Connect with us

Hi, what are you looking for?

သတင်း

BNRA အဖွဲ့ဝင်တချို့ လမ်းပြမှုနဲ့ စစ်ကြောင်းထိုးနေတဲ့စစ်တပ်က PDFစခန်း မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းမှာ စစ်ရေးဆက်တင်းမာနေပြီး စစ်တပ်ထံ အညံ့ခံသွားတဲ့ ဗိုလ်နဂါးတပ် BNRA အဖွဲ့ဝင်တစ်ချို့ရဲ့ လမ်းပြမှုနဲ့ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်းတွေဟာ ယင်းမာပင်ခရိုင်အမှတ်(၃၅)တပ်ရင်းရဲ့ စခန်း မီးရှို့ဖျက်ဆီးသွားပါတယ်။

မတ်-၂၀၊၂၀၂၆။ဇော်ရမ်း/People’s Spring

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းမှာ စစ်ရေးဆက်တင်းမာနေပြီး စစ်တပ်ထံ အညံ့ခံသွားတဲ့ ဗိုလ်နဂါးတပ် BNRA အဖွဲ့ဝင်တစ်ချို့ရဲ့ လမ်းပြမှုနဲ့ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်းတွေဟာ ယင်းမာပင်ခရိုင်အမှတ်(၃၅)တပ်ရင်းရဲ့ စခန်း မီးရှို့ဖျက်ဆီးသွားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၇ ရက်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မီးရှို့ဖျက်ဆီးသွားတာဖြစ်ပြီး သတင်းလက်ဦးမှု ရခဲ့တဲ့အတွက် ရဲဘော်တွေအထိအခိုက်မရှိဘေးကင်းစွာ ရွှေ့ပြောင်းနိုင်ခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း(၃၅)က သတင်းထုတ်ပြန်ထားပါတယ်။

စခန်းထဲက အဆောင်တွေ၊ ကာကွယ်ရေးရဲဘော်တွေ အသုံးပြုတဲ့ ပစ္စည်းတွေ၊ ဆိုင်ကယ်ငါးစီးနဲ့ ထုတ်လုပ်ရေးပစ္စည်းတွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။ဒါ​ပေမယ့် PDF ရဲ​ဘော်​တွေထိခိုက်တာမရှိဘူးလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

အဲ့ဒီစစ်တပ်စစ်ကြောင်းမှာ ဗိုလ်နဂါးရဲ့ BNRAအဖွဲ့ တပ်ရင်း(၃)တပ်ရင်းမှူး ဗိုလ်မျက်လုံးပါဝင်တယ်လို့ People’s Springက စုံစမ်းသိရှိရပါတယ်။

“မျက်လုံးက လမ်းပြပြီး ဦးဆောင်လာတာ။ စစ်တပ်က သူ(ဗိုလ်မျက်လုံး) ရောက်ခဲ့ဖူးတဲ့ယင်းမာပင်နယ်က တော်လှန်ရေးစခန်းတွေအားလုံးကို လမ်းပြခိုင်းနေတာပါ” လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

ဗိုလ်မျက်လုံးဟာ အလောင်းတော်ကဿပကြိုးဝိုင်းထဲမှာ ဆင်သတ်မှုနဲ့ အခြားသောရာဇဝတ်မှုနဲ့ အမှုဖွင့်ခံထားရသူပါ။ ပြိးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ရက် နေ့လယ်ပိုင်းမှာ ပုလဲမြို့နယ်က BNRA စခန်းတွေကို PDFနဲ့ ပကဖတွေ စီးနင်းတော့ လက်နက်ချပူးပေါင်းခဲ့ပြီးမှ ပြန်ထွက်ပြေးသွားတာဖြစ်ပါတယ်။ အဲ့ဒီနောက် စစ်ကောင်စီထံ သွားရောက်ပူးပေါင်းပြီး လက်ရှိမှာ ယင်းမာပင်ခရိုင်ထဲကို ရောက်နေတဲ့စစ်ကြောင်းတွေနဲ့အတူ လိုက်ပါနေတယ်လို့ သိရပါတယ်။

ပုလဲမြို့နယ်ထဲက BNRAစခန်းတွေကို PDFနဲ့ ပကဖတွေက ဖယ်ရှားရာကနေ ဖေဖော်ဝါရီ ၁၇ရက်မှာ တိုက်ပွဲစဖြစ်ခဲ့ပြီး BNRAခေါင်းဆောင်ဗိုလ်နဂါးနဲ့ အဖွဲ့ဝင်တချို့က စစ်တပ်ထံ အညံ့ခံသွားပါတယ်။ PDF နဲ့ ပကဖထံ BNRA တပ်ဖွဲ့ဝင် ၂၀၀‌ကျော်လက်နက်ချခဲ့ပြီး ဗိုလ်နဂါးနဲ့ အနီးကပ်နေထိုင်ကြတဲ့ သုဘရာဇာ၊ ဒေါင်းညို၊ စစ်နိုင်ဆိုသူတွေလည်း ပါဝင်ပါတယ်။ဗိုလ်နဂါးနဲ့အတူ ယောက်ဖဖြစ်တဲ့ BNRA ဒုဥက္ကဋ္ဌကိုဖြိုးနဲ့ စစ်ရေးဝာာဝန်ခံ ကိုလတ်အပါအဝင် ငါးဦးဟာ စစ်တပ်ထံ အညံ့ခံသွားပါတယ်။ ၎င်းတို့ကနေတဆင့် ဆက်သွယ်ပြီး BNRA အဖွဲဝင် ၂ဝ ကျော်လည်း ထပ်မံအလင်းဝင်သွားတာပါ။

လက်ရှိမှာ စစ်တပ်က ယင်းမာပင်ခရိုင်ထဲက ပုလဲ၊ ယင်းမာပင်၊ ကနီ၊ဆားလင်းကြီးမြို့နယ်တွေကို စစ်ကြောင်းဝင်နေပြီး ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်နေပါတယ်။ တိုက်ပွဲသတင်းတွေကိုတော့ ကာကွယ်ရေးတပ်တွေက အသေးစိတ်မထုတ်ပြန်သေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ ဦးဂျင်မီ၊ဦးဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ကိုအောင်သူရဇော် ကြိုးပေးခံရမှု (၄) နှစ်ပြည့်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၃) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဆားလင်းကြီးနဲ့ ဘုတလင်မြို့နယ်မှာ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ လှုံ့ဆော်တဲ့ လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၁) မှာ ပြုလုပ်ခဲ့ပါတယ်။