Connect with us

Hi, what are you looking for?

သတင်း

ဆိုးလ်မြို့ဟိုတယ်မှာ စစ်တပ်လုပ်မယ့်ဂုဏ်ပြုညစာစားပွဲကို တောင်ကိုရီးယား​ရောက်​​နွေဦး​တော်လှန်​ရေးအင်အားစု​တွေနဲ့အရပ်ဖက်အဖွဲ့​တွေဆန္ဒပြ

မတ်လ-၂၆၊၂၀၂၆။People’s Spring

တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနွေဦးတော်လှန်ရေးအင်အားစုများ နဲ့ တောင်ကိုရီးယားအရပ်ဘက်အဖွဲ့အစည်းများက အာဏာသိမ်းစစ်တပ်က ကျင်းပဖို့စီစဉ်ထားတဲ့ ဆိုးလ်မြို့ရှိ Mondrian ဟိုတယ်ရှေ့မှာတပ်မတော်နေ့ဂုဏ်ပြုညစာစားပွဲကိုယ​နေ့ ဆန့်ကျင်ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

အဆိုပါ ဆန္ဒပြပွဲကို မတ်လ ၂၆ ရက် တောင်ကိုရီးယားစံတော်ချိန် ညနေ ၅နာရီမှ ည ၈ နာရီအချိန်ထိ ပြုလုပ်ခဲကြတာဖြစ်ပါတယ် ။

ဆန္ဒပြပွဲမှာနွေဦးတော်လှန်ရေးအင်အားစု​တွေနဲ့ တောင်ကိုရီးယားအရပ်ဘက်အဖွဲ့အစည်း​တွေကအယောက် ၄၀ကျော် ပါဝင်ခဲ့ကြပါတယ်။ ဆန္ဒထုတ်​ဖော်သူ​တွေက အပြစ်မဲ့ပြည်သူ​တွေကို နေ့စဉ်သတ်ဖြတ်​နေတဲ့ စစ်တပ်ရဲ့ လုပ်ရပ်​တွေကို ရှုတ်ချတဲ့ ပိုစတာ​တွေ၊ ဗီနိုင်း​တွေကို ကိုင်ဆောင်ပြီး​တော့ ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ် ။

Public Service Announcement

Public Service Announcement

ဆန္ဒပြပွဲအတွင်း အဓိကအချက် ၃ ချက်ကိုလည်း ထုတ်ပြန်ကြေညာခဲ့ပါတယ် ။

မတ်လ ၂၇ ရက်နေ့ဟာ မူလက ဖက်ဆစ်တော်လှန်ရေးနေ့ဖြစ်ပြီး စစ်တပ်က တပ်မတော်နေ့အဖြစ် အမည်ပြောင်းလဲပြီး​တော့ ပြည်သူ​တွေကို ပြန်လည်နှိပ်ကွပ်ရန် အသုံးချနေခြင်းအပေါ် ဖက်ဆစ်နယ်ချဲ့တော်လှန်ရေး သမိုင်းတခုလုံးနဲ့ ပြည်သူလူထုတရပ်လုံးကို စော်ကားတဲ့လုပ်ရပ် အဖြစ် သတ်မှတ်ပြီး အပြင်းအထန် ဆန့်ကျင်ကန့်ကွက် ရှုတ်ချကြောင်း ​​ဖော်ပြပါတယ် ။

ဒါအပြင် ပြည်သူလူထုကို အကာအကွယ်ပေးရမယ့်စစ်တပ်က အကာအကွယ်မပေးတဲ့အပြင် လေကြောင်းတိုက်ခိုက်မှု​တွေနဲ့ အစုလိုက်အပြုံလိုက် ပြည်သူ​တွေကို သတ်ဖြတ်နေတဲ့ အတွက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဦးဆောင်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းကို ‘အကြမ်းဖက်အဖွဲ့’ အဖြစ်သာ သတ်မှတ်ကြောင်းလည်း​ဖော်ပြပါတယ် ။

တတိယ​မြောက်အချက်က​တော့နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်တပ်ထံ လက်နက်နဲ့ လေယာဉ်ဆီ ရောင်းချနေမှု​တွေကို ချက်ချင်းရပ်တန့်ရန် နဲ့ စစ်ရာဇဝတ်ကောင်များကို ICC မှာ အမြန်ဆုံး အရေးယူပေးရန် စတဲ့အချက်များကို အလေးအနက် တောင်းဆိုခဲကြပါတယ် ။

ဒီ​နေ့ဆန္ဒပြပွဲသို့ ကိုရီးယားရောက် မြန်မာနိုင်ငံသားများသာမက မြန်မာ့ဒီမိုကရေစီအရေးကို ဝန်းရံနေကြသည့် ကိုရီးယားအရပ်ဘက်အဖွဲ့အစည်း​တွေကလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ မနက်ဖြန်မတ်လ ၂၇ ရက် (သောကြာနေ့)မွန်းလွဲ ၁ နာရီမှာလည်း မြန်မာစစ်သံရုံး ရှေ့မှာသတင်းစာရှင်းလင်းပွဲနဲ့ စစ်အုပ်စုအ​ပေါ်ကန့်ကွက်မှုများဆက်လက် ပြုလုပ်သွားမယ်လို့သိရပါတယ် ။

ဆက်စပ်သတင်းများ