မတ်-၂၀ ၊ ၂၀၂၆/People’s Spring
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်က ထားလဲ -နန်းဖဲလမ်းပိုင်မှာ စစ်ကြောင်းထိုးလုံခြုံရေးယူနေတဲ့ စစ်တပ်ကို တိုက်ခိုက်ရာ ၇ဦးသေဆုံးပြီး လက်နက် ၅လက်နဲ့ ခဲယမ်းတွေသိမ်းရတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီကနေ့ မတ်လ ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။
မတ်လ ၁၇ရက်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်မှုများလို့ ဖရိုဖရဲနဲ့ ဆုတ်ခွာသွားတယ်လို့လည်း KNDFက ထုတ်ပြန်ပါတယ်။
ဒါအပြင် ဖေဖော်ဝါရီ ၂၇ရက်ကလည်း စစ်တပ်ကို နန်းဖဲရွာအနီးမှာ တိုက်ခိုက်ခဲ့ရာ စစ်တပ်ထိခိုက်မှုရှိပြီး လက်နက် ၁လက်သိမ်းရခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

Public Service Announcement

စစ်တပ်ဟာ ရှမ်းပြည်နယ်တောင်ပိုင်းက စတင်တဲ့ ရန်နိုင်မင်းစစ်ဆင်ရေးနဲ့ ဖရူဆို-ဘောလခဲ-ဖားဆောင်းဒေသကို စစ်ကြောင်းထိုးရာ လမ်းကြောင်းတလျှောက်က မြို့တွေ ထိန်းချုပ်နိုင်ပြီဟု တစ်ဖက်သပ် ကြွေးကြော်နေပေမယ့် မြေပြင်စစ်ကြောင်းတွေ ချေမှုန်းခံရတာ ၊ယာဉ်တန်းတွေ တိုက်ခိုက် ဖျက်ဆီးခံရတာတွေ ကြုံတွေ့နေရပြီး မြေပြင်တပ်သားတွေလည်း ထိခိုက်သေဆုံးမှု များပြားနေတယ်လို့ ဆိုပါတယ်။
ထိခိုက်မှုကျဆုံးမှုများပြားလို့ အရှက်မဲ့စွာ လေကြောင်းနဲ့ အရပ်သားပြည်သူတွေရဲ့ နေရာတွေ ပစ်မှတ်ထားတိုက်ခိုက်နေလို့ ပြည်သူများအနေနဲ့ လေကြောင်းရန်အထူးသတိပြုကြဖို့လည်း KNDFက တိုက်တွန်းထားပါတယ်။



















































