Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲဖြစ်နေတဲ့ ကသာမှာ ပြည်သူထောင်ဂဏန်း ပိတ်မိနေ

စစ်ကိုင်းတိုင်းအထက်ပိုင်းကသာမြို့မှာစစ်ကောင်စီတပ်နဲ့ ကချင်လွတ် လပ်ရေးတပ်မတော်(KIA) ၊ PDF တပ်တွေကြားတိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်က မြို့အဝင်အထွက်ပိတ်ဆို့ထားတဲ့ အတွက် ဒေသခံထောင်နဲ့ချီပမြို့အတွင်းမှာ ပိတ်မိနေဆဲလို့ စစ်ရှောင်လာသူ အမျိုးသမီးတစ်ဦးဆီကသိရပါတယ်။

မဟာလေးထပ်ဘုန်းကြီးကျောင်း မတ်လ ၂၀ ရက် ဗုံးကြဲခံရပြီးနောက်တွေ့ရပုံ

မတ် – ၂၇ ၊၂၀၂၆ ၊ ဆိုင်းမင်း/People’s Spring

စစ်ကိုင်းတိုင်းအထက်ပိုင်းကသာမြို့မှာစစ်ကောင်စီတပ်နဲ့ ကချင်လွတ် လပ်ရေးတပ်မတော်(KIA) ၊ PDF တပ်တွေကြားတိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်က မြို့အဝင်အထွက်ပိတ်ဆို့ထားတဲ့ အတွက် ဒေသခံထောင်နဲ့ချီပမြို့အတွင်းမှာ ပိတ်မိနေဆဲလို့ စစ်ရှောင်လာသူ အမျိုးသမီးတစ်ဦးဆီကသိရပါတယ်။

ကသာမြို့အနီးတဝိုက်မှာတိုက်ပွဲတွေ ဖြစ်ချိန်ကတည်းက မြို့ပေါ် ဆီ လာရောက်တိမ်းရှောင်ထားကြသူတွေလည်းရှိနေတာကြောင့် လက်ရှိ ခန့်မှန်းခြေ လူ ခြောက်ထောင်နီးပါးပိတ်မိနေတာလို့ အဲဒီအမျိုးသမီးက ဆိုပါတယ်။

ကသာမှာ မြို့စောင့်တပ်ဖြစ်တဲ့ အမှတ် ( ၃၀၉) ခြေမြန်တပ်ရင်း နားမှာ ပြီးခဲ့တဲ့ ရက်ပိုင်း မတ်လ ၁၉ ရက်က စတင်ပြီးတိုက်ပွဲဖြစ်တာပါ။

Public Service Announcement

Public Service Announcement

တိုက်ပွဲ မှာ စစ်ကောင်စီတပ်က လေကြောင်းကိုပါသုံးပြီးတိုက်ခိုက်လာသလို မတ်လ ၁၉ ရက်နောက်ပိုင်းမှာလည်း နေ့စဉ်နီးပါး ဗုံးကြဲတာတွေရှိနေပါတယ်။

မြို့တွင်းရပ်ကွက်တွေထဲလည်းလက်နက်ကြီးကျတာတွေကြောင့် နေအိမ်မီးလောင်တာတွေရှိနေတယ်လို့ ကသာကနေ စစ်ရှောင်လာတဲ့ အမျိုးသမီးကဆိုပါတယ်။

လတ်တလောမှာ ဧရာဝတီမြစ်ကမ်းဘေးရှိ ပန်းပဲကုန်းနဲ့ သဖန်းကိုင်းရပ်ကွက်တွေမှာလေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေအိမ်တချို့မီးလောင်ပျက်ဆီးတာတွေရှိသလို အကျဉ်းဦးစီးဌာန အနီးမှာလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲတာတွေရှိနေတယ်လို့ သိရပါတယ်။

ကသာမြို့ကို စစ်တပ်က ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတဲ့အတွက် မြို့တွင်းက ထိခိုက်ပျက်ဆီးမှုအခြေအနေတွေကိုတော့ အသေးစိပ်မသိရသေးပါဘူး။

ကသာမြို့ပေါ်မှာ စစ်ရှောင်တွေ ခိုလှုံနေတဲ့ မဟာလေးထပ် ဘုန်းကြီး ကျောင်းကို မတ်လ၂၀ရက်က စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သံဃာ တော်တွေ အပါအဝင် စစ်ဘေးရှောင်နေတဲ့ ကလေးငယ်တွေ ၊အမျိုးသမီးတွေအပါအဝင် အများအပြားသေဆုံးခဲ့ပါတယ်။

မတ်လ ၂၂ ရက်ညနေပိုင်းကစပြီး စစ်ရှောင်တချို့ မြို့အပြင်ကို ထွက်ခဲ့နိုင်တာရှိပေမယ့် ပိတ်မိနေတဲ့ပြည်သူတွေလည်းရှိနေသလို တိုက်ပွဲတွေကြောင့် သွားလာရေးခက်ခဲနေတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။