Connect with us

Hi, what are you looking for?

သတင်း

ချင်းပြည်ကောင်စီရဲ့ စစ်မှုထမ်းမူဝါဒ အကောင်ဖော်ရာမှာ ပူးပေါင်းပါဝင်ဖို့ CDF မတူပီ ထုတ်ပြန်

ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့(CDF)- မတူပီအနေနဲ့ ချင်းပြည်​ကောင်စီ ချင်းပြည်အစိုးရရဲ့စစ်မှုထမ်း မူဝါဒအရအထက်မှညွှန်ကြားချက်တွေကိုအကောင်အထည်ဖော်ဆောင်ရွက်မှာ ဖြစ်လို့ ပါဝင်ပူးပေါင်းကြဖို့ CDF မတူပီကမတ်လ ၂၄ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့(CDF)- မတူပီက ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - Chinland Defense Force Matupi

မတ်-၂၄၊၂၀၂၆။ ထားမြတ်/People’s Spring

ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့(CDF)- မတူပီအနေနဲ့ ချင်းပြည်​ကောင်စီ ချင်းပြည်အစိုးရရဲ့စစ်မှုထမ်း မူဝါဒအရအထက်မှညွှန်ကြားချက်တွေကိုအကောင်အထည်ဖော်ဆောင်ရွက်မှာ ဖြစ်လို့ ပါဝင်ပူးပေါင်းကြဖို့ CDF မတူပီကမတ်လ ၂၄ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

လက်ရှိမှာ အာဏာသိမ်းစစ်တပ်က ချင်းပြည်နယ်အတွင်း ဆုံးရှုံးနယ်မြေတွေ ပြန်ရဖို့ အပြင်းအထန် ထိုးစစ်ဆင်နေတဲ့ ကာလဖြစ်သလို ချင်းပြည်ကောင်စီ ချင်းပြည်အစိုးရကလည်း ဖေဖော်ဝါရီလအတွင်း သတ်မှတ်ခဲ့တဲ့ စစ်မှုထမ်းမူဝါဒအရ လုပ်ငန်းစဉ်တွေ စတင်အကောင်အထည်ဖော်နေချိန်ဖြစ်ကြောင်း အသိပေးပြီး CF မတူပီ အနေနဲ့လည်း ညွှန်ကြားချက်တွေ အတိုင်း အကောင်အထည်ဖော်သွားမယ်လို့ ဖော်ပြထားပါတယ်။

“မူဝါဒနှင့်ကိုက်ညီသော သူများအနေဖြင့် အမျိုးသားတာဝန် ထမ်းဆောင်နိုင်ရန်အတွက် မိမိတို့ထံသို့ လာရောက်ပူးပေါင်းပါဝင်နိူင်ကြပါရန် အသိပေးထုတ်ပြန်အပ်ပါသည်”လို့ ကြေညာချက်မှာ ရေးသားထားပါတယ်။

Public Service Announcement

Public Service Announcement

မတူပီ CDF ထိန်းချုပ်နယ်မြေအတွင်းက ထွက်ခွာမယ်ဆိုရင် CDF မတူပီ (ဌာနချုပ်)ရဲ့ ထောက်ခံစာဖြင့်သာ ထွက်ခွာနိူင်မယ်လို့လည်း အသိပေးထားပါတယ်။

ချင်းပြည်ကောင်စီ ဥက္ကဋ္ဌ ပူးဇင်ကျုံးကလည်း ချင်းပြည်နဲ့ ချင်းလူမျိုးတည်တံ့ခိုင်မြဲစွာ ရှင်သန်ရပ်တည်နိုင်ရေး ဆင်နွှဲတဲ့ အမျိုးသားတော်လှန်ရေးဟာ ချင်းပြည်သူတရပ်လုံးပါဝင်ဆင်နွှဲရမယ့် တော်လှန်ရေးဖြစ်တယ်လို့ မတ်လ ၂၀ ရက်မှာ ကျရောက်တဲ့ (၃၈) နှစ်မြောက်ချင်းတော်လှန်ရေးနေ့ မှာ ပြောကြားခဲ့ပါတယ်။

အာဏာသိမ်း စစ်တပ်ကို လက်နက်ကိုင် ခုခံခြင်းမှတပါး အခြားရွေးချယ်စရာ နည်းလမ်းမရှိတာကြောင့် ခုခံတော်လှန်စစ်ကို ဆင်နွှဲရခြင်းဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF) ဥက္ကဋ္ဌလည်းဖြစ်သူ ပူးဇင်ကျုံးက ပြောပါတယ်။

စစ်တပ်ကင်းစင်တဲ့ နိုင်ငံရေး စနစ်သစ်တစ်ခုဆီကို ဦးတည်တိုက်ပွဲဝင်နေပြီး တနိုင်ငံလုံးမှာ ရှိတဲ့ တော်လှန်ရေး အဖွဲ့တွေ လူပုဂ္ဂိုလ်တွေတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ လက်တွဲလျက် အတူတကွ ပူးပေါင်းတိုက်ပွဲဝင်နေကြောင်းလည်း ပူးဇင်ကျုံးက ပြောပါတယ်။

ချင်းအမျိုးသားတည်ဆောက်ရေးနဲ့ ချင်းပြည်တည်ဆောက်ရေး လက်တွေ့အကောင်အထည်ဖော်နေတာဖြစ်လို့ ချင်းပြည်သူတွအနေနဲ့ တက်ကြွစွာ ပါဝင်ကြရမယ်လို့လည်း ချင်းပြည်ကောင်စီ ဥက္ကဋ္ဌက ပြောကြားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်ကောင်စီက ဒီကနေ့ ဖေဖော်ဝါရီ ၂၀ရက်မှာ ကျရောက်တဲ့ (၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့ ကြေညာချက်ထုတ်ပြန်ခဲ့ရာ ချင်းပြည်ကို ချင်းအမျိုးသားပြည်သူတွေရဲ့ အသက်၊ သမိုင်းနဲ့ အနာဂတ်တို့အတွက် ရင်းနှီးတည် ဆောက်ထားခြင်းဖြစ်လို့ အရွယ်ရောက်ပြည်သူတိုင်း ချင်းပြည်ကာကွယ်ရေးမှာ ပါဝင်ကြရမယ်လို့ ဖော်ပြထားပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဦးတည်လာတဲ့ စစ်ကောင်စီတပ်နဲ့တိုက်ပွဲတွေ တောက်လျှောက်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများအတွင်း အရာရှိ ၉ ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ကျော်ကို ရှင်းလင်းနိုင်ခဲ့ကြောင်း ချင်းပြည်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

၂၀၂၆ခုနှစ်ဟာ ပြည်သူ့အင်အားကို အဓိကထားပြီး တော်လှန်ရေးကို ပိုမိုမြန်ဆန်စွာ ရှေ့ဆက်တိုက်ပွဲဝင်သွားမယ့် နှစ်တနှစ်အဖြစ် ပုံဖော်ကြရမှာဖြစ်ကြောင်း ချင်းပြည်(Chinland)ကောင်စီဥက္ကဋ္ဌ ပူးဇင်ကျုံးက နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

သတင်း

​တော်လှန်​ရေးမဟာမိတ်ပူးပေါင်းတပ်​တွေနဲ့ စစ်တပ်အကြား နိုဝင်ဘာလအတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ဗိုလ်မှူးအဆင့်အရာရှိ အပါအဝင်တပ်ဖွဲ့ဝင် ၁၀၀ ခန့်ကို ချေမှုန်းနိုင်ခဲ့ကြောင်း ချင်းပြည်ကောင်စီ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့(နိုဝင်ဘာ ၁၈ရက်)မှာ ထုတ်ပြန်ပါတယ်။