Connect with us

Hi, what are you looking for?

သတင်း

ဂန့်ဂေါမြောက်ပိုင်းကို စစ်တပ်ဗုံးကြဲလို့ စစ်ရှောင်မိသားစုဝင်နှစ်ဦးသေဆုံး၊ တစ်ဦး စိုးရိမ်ရ

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်မြောက်ပိုင်းကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲလို့ စစ်ရှောင်မိသားစုဝင်နှစ်ဦးသေဆုံးပြီး တစ်ဦးစိုးရိမ်ရတယ်လို့ ဖြစ်စဥ်ကိုသိရှိသူအချို့က ပြောပါတယ်။

ဂန့်ဂေါမြို့နယ်မြောက်ပိုင်းကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့

မတ်-၁၇၊၂၀၂၆။ဇော်ဝင်း /People’s Spring

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်မြောက်ပိုင်းကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲလို့ စစ်ရှောင်မိသားစုဝင်နှစ်ဦးသေဆုံးပြီး တစ်ဦးစိုးရိမ်ရတယ်လို့ ဖြစ်စဥ်ကိုသိရှိသူအချို့က ပြောပါတယ်။

စစ်တပ်ဟာ မတ်လ ၁၆ ရက် နေ့လယ် ၁ နာရီ မိနစ် ၂၀ကနေ ၁နာရီ မိနစ် ၄၀ကြာတဲ့အထိ ကျောက်ဂူဒေသကို ဂျက်ဖိုက်တာ လေးစီးသုံးပြီး ဗုံးရှစ်ကြိမ်ကြဲခဲ့တာလို့ ဆိုပါတယ်။

“ကန်ရွာကနေ စစ်ရှောင်ရတဲ့ ပြည်သူတွေ။အသက် ၅၀ နှစ်အရွယ် မိခင်ဖြစ်သူနဲ့ အသက် ၁၃ နှစ်အရွယ် သမီးငယ်ဖြစ်သူ တို့ ၂ ဦးဟာ နေရာမှာပဲ ဆုံးတယ်”လို့ ဂန့်ဂေါမြို့နယ်နေသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဂန့်ဂေါမြို့နယ်မြောက်ပိုင်းကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲအပြီး တွေ့ရစဉ်။ ဓာတ်ပုံ – ပေးပို့

ဒါအပြင် ဖခင်ဖြစ်သူကလည်း ဗုံးဒဏ်ကြောင့် အသက်အန္တရာယ် စိုးရိမ်နေရပြီး အသက် ၂၀ အရွယ်သမီးဖြစ်သူကလည်း ခြေထောက်ဖြတ်ရမယ့် အခြေအနေရှိတယ်လို့ ဆိုပါတယ်။

ဒေသခံတွေခေါ်တဲ့ ကျောက်ဂူဒေသမှာ ကန်ရွာ၊ကျွန်းခုံသာ၊ဘော်ပြင်း၊မောက်လင်းနဲတောင်ယာပြင်ရွာ တွေ ပါရှိပါတယ်။

“YDF (ယောကာကွယ်ရေးတပ်)တပ်စခန်းရှိတယ်ဆိုပြီး လေယာဥ်လေးစီးနဲ့ကြဲတာလို့ ကြားတယ်။ထိတာက အရပ်သားတွေ”လို့ ဂန်ဂေါမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

မနေ့ကလေကြောင်းတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး ကိုမြတ်သူဦးဆောင်တဲ့ YDF ကို လူထုနွေဦးက ဆက်သွယ် မေးမြန်းနေဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် မနေ့ညနေပိုင်းကလည်း ထီးလင်းမြို့နယ်တောင်ပိုင်းနဲ့ ချင်းပြည်နယ် မင်းတပ်မြို့နယ်မြောက်ပိုင်း အစပ်အနီးတနေရာကို လေကြောင်းတိုက်ခိုက်ခံရတာရှိတယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ သတင်းအချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းပြီး ငါးနှစ်ကျော်အတွင်း ၂၀၂၆ မတ်လ ၁၀ ရက်အထိ လေကြောင်းတိုက်ခိုက်မှုပေါင်း ငါးထောင်ကျော်အတွင်းသေဆုံးတဲ့အရပ်သား ၅,၀၇၅ ဦး ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ အာရက္ခပြည်၊ သံတွဲမြို့ရှိ အပြစ်မဲ့အရပ်သားပြည်သူတွေနေထိုင်ရာကျေးရွာတွေကို အာဏာသိမ်းစစ်တပ်ကလေကြောင်း တိုက်ခိုက်မှုဆက်တိုက်ပြုလုပ်နေကြောင်း AAက ထုတ်ပြန်ခဲ့ပြီး မနေ့က ရွှေလှေကျေးရွာ ဗုံးကြဲမှုမှာ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးခဲ့ကြောင်း ဖော်ပြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့က စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၁)တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။