Connect with us

Hi, what are you looking for?

သတင်း

ဗန်းမောက်မြောက်ခြမ်းမှာ တိုက်ပွဲပြင်းထန်၊ စစ်တပ်အထိနာဟု တော်လှန်ရေးရဲဘော် ပြော

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မြောက်ဘက် ခြမ်းကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော် လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

(ဗန်းမောက်မြို့ဒေသတွင် တိုက်ပွဲဝင်နေသော တော်လှန်ရေးရဲဘော်များ။ ဓာတ်ပုံ − CJ)

ဧပြီ-၃၊၂၀၂၆။ဇော်ဝင်း/People’s Spring

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မြောက်ဘက် ခြမ်းကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော် လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

လွန်ခဲ့တဲ့ ၂လခန့်က ဗန်းမောက်မြို့ကို စစ်တပ်နဲ့ရှမ်းနီတပ်(SNA)ထိန်းချုပ်ပြီးနောက် မြို့ရဲ့မြောက်ဘက်ခြမ်းမှာရှိတဲ့ ညောင်ခြေထောက် ကျေးရွာကို ဦးတည်ပြီး ထိုးစစ်ဆင်လာတယ်လို့ ဆိုပါတယ်။

” ၁ရက်နေ့က စဖြစ်တယ်။အထိနာပြီး လေယာဥ် ပစ်ကူနဲ့ ပြန်ဆုတ်သွားတယ်”လို့ ဗန်းမောက် မြို့နယ်ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း တော်လှန်ရေးတပ်တွေက ခဲယမ်း၊ကျည်တွေ သိမ်းဆည်းရရှိခဲ့ပြီး ထိုးစစ်ဆင်လာတဲ့ စစ်တပ်ဟာ သေဆုံးထိခိုက်သူတွေရှိပေမယ့် အရေအတွက် အတိအကျ မသိရသေးဘူးလို့လည်း ပြောပါတယ်။

“အဓိကက စစ်ရေးဦးတည်ချက်တစ်ခုရှိနိုင်တယ်။ညောခြေထောက်ကိုတိုးလာတာ။ ခုလည်းလုပ်တော့လုပ်နေတယ်။ ဘယ်နေရာထပ်ထွက်လာမလဲစောင့်ကြည့်နေတယ်”လို့ ဗန်းမောက်မြို့နယ် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

တော်လှန်ရေးတပ်တွေက ဗန်းမောက်မြို့ကို ၅လဝန်းကျင်ကြာ ထိန်းချုပ်နိုင်ခဲ့ပေမယ့် စစ်တပ်နဲ့ ရှမ်းနီပြည်သူ့စစ်(SNA)ရဲ့ ထိုးစစ်ကြောင့် အခုနှစ် ဖေဖော်ဝါရီ ၈ရက်မှာ မြို့ပေါ်ကနေ နောက်ဆုတ်ပေးခဲ့ရပါတယ်။

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ် က ဗန်းမောက်မြို့ကို အမှတ်(၁)စစ်ဒေသကွပ်ကဲမှုနဲ့ တော်လှန်ရေးတပ်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၅ စက်တင်ဘာ ၂၀ရက်မှာ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

လက်ရှိ ဗန်းမောက်မြို့က ဗျူဟာကုန်း၊ အောင်သာကုန်းရွာစခန်းကုန်း၊ လွှစင်ကုန်းဘုန်း ကြီးကျောင်း၊ ဗန်းမောက်မြို့မ စာသင်ကျောင်း၊ ဗန်းမောက်မြို့ရဲစခန်း၊ မြနန္ဒာဘုန်းကြီးကျောင်း၊ နယ်စပ်ဒေသနဲ့တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းကျောင်း (နတလ)တွေမှာ စစ်တပ်နဲ့ ရှမ်းနီတပ်တွေ တပ်စွဲထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook