Connect with us

Hi, what are you looking for?

သတင်း

စေတုတ္တရာမြို့မရဲစခန်းအနီးက စစ်တပ်ဂိတ်စခန်းကို တော်လှန်ရေးတပ် တိုက်ခိုက်

မကွေးတိုင်း၊ စေတုတ္တရာမြို့မရဲစခန်းအနီးက စစ်တပ်ဂိတ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ မြေလတ်လွတ်မြောက်ရေးတပ်တော်(CLLA)က ထုတ်ပြန်ပါတယ်။

(မြေလတ်လွတ်မြောက်ရေးတပ်တော်(CLLA)က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ − CLLA)

ဧပြီ−၃၊ ၂၀၂၆။မိုမို/People’s Spring

မကွေးတိုင်း၊ စေတုတ္တရာမြို့မရဲစခန်းအနီးက စစ်တပ်ဂိတ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ မြေလတ်လွတ်မြောက်ရေးတပ်တော်(CLLA)က ထုတ်ပြန်ပါတယ်။

ဧပြီ ၁ ရက် ညပိုင်းက တိုက်ခိုက်ခဲ့တဲ့ အဲဒီဂိတ်စခန်းမှာ စစ်သားနဲ့ ပျူစောထီး ၁၅ ဦးခန့် ရှိပြီး စေတုတ္တရာမြို့နဲ့ ငဖဲမြို့ကို ဆက်သွယ်ထားတဲ့ လမ်းမကြီးပေါ် မှာ တည်ရှိတာလို့ ဆိုပါတယ်။

“ဒီဂိတ်က နေ ပေါ်တာဆွဲတာ ငွေညှစ်တာတွေ အများဆုံး လုပ်တယ်လို့ ပြည်သူတွေက ပြောပါတယ် ။ပြည်သူတွေရဲ့ သတင်းပေးချက်အရ ကျနော်တို့ မြေလတ်လွတ်မြောက်ရေးတပ်တော်မှ ဝင်ရောက်ပစ်ခတ်တိုက်ခဲ့ ခြင်းဖြစ်ပါတယ်”လို့ CLLA တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုမှာ စစ်တပ်က သုံးဦးသေပြီး ငါးဦးဒဏ်ရာရတယ်လို့ ဆိုပါတယ်။ဒါပေမယ့် လူထုနွေဦးက သီးခြား အတည်မပြုနိုင်သေးပါဘူး။

“အဲ့အဖွဲ့ ဖွဲ့စည်းတာ ရှစ်လလောက်တော့ ရှိပြီ။သင်တန်းနဲ့ နည်းပညာကိုက CB Chin Brother အဖွဲ့က ရယူရတာ”လို့ မကွေးတိုင်းစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စေတုတ္တရာအပါအဝင် မြေလတ်ဒေသအဖြစ် အသိများတဲ့ မကွေးတိုင်းအတွင်း မြို့နယ်တွေက စစ်တပ်အရင်းအမြစ်တွေကို ဖြတ်တောက်နိုင်ဖို့ရည်ရွယ်တယ်လို့ CLLA တာဝန်ရှိသူက ပြောပါတယ်။

စေတုတ္တရာမြို့နယ်မှာ လေကြောင်းရန်ကာကွယ်ရေးလက်နက်တွေထုတ်တဲ့(ကပစ−၂၀)စက်ရုံအခြေစိုက်ထားပါတယ်။ဒါ့အပြင် စစ်တပ်နဲ့ ပျူစောထီး အင်အား ၄၀၀ ဝန်းကျင်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က စစ်ဖက်ဆိုင်ရာအဖြစ် အသုံးပြုနေတဲ့ ရှေးဟောင်းမြို့တော်ပုဂံ၊ညောင်ဦးမြို့က လေဆိပ်ကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ထားပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ တပ်ချိန်းဖို့ ထွက်လာတဲ့ စစ်တပ်ကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က စစ်တပ်ရဲ့ ကာဘိုးကျေးရွာတပ်စခန်းအနီး တိုက်ပွဲအတွင်း စစ်တပ် ထိခိုက်သေဆုံးမှုရှိပြီး လက်နက်၂လက် သိမ်းရခဲ့တယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။