Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ဗုံးကြဲလို့ ​သေဆုံးခဲ့သူ​တွေကို မထုတ်နိုင်ပဲ ဘုန်းကြီး​ကျောင်းမှာပဲသဂြိုလ်ဖို့စီစဥ်

ဒဏ်ရာရသူ​တွေကို ကသာမြို့အမှတ် ၂ ရဲစခန်း ကို စစ်တပ်က​ခေါ်သွား

စစ်တပ်က ဘုန်းကြီး​ကျောင်းကို ဆွမ်းစား​နေချိန်မှာ ဗုံးကြဲပြီး​နောက် မြင်ကွင်း။ ဓါတ်ပုံ-​ဒေသခံ

မတ်-၂၁၊ ၂၀၂၆။မိုမို/People’s Spring

စစ်ကိုင်းတိုင်း၊ကသာမြို့မဟာလေးထပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဗုံးကြဲလို့ သေဆုံးခဲ့တဲ့ သံဃာနဲ့ က​လေးငယ်​တွေအပါအဝင်ပြည်သူ ၅၀ ကျော်ရဲ့ ရုပ်အလောင်းတွေကို မထုတ်နိုင်သေးဘဲ အဲဒီနေရာမှာပဲ သဂြိုလ်မယ်လို့ ကူညီကယ်ဆယ်ရေးနဲ့ မြေပြင်မှာရှိနေသူအချို့က ပြောပါတယ်။

မတ်လ ၂၀ ရက် နံနက်၁၁ နာရီဝန်းကျင် သံဃာ​တော်​တွေ ဆွမ်းဘုန်း​ပေး​​နေချိန်မှာ စစ်​ဘေး​ရှောင်​တွေခိုလှုံ​နေတဲ့ ကသာမြို့၊ရပ်ကွက်(၃)ထဲက လေးထပ်ကျောင်းကို လေကြောင်းကနေ စစ်တပ်က ဗုံးကြဲခဲ့တာကြောင့် စစ်ရှောင်တွေ အများစုသေဆုံးထိခိုက်ခဲ့တာ ဖြစ်ပါတယ်။

“ဒီနေ့ မနက်သွားကြည့်ပါတယ်။ဘာမှ မဖယ်ရသေးဘူး။ရုပ်အလောင်းတွေကို လေးထပ်ကျောင်းမှာပဲ မီးသဂြိုလ်မယ်လို့ ကြားပါတယ်”လို့ ကသာမြို့တွင်းမှာ ရှိနေတဲ့ သံဃာတော်တစ်ပါးကPeople’s spring ကို မိန့်ကြားပါတယ်။

Public Service Announcement

Public Service Announcement

တွေ့ရှိရတဲ့ သေဆုံးသူ ရုပ်အလောင်းတွေဟာ ဆယ်ဂဏန်းကြီးကြီးရှိတယ်လို့လည်း ဆရာ​တော်ကမိန့်ကြားပါတယ်။

စစ်တပ်က ဘုန်းကြီး​ကျောင်းကို ဆွမ်းစား​နေချိန်မှာ ဗုံးကြဲပြီး​နောက် မြင်ကွင်း။ ဓါတ်ပုံ-​ဒေသခံ

“သေတဲ့သူကလူ ၅၀ အထက်လောက်ရှိတယ်။သေတဲ့ရုပ်အလောင်းတွေက ဖိပြားထားတော့ မိုးတွေကလည်းရွာတော့ ဘယ်သူမှ သွားမဆယ်နိုင်ဘူး”လို့ ဖြစ်စဥ်နေရာကို ရောက်ရှိနေသူကလည်း ပြောပါတယ်။

ဒဏ်ရာရတဲ့သူတွေကို ကသာမြို့အမှတ် ၂ ရဲစခန်း ကို စစ်တပ်က ခေါ်ဆောင်သွားတယ်လို့ စုံစမ်းသိရပါတယ်။

ကသာမြို့က စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို ဒီဇင်ဘာလ၂၈ ရက်မနက်အစောပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်ပြီး မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့ပါတယ်။မြို့တွင်းနေပြည်သူတွေ စစ်ရှောင်ဖို့ ကာကွယ်ရေးတပ်တွေက တိုက်တွန်းခဲ့တာရှိပေမယ့် စစ်တပ်က ဒေသခံတွေကို စစ်ရှောင်ခွင့် တားဆီးပိတ်ပင်တာတွေရှိခဲ့ပါတယ်။

၂၀၂၆ နှစ်ဆန်းပိုင်းမှာ ​တော်လှန်​ရေးအဖွဲ့​တွေက မြို့​ပေါ်က​နေ ပြန်လည်ဆုတ်ခွာ​ပေးခဲ့ပါတယ် ။ ဒါ​ကြောင့် ကသာမြို့​ ​​နေရာအများစုကိုစစ်တပ်ကထိန်းချုပ်ထားပြီး စစ်တပ်​ထောက်ခံသူ​တွေကမြို့ပုံမှန်ဖြစ်​နေပြီမို့ အ​​ဝေးမှာစစ်​ဘေး​ရှောင်​နေသူ​တွေ မြို့ကိုပြန်လာ​နေနိုင်ပြီလို့ လူမှုကွန်ယက်မှတဆင့်မြို့ထဲလူပြန်လာ​အောင် ​ခေါ်ခဲ့ကြပါတယ် ။​တော်လှန်​ရေးအဖွဲ့​တွေက​တော့ စစ်တပ်နဲ့ စစ်တပ်​ထောက်ခံသူ​တွေက မြို့​နေပြည်သူ​တွေပြန်​လော်တာဟာ ကျန်​ဒေသ​တွေမှာလို့ စစ်တပ်က တိုက်ပွဲဖြစ်လာရင် ပြည်သူ​တွေကို လူသားတံတိုင်းလုပ်ချင်လို့ဖြစ်နိုင်တယ်လို့ သတိ​​ပေးခဲ့ကြပါတယ် ။

မတ်လ ၂၀ ရက်မှာ​တော့ စစ်တပ်က သူထိန်းချုပ်ထားတဲ့​ဒေသက စစ်​ဘေး​ရှောင်​တွေခိုလှုံ​နေတဲ့ဘုန်းကြီး​ကျောင်းကို ဗုံးကြဲခဲ့တာဖြစ်ပါတယ်။

ဗုံးကြဲခံရတဲ့လေးထပ်ကျောင်းမှာ ကျန်​ဒေသ​တွေကိုမသွားပဲ စစ်ရှောင်​နေတဲ့ပြည်သူ ၁၀၀ ထက်မနည်းရှိခဲ့တာ ဖြစ်ပါတယ်။ စစ်တပ်ဝါဒဖြန့် လူမှုကွန်ယက်အ​ကောင့်​တွေက​တော့ ဘုန်းကြီး​ကျောင်းကို ဗုံးကြဲတာက ​တော်လှန်​ရေးအဖွဲ့​တွေရှိတာ​​ကြောင့်လို့ သတင်းအမှားဖြန့်ချီ​နေကြပါတယ်။ ဗုံးကြဲခံရပြီး​သေဆုံးခဲ့သူ​ ၊ဒဏ်ရာရသူ​တွေဟာ သံဃာ​တော်​တွေ ၊က​လေးငယ်​တွေ ၊အမျိုးသမီး​တွေအများစုဖြစ်​နေတာ​တွေ့ရပါတယ်။

စစ်တပ်ကအခုလိုဗုံးကြဲပြီး လူအစုလိုက်အပြုံလိုက်​​သေဆုံးဒဏ်ရာရ​စေခဲ့တာဟာ စစ်တပ်လွှတ်​တော်​တွေ​စ​ခေါ်ပြီး ၅ ရက်​မြောက်​နေမှာဖြစ်ပါတယ် ။ စစ်တပ်က စိတ်တိုင်းကျစီစဥ်ထားတဲ့​ရွေး​ကောက်ပွဲက​ပေါ်လာတဲ့ စစ်တပ်လွှတ်​တော်က​နေတဆင့် ယူနီ​ဖောင်း​ပြောင်းထားတဲ့ အစိုးရဖွဲ့ဖို့လုပ်​နေ​ပေမယ့် ​လေ​ကြောင်းက​နေ ဗုံးကြဲသတ်ဖြတ်တာ ၊ စစ်​ကြောင်းထိုးအကြမ်းဖက်တာ​တွေကို ဆက်လက်ကျူးလွန်​နေဆဲဖြစ်ပါတယ်။

ကသာမြို့အပြင်မှာလက်ရှိတိုက်ပွဲတွေဖြစ်နေပြီး စစ်တပ်က လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ခတ်နေတယ်လို့ သိရပါတယ်။

“ကသာမြို့မှာ ကျန်ရှိနေသူများ ကိုယ့်ကိုယ်ကို တန် ဖိုးထားတယ်ဆိုရင် ကသာမြို့ထဲကနေ အပြီးထွက်ပေးကြပါ။ အကြမ်းဖက်စစ်တပ်ဟာ စစ်ရှောင်တွေရှိနေမှန်း သိသိကြီးနဲ့ ရက်ရက်စက်စက်ကို လေယာဥ်နဲ့ ဗုံးကြဲ သတ်ဖြတ်ပြခဲ့ပါတယ်။ တိုက်ပွဲကလည်း ရှေ့ဆက်ပြီး မြို့ရဲ့ နေရာအနှံ့အပြား ပြင်းထန်လာဖို့ရှိပါတယ်”လို့ ကသာမြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက တိုက်တွန်းပါတယ်။

ကသာမြို့မှာ စစ်တပ်ရဲ့ အမှတ် (၃၀၉) ခြေမြန်တပ်ရင်း အခြေစိုက်ထားပါတယ်။ မြို့​ပေါ်မှာရပ်ကွက် ၁၁ ခုရှိပြီး စစ်တပ်က မြို့​ပေါ်မှာပဲရှိပြီး မြို့ပေါ်ရပ်ကွက်တွေကလွဲလို့ ကျေးရွာတွေကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

CNO/CNDFဟာ​တော်လှန်​ရေးကိုဆက်လုပ်ဆဲဖြစ်ပြီး အနာဂါတ်တွင်လည်းဆက်လက်​တော်လှန်မည်ဖြစ်သလို မကြာခင်သတင်းထုတ်ပြန်မည်ဟု ​တာဝန်ရှိသူအသိ​ပေး

သတင်း

အာဏာသိမ်းစစ်တပ်က သံတွဲမြို့နယ်၊ရွှေလှေ နဲ့ လင်းသီကျေးရွာတို့ကိုဒီက​​နေ့ ဂျက်ဖိုက်တာနဲ့ ဗုံးသုံးလုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့်အရပ်သားလူနေအိမ်ပေါ် တည့်တည့်ကျပြီး ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၁ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာရဲ့ အနောက်ဘက် ရှေးဟောင်းသမိုင်းဝင်သစ္စာရဘုရားအနီး စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အသက် ၇၆နှစ်အရွယ် စစ်ဘေးရှောင်အဘိုးအိုတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။