Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းငလျင်ကြီး တစ်နှစ်ပြည့်ဖို့ ၂ရက်အလို မန္တလေးမှာ ၄.၂ အဆင့်ရှိ မြေငလျင်လှုပ်

စစ်ကိုင်းငလျင်ကြီး​ကြောင့်​​လမ်းမားရွေ့လျားသွားတာကို The Spirit of brotherhood mission က မှတ်တမ်းဓါတ်ပုံရိုက်ကူးထားမှု။ ဓါတ်ပုံ- TSBM

မတ် -၂၆၊ ၂၀၂၆။မေရီ၊ရှိန်း/People’s Spring

စစ်ကိုင်းငလျင်ကြီး တစ်နှစ်ပြည့်ဖို့ ၂ ရက်အလိုမှာ မန္တလေးမြို့အနီး အင်အား ၄.၂ အဆင့်ရှိတဲ့ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူမှုရေးရာအလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒီကနေ့ မတ်လ ၂၆ ရက် ည ၇နာရီ ၃၆ မိနစ်ခန့်က မန္တလေးမြို့မှာ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း မြို့ခံတွေက ပြောပါတယ်။ “သိသာတယ်။ အိမ်တွေပါ လှုပ်ခါသွားတယ်။ တစ်နှစ်ပြည့်တော့မှာမို့ သတိပေးနေတာလားတောင်မသိဘူး”လို့ မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“အသံကြီးနဲ့ အုန်းခနဲတချက် စောင့်ပြီး ခါရမ်း နေတာပဲ။သတိထား နေတဲ့ကြားက ဆင်းပြေးလာတာ။ဘာမှကို မမြင် တော့ဘူး။ဒီည ဘယ်လိုအိပ်ရမလဲမသိဘူး”လို့ မန္တလေးမြို့ခံ၊အမျိုးသမီးငယ်တဦး က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒီကနေ့ည လှုပ်ခတ်ခဲ့တဲ့ငလျင်ဟာ မန္တလေးမြို့အရှေ့-အရှေ့တောင်ဘက် ၃၀ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာခန့်ကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၄.၂ အဆင့်နဲ့ အင်အားအ

နည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့တာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ၊ လူမှုရေးရာအလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ငလျင်ဟာ ကြမ်းခဲ့တာကြောင့် ထူးခြားမှုရှိရင်သတင်းပို့ကြဖို့ မန္တလေးက မီးသတ်အရာရှိက သူ့ရဲ့လူမှုကွန်ရက်ကနေ သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးကြောင့် သေဆုံးသူ ၃၈၁၈ ဦး၊ ပျောက်ဆုံးသူ ၅ ဦးနဲ့ ဒဏ်ရာရရသူ ၅၁၀၄ ဦး ရှိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပေမဲ့ မြေပြင်မှာ အဲဒီပမာဏထက်များနိုင်ကြောင်း ကူညီကယ်ဆယ်ခဲ့သူတွေက ပြောပါတယ်။

စစ်ကောင်စီကငလျင်တနှစ်ပြည့်ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ်မန္တလေးမြို့မှာတီးဝိုင်း

(unplugged)တွေ၊စင်တင် တေးဂီတ ၊Show ပွဲနဲ့ KTV တွေကိုမတ်လ၂၆ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ရပ်နားခိုင်းထားတယ်လို့ စုံစမ်းသိရပါတယ်။

ဆက်စပ်သတင်းများ