Connect with us

Hi, what are you looking for?

သတင်း

ထိုင်းမှာ သက်ငယ်မုဒိန်းမှုကျူးလွန်ပြီး မြန်မာဘက် ထွက်ပြေးလာသူကို ထိုင်းနဲ့ တော်လှန်ရေးတပ်တွေ ချိတ်ဆက်ဖမ်းဆီး

ထိုင်းနိုင်ငံမှာ သက်ငယ်မုဒိန်းမှုကျူးလွန်ပြီး မြန်မာနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့အမျိုးသားကို ထိုင်းနဲ့ တော်လှန်ရေးတပ်တွေ ချိတ်ဆက်ပူးပေါင်းမှုနဲ့ ဖမ်းဆီးနိုင်ခဲ့ပါတယ်။

‌မတ်-၃၁၊ ၂၀၂၆။ ဇော်ရမ်း/People’s Spring

ထိုင်းနိုင်ငံမှာ သက်ငယ်မုဒိန်းမှုကျူးလွန်ပြီး မြန်မာနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့အမျိုးသားကို ထိုင်းနဲ့ တော်လှန်ရေးတပ်တွေ ချိတ်ဆက်ပူးပေါင်းမှုနဲ့ ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ထိုင်းနိုင်ငံ၊ ဖက်ဘူရီခရိုင်မှာ နေထိုင်တဲ့ အသက် ၃၇နှစ်အရွယ် စောကဲလဲဆိုသူအမျိုးသားက သက်ငယ်မုဒိန်းမှုကျူးလွန်ပြီး မြန်မာနိုင်ငံသို့ ထွက်ပြေးသွားတာကို ထိုင်းအာဏာပိုင်တွေက သတင်းပေးပို့ အကူညီတောင်းခံချက်အရ ရှာဖွေဖမ်းဆီးခဲ့တာလို့ တနင်္သာရီတိုင်းစစ်ဌာနပြန်ကြားရေးက ဒီနေ့ မတ်လ ၃၁ရက်မှာသတင်းထုတ်ပြန်ပါတယ်။

စောကဲလဲဟာ ၂၀၂၅ ခုနှစ်၊ ဇွန်လခန့်မှာ သက်ငယ်မုဒိန်းမှုကျူးလွန်ပြီး မြန်မာနိုင်ငံဘက်ကို ထွက်ပြေးသွားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ(၂၇)ရက်နေ့မှာ တနင်္သာရီတိုင်းစစ်ဌာန ထောက်လှမ်း

Public Service Announcement

Public Service Announcement

ရေးအရာရှိ၊ နည်းဗျူဟာ(၃၅)ထောက်လှမ်းရေးအဖွဲ့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၂)/(၃) ထောက်လှမ်းရေးတာဝန်ခံတွေနဲ့ KNLA တပ်ရင်း(၁၁)၊ မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့က တင်္နသာရီမြို့နယ်အတွင်းမှာ ဖမ်းဆီးနိုင်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

မတ်လ(၂၈)ရက်မှာ‌‌တော့ စောကဲလဲနဲ့ သက်သေခံပစ္စည်းတွေကို ထိုင်းမြန်မာနယ်စပ်ကတဆင့် ထိုင်းအာဏာပိုင်တွေထံ ပြန်လွှဲပေးခဲ့ပါတယ်။ ပြန်လွှဲပေးတဲ့အစီအစဉ်ကို တနင်္သာရီတိုင်းစစ်ဌာနကွပ်ကဲရေးမှူး ရဲ‌ဘော်စတား၊အမှတ်(၃၅)နည်းဗျူဟာမှူး ရဲဘော်ကျော်ထင်အောင်၊ ကရင်အမျိုးသားအစည်းအရုံး KNU မြို့နယ်ရဲမှူးတို့က ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။

တနင်္သာရီတိုင်းဟာ စစ်အာဏာရှင်ကို တော်လှန်ဆန့်ကျင်ရေးအားကောင်းတဲ့ဒေသဖြစ်ပါတယ်။ မြေပြင်တိုက်ပွဲတွေနဲ့ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေရှိနေသလို ထိုင်း-မြန်မာနယ်စပ် ဒေသတချို့ကိုလည်း တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားပါတယ်။

ဓာတ်ပုံ – တနင်္သာရီတိုင်းစစ်ဌာန

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။