးအတွက်ပါ အကျိုးသက်ရောက်မှုများစွာ ရှိနေကြောင်းနဲ့ ပြည်သူတွေ ယုံကြည်မျှော်လင့်နေကြတဲ့ ပြည်ထောင်စုတခုလုံးရဲ့အကျိုးကို မျှော်ကိုးပြီး တွေ့ဆုံဆွေးနွေးအဖြေရှာကြဖို့ တိုက်တွန်းထားပါတယ်။

ညီ​နောင်မဟာမိတ်ဖြစ်တဲ့ အာရက္ခတပ်​တော်(AA)ကလည်း နှစ်ဖက်​တွေ့ဆုံညှိိနှိုင်းအ​ဖြေရှာကြဖို့တိုက်တွန်းထားတယ်လို့ ​လွေး​ယေဦးက လူထု​နွေဦးကို​ပြောပါတယ် ။ TNLAကလည်း မဟာမိတ်ချင်း ပြဿနာကို နိုင်ငံရေးနည်းအရ ဖြေရှင်းလိုကြောင်း တိုက်ပွဲမစတင်မီနဲ့ တိုက်ပွဲစတင်တဲ့ ကာလတွေမှာပါ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပေါ့ဆမနေဘဲ အထူးဒေသကို သစ္စာရှိရှိကာကွယ်စောင့်ရှောက်ကြဖို့ MNDAA စစ်ရေးဆိုင်ရာအရာရှိက တိုက်တွန်းလိုက်ပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

သတင်း

စစ်တပ်ရဲ့တပ်ရင်း​ပေါင်း၂၀ကိုအ​ကောင်းဆုံးခုခံတိုက်ခိုက်ပြီးတစ်လအတွင်းလက်နက် ၅၀​ကျော်သိမ်း၊အရာရှိအပါအဝင်စစ်သားများစွာ​သေဆုံး

ဆောင်းပါး

နေပြည်တော်ကလာတဲ့ အမိန့်ကို ဂရုမစိုက်တတ်တဲ့၁၀၂၇စစ်ဆင်ရေးဖိုက်တာMNDAAက ရှမ်းမြောက်မှာ စစ်တပ်နဲ့ အုပ်ချုပ်ရေးအာဏာပြိုင်ပွဲကို အသံတိတ်စစ်မျက်နှာဖွင့်လှစ်လိုက်ပါတယ်။